မသက်ခိုင်က ဟာသနှင့်ဒရာမာဇာတ်ကား နှစ်ကားယှဉ်လာလျှင် ဒရာမာကို ပိုဦးစားပေးရိုက်ကူးမည်ဖြစ်ကြောင်း ပြောသည်။”အမုန်းမီးတောက် ဒရာမာဇာတ်ကားလေးက ကိုယ်တိုင်ကလည်း ဇာတ်လမ်းကိုကြိုက်တယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း များ တယ်။ ဒီလိုမျိုးရိုက်ရတယ်ဆိုတာကလည်း ရှားတယ်။
ပြီးတော့ ဒရာမာ စစ်စစ်ကိုရိုက်ရတဲ့အတွက် ကိုယ်တိုင်လည်း သဘောကျတယ်။ ဒီဇာတ်ကားထဲမှာက ကိုယ့်အတွက် ပညာတွေလည်း အများကြီးရတယ်။ ဒီဇာတ်ကားကို အဓိကရွေးချယ်ဖြစ်တာကလည်း ကိုယ့်ရဲ့ဇာတ်ရုပ် ကောင်းတယ်မကောင်းဘူး၊ နည်းတယ်၊ မနည်းဘူးဆိုတာထက် တခြား သူတွေဆီက ပညာလည်းရချင်လို့ ရိုက်ဖြစ်တာ။ ဒီကားမရိုက်ခင် တခြားဇာတ်ကားကြီးနဲ့ တိုက်နေခဲ့တာကို
ဒီဇာတ်ကားကိုပဲ
ရွေးချယ် ဖြစ်ခဲ့တာပါ။ ရိုက်နိုင်တဲ့အင်အား ရှိတယ်လို့လည်း
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မိတယ်”ဟု မေသက်ခိုင်က ဆိုသည်။ယခုလောလောဆယ်တွင်
မေသက်ခိုင်က ဒါရိုက်တာကျော်ဇ ရိုက်ကူးသည့် ‘အမုန်းမီးတောက်’
ရုပ်ရှင်ဇာတ်ကားကြီးတွင် ရဲအောင်၊ ခန့်စည်သူ၊ ဟိန်းဝေယံ၊ စွမ်း၊ မင်းရာဇာ၊
စွမ်းရည်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ ချိုပြုံး၊ မေသန်းနု၊ စိုးမြတ်သူဇာ၊
မြတ်ကေသီအောင်၊ စိုးပြည့်သဇင်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားသည်။
လွင်လွင်ထွန်း
popular myanmar.com မှ သိသမျှ ။
No comments:
Post a Comment