Monday 8 April 2013

သင်္ကြန်ကို မနွှဲရတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ မေဆွိ


ဧပြီလ ၇ရက်နေ့ အမျိုးသားက ဇာတ်ရုံမှာ ကျင်းပမယ့် ဖျော်ဖြေပွဲမှာ ဟေမာနေဝင်း ၊ ထွန်းအိန္ဒြာဗို၊ အမျိုးသား တေးသံရှင် တစ်ဦးတို့နဲ့ အတူ ပါဝင်ဖျော်ဖြေမယ့် မေဆွိက ဒီပွဲလေးက ပရိသတ်တွေ အားရနှစ် ခြိုက်ပြီး ကြည့်ချင်တဲ့ အဆိုတော်တွေကို ပြည့်ပြည့်ဝဝ ခံစားကာ ပြန်သွား နိုင်မယ့်ပွဲတစ်ပွဲ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဒီပွဲ နဲ့ ပတ်သက်ပြီး မေဆွိက" အရင်လုပ်ခဲ့တဲ့ ပွဲတွေတုန်းက ကျွန်မအပိုင်း အနေနဲ့က ကိုယ်လုပ် နိုင်သလောက် ကိုယ့်သီချင်းကို ပိုင်ပိုင်နိုင်နိုင် ဆိုတာမျိုး၊ ကိုယ့်ရဲ့ပါဖောမန့် တွေကို မလျော့အောင် စဉ်းစားပြီး လုပ်ခဲ့တာပါ။ ဒီတစ်ခေါက် ပွဲက ကိုယ့်ညီမတွေ လိုလည်း ဖြစ်နေတယ်။ ဟေမာဆိုရင်လည်း ဟိုးအရင် ကတည်းက ရင်းနှီးပြီးသား၊ အန်ကယ်ကော လိပ်ဂျင် နေဝင်း ဆိုတာလည်း အမေနဲ့ရုပ်ရှင် ရိုက်ဖက်ဆို တော့ အနုပညာ ညီအစ်မတွေ ပဲပေါ့။မခိုင်က ကျတော့လည်း သူတအား နာမည်ကြီးတဲ့ အချိန်မှာ ကျွန်မရန်ကုန်မှာ မရှိပေမယ့် သူ့သီချင်းတွေနဲ့ အမြဲတမ်း ထိတွေ့နေတယ်။ အမြဲတမ်း ကြားနေတယ်။
သူတအား နာမည်ကြီးတဲ့ မိုင်ပေါင်း ကုဋေသီချင်းတွေကို လည်းကျွန်မဟိုမှာ ပြန်ဆိုဖြစ်တယ်။ ဒီတစ်ခေါက် ပုံစံလေး တစ်မျိုးနဲ့ စီစဉ်လိုက်တဲ့အခါ မှာ ရွေးလိုက်တဲ့ လူတွေကို သဘောကျတယ်။ သီချင်းတွေ လည်း ရွေးရတာ အဆင်ပြေတယ်။ကျွန်မတို့ သီချင်းတွေ ထဲမှာနာမည်ကြီးတဲ့ သီချင်းတွေကို ပုံစံလေးတွေ မတူဘဲဆိုတာ တွေကို ပရိသတ်တွေခံ စားရမှာပါ"လို့ ပြောပါတယ်။ မေဆွိက ဒီနှစ်သင်္ကြန်ကို မန္တလေး ALpine မဏ္ဍပ်မှာ
ဖြတ်သန်းမှာ ဖြစ်ပါတယ်။ မြန်မာ ပြည်သင်္ကြန် မကြုံ ဖြစ်တာ ၁၅ နှစ်လောက်ရှိပြီး ပထမဆုံး အကြိမ်မြန်မာ သင်္ကြန်ပြန်ကျ တာဖြစ်ကြောင်း မေဆွိက ပြော ပါတယ်။
 "ပရိသတ်ကို Open Show သဘောမျိုး သီချင်း မဆိုတာကြာပြီ။ အဲဒါလေး တစ်ခုကို နည်းနည်းလေး အလေ့အထ ဖြစ်အောင် ကိုယ့်ဘက် ကလည်း ကြိုတင် ပြင်ဆင် ရမယ်။ ပရိသတ်ကို ဘယ်လို တင်ဆက်ရမလဲ ဆိုတာ စဉ်းစားရ မယ်။ကိုယ့်မြန်မာ့ ယဉ်ကျေးမှု ရိုးရာမပျက်အောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာလည်း ခေါင်းထဲမှာရှိတယ်။ ပူတဲ့ ဒဏ်ကိုလည်း ခံရမယ်ဆို တာတွက်ထားပြီး သားပါ။ ကိုယ့်အနုပညာ မောင်နှမတွေနဲ့ ပျော်ပျော် ပါးပါး ဆိုဖြစ်မှာပါ"လို့ သင်္ကြန်နဲ့ ပတ်သက်ပြီး ပြောပါတယ်။  



popular news journal မှ သိသမျှ ။

No comments:

Post a Comment