Tuesday 23 April 2013

ကမ္ဘာကျော် တေးသံရှင် မိုက်ကယ်လန်းနဲ့ ကြော်ငြာ တွဲရိုက်ခဲ့တဲ့ မော်ဒယ် အမရာငြိမ်းရဲ့ အနုပညာ အခွင့်အလမ်း ပုံရိပ်


ကမ္ဘာကျော် တေးသံရှင် မိုက်ကယ်လန်း မြန်မာနိုင်ငံမှာ လာရောက် ဖျော်ဖြေခဲ့ပြီး နောက်မှာတော့ ငပလီက Amazing ဟိုတယ်ကြော်ငြာ ကို မြန်မာနိုင်ငံက မော်ဒယ် တစ်ဦးနဲ့ တွဲပြီး ဓာတ်ပုံ ကြော်ငြာ ရိုက်ကူးဖြစ်ခဲ့ပါ တယ်။ အခုလို ကမ္ဘာကျော် တေးသံရှင် မိုက်ကယ်လန်း နဲ့တွဲပြီး ရိုက်ကူးခွင့်  ရရှိခဲ့သူကတော့ မော်ဒယ် အမရာ ငြိမ်းပဲဖြစ်ပါတယ်။ ဒီကြော်ငြာကို  မိုက်ကယ်လန်း မိသားစု၊ ဓာတ်ပုံ ဆရာ မိုးမင်း(Rays) အဖွဲ့နဲ့ အတူ ငပလီမှာ သွားရောက် ရိုက်ကူး ခဲ့ပါတယ်။ ဒီကြော်ငြာကို လက်ခံ ရိုက်ကူးဖြစ်ခဲ့ပုံ ကိုမေးတော့ “ဟိုတယ်နဲ့ ဆရာ မိုးမင်းတို့က ကမ်းလှမ်းလို့ ရိုက်ဖြစ်တာပါ။ ငပလီ က Amazing ဟိုတယ်အတွက် ဓာတ်ပုံ ရိုက်ခဲ့တာပါ။ ဧပြီ ၅ ရက်နေ့ မနက်မှာ ရန်ကုန်က Flight နဲ့ထွက်ပါတယ်။ ဧပြီ ၆ရက် နေ့မှာ မနက်ပိုင်း တစ်ခါ ရိုက်တယ်။ ညပိုင်းတစ်ခါ ရိုက်တယ်။ မိုက်ကယ်လန်း နဲ့ အခုလို တွဲရိုက်ခွင့် ရတဲ့ အတွက် ဝမ်းသာပါတယ်” လို့ ပြောပါတယ်။ မိုက်ကယ်လန်း နဲ့ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ အမရာငြိမ်းက ၂ဝ၁၂ ဇူလိုင်မှာ Stars & Models Agency မှ ဂျွန်လွင်ဆီမှာ မော်ဒယ် သင်တန်း တက်ခဲ့ပြီး ၂ဝ၁၂ နိုဝင်ဘာမှာ Idea မဂ္ဂဇင်းမျက်နှာဖုံး ရိုက်ကူးကာ အနုပညာ လောကထဲကို စတင် ဝင်ရောက် ဖြစ်ခဲ့ပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေ အတွက် ဓာတ်ပုံ ရိုက်ကူးဖြစ်ခဲ့ပြီး ကြော်ငြာ နှစ်ခုလည်း ရိုက်ကူးထားကြောင်း သိရပါတယ်။ အမရာငြိမ်းနဲ့ မိုက် ကယ်လန်း တို့အတူ ကြော်ငြာ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံများကို ဂျာနယ်တစ်ခုမှာ မှားယွင်းစွာ ဖော်ပြခဲ့ပါတယ်။ “ဒီကိစ္စ အတွက်
တော် တော် စိတ်မကောင်းဖြစ် ရပါတယ်။ ညီမ အတွက် တော်တော် ကြီးမားတဲ့ အခွင့်အရေး လို့ယူဆထား ရာကနေ မမျှော်လင့်ဘဲ ဒီလိုအခြေ အနေဖြစ် သွားတယ် ဆိုတာ အံ့လည်း အံ့သြပါတယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်ပါတယ်။ ညီမက အဲဒီလို မိန်းကလေး တစ်ယောက် လည်း မဟုတ်ပါဘူး။ ခရီး သွားတုန်း ကလည်း အမေရော၊ ညီမလေးရော လိုက်ပြီး စောင့်ရှောက်ခဲ့တာပါ။ ကိုယ့်ဘက်က ဒီလောက် အနေအထိုင် ဆင်ခြင်ခဲ့တဲ့ ကြားက ဒီလိုဖြစ်သွားတဲ့ အတွက် တော်တော်တော့ စိတ်မကောင်း ဖြစ်ရပါတယ်” လို့ ဖြေ ကြား ခဲ့တဲ့ မော်ဒယ် အမရာငြိမ်းက ဒီကိစ္စနဲ့ ပတ်သက်လို့ Notice စာထုတ်မှာဖြစ်ပြီး သတင်းစာမှာ ထည့်သွင်း ကြော်ငြာမှာ ဖြစ်ပေမယ့် သတင်းစာ ရှင်းလင်းပွဲတော့ လုပ်ဖြစ်မှာ မဟုတ်ကြောင်း ကိုလည်း ဧပြီလ ၁၁ ရက် နေ့က အသိပေး ပြောကြားခဲ့ပါတယ်။
သင်္ကြန်အပြီး ဧပြီ ၂ဝ ရက်နေ့ မှာ မော်ဒယ် အမရာငြိမ်းကို ထပ်မံ ဆက်သွယ် မေးမြန်းတဲ့အခါ သူမရဲ့ ဓာတ်ပုံများကို Myanmar News Week ဂျာနယ်မှာ မှားယွင်းစွာ ဖော်ပြခဲ့တဲ့ အတွက် မော်ဒယ် အမရာငြိမ်း ကို တောင်းပန်ကြောင်း Myanmar News Week  ဂျာနယ်မှာ ၅ ပတ် ဆက်တိုက် ထည့်ပေးဖို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုနဲ့ အတူပြေလည်သွားခဲ့ပြီ ဖြစ်ကြောင်း ပြောကြားပါတယ်။ မော်ဒယ် အမရာငြိမ်း အနေနဲ့ သင်္ကြန် တွင်းမှာ ကန်တော်ကြီး ပတ်လမ်းက Underground မဏ္ဍပ်မှာ သူငယ်ချင်းတွေ နဲ့အတူ ဖြတ်သန်းခဲ့ကြောင်း၊ ဒီနှစ် သင်္ကြန်က အရင်နှစ်တွေလောက် မစည်ကားပေမယ့် ပျော်ခဲ့ရကြောင်း၊ သင်္ကြန် ဆိုရင် အပြင် မထွက်ရ မနေ နိုင်တဲ့ မော်ဒယ် အမရာငြိမ်းက နှစ်တိုင်း သင်္ကြန် ရောက်ပြီဆိုရင် သူငယ်ချင်းတွေနဲ့ လည်ရင်လည်၊ မလည်ရင်တော့ မဏ္ဍပ်ထိုင်ဖြစ်ကြောင်း ပြော ပါတယ်။


ခိုင်ဝေလွင်


 popular myanmar.comမှ သိသမျ ။


No comments:

Post a Comment