Friday 26 April 2013

ကုန်းပေါ်၊ ရေပေါ်၊ ရေအောက်သွား ပြိုင်ကား


ဂျိန်းစဘွန်းရုပ်ရှင်တွေမှာတင် မဟုတ်ပဲ တကယ့်အပြင်မှာလည်း ရှိတယ် ဆိုတာကို Squba အမည်ရ ဂျာမနီကားကုမ္မဏီက လွန်ခဲ့တဲ့ ၃ နှစ် ဝန်းကျင်လောက်ကတည်း ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။
ကုန်းပေါ်၊ ရေပေါ်၊ ရေအောက် သုံးမျိုးလုံး သွားလာနိုင်မယ့် ကား ဖြစ်ပါတယ်။ တစ်နာရီ  ကီလိုမီတာ ၁၀၀ ကျော်လောက်နဲ့ ကုန်းပေါ်မှာ သွားပြီး ရေပေါ်မှာ ၆ ကီလိုမီတာ၊ ရေအောက်မှာ ၃ ကီလိုမီတာ သွားပါတယ်။
လောင်စာဆီလုံးဝမသုံးတဲ့ လျှပ်စစ်ကားလည်း ဖြစ် ပါတယ်။ နောက် ထပ် ထူးခြားချက်က လူမောင်းစရာ မလိုပဲ သူ့ပါသူ အလို အလျောက် မောင်းနှင်နိုင်ခြင်း ဖြစ်ပါတယ်။ ဂြိုလ်တုနဲ့ တိုက်ရိုက် ချိတ်ဆက်လို့ သူ့ပါသူ အလိုအလျောက်မောင်းနှင်၊ ရှောင် တိမ်း နိုင် ပါတယ်။ ရေအောက် သွားဖို့ အတွက် အနေနဲ့ လူကို ထောက် ပံ့ပေး တာက အောက်ဆီဂျင် အိုးပါ။ အမိုးကာပေးထားခြင်း မရှိပါဘူး။ ဒါကြောင့် လိုက်ပါစီးနင်းသူက ကြိမ်းသေ ရေစိုရမှာပါ။ ရေအောက် ၁၀ မီတာ အနက်လောက် ကတော့ အေးအေးဆေးဆေး ခရီးနှင်နိုင် မယ့်
ကားလို့ ဆိုပါတယ်။
ကာလတန်ဖိုးက အမေရိကန်ဒေါ်လာ တစ်သန်း နီးပါးရှိပြီး ကမ္ဘာ့ ထိပ်တန်း သူဌေးအချို့ ကို ကမ်းခြေ အပန်းဖြေသွားတဲ့အခါ စီးဖို့ရာ ရောင်းချထားပေးကြောင်း သိရပါတယ်။


ရိုးရာလေး  မှ သိသမျှ ။



No comments:

Post a Comment