Monday 8 April 2013

ရန်ကုန်သင်္ကြန်မဏ္ဍပ်တည်ဆောက်ရန် လျှောက်ထားသူ ၁၀၀ ကျော်တွင် ၃၅ ခုသာ စိစစ်ခွင့်ပြု


ရန်ကုန်သင်္ကြန်  မဏ္ဍပ်ဆောက်လုပ်ရန်   လျှောက်ထားသူ  ၁၀၀ ကျော်ရှိသည့်အနက် ၃၅ ခုကိုသာ စိစစ်ခွင့်ပြုခဲ့ပြီး လျှောက်လွှာများကို
ဆက်လက်လက်ခံစိစစ်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
လာရောက်လျှောက်ထားကြသည့် ကန်တော်ကြီးပတ်လမ်းမှ မဏ္ဍပ် ၈၅ ခုအနက် ၁၇ ခု၊ ကမ္ဘာ အေးဘုရားလမ်းမှ မဏ္ဍပ် ၂၀ ခု
ကျော်တွင် ၁၀ ခု နှင့် ဆရာစံလမ်း တွင် တစ်ခု၊ ပြည်လမ်းတွင် နှစ်ခု၊ ပါရမီလမ်းတွင် သုံးခုနှင့် ဘုရင့်နောင်လမ်းတွင်  နှစ်ခုရွေးချယ်ခွင့်ပြုခဲ့ကြောင်း
စည်ပင်သာယာ ရေးကော်မတီလမ်းနှင့်   တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။
“အများကြီးလာရောက် လျှောက်ထားကြပေမယ့် မြေပြင်နေရာအနေအထားအရ ဒီလောက်ပဲ ခွင့်ပြုပေးနိုင်တာပါ”ဟု ၎င်းက ပြောသည်။
ရွေးချယ်သည့်အခါ စိစစ်၍ မဲစနစ်ဖြင့် ရွေးချယ်ပေးပြီး  ထပ်မံ၍    လာရောက်လျှောက်ထားသည့်  စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲသောနေရာများကို
လက်ခံ၍    စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမဏ္ဍပ်များအတွက် ရေပေးဝေရာတွင် ကော်မတီပိုင် ရေပိုက်လိုင်းများမှ တစ်လက်မနှင့် တစ်လက်မခွဲပိုက်တို့ဖြင့် ဆက်သွယ်အသုံးပြုပါက ရေအသုံးပြုခ
အနေဖြင့် ကျပ်တစ်သိန်း၊ နှစ်လက်မပိုက်ဖြင့်   အသုံးပြုပါက ကျပ်တစ်သိန်းခွဲနှင့် အင်းလျား၊ ကန်တော်ကြီးတို့မှ
  တစ်လက်မပိုက်ဖြင့်   လိုင်းတစ်လိုင်းဆက်
သွယ်အသုံးပြုပါက ကျပ်သုံးသိန်းကောက်ခံသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှသိရသည်။
အာမခံစပေါ်ငွေပေးဆောင်ရာတွင် ပေ ၁၀၀ နှင့် အထက် မဏ္ဍပ်ကြီးများကို ယခင် ကျပ်သိန်း ၅၀ သတ်မှတ်ထားရာမှ ယခု ကျပ်၇၅ သိန်း၊ ၁၀၀ ပေနှင့် ၅၀ ပေ
ကြား မဏ္ဍပ်အလတ်များကို ယခင်ကျပ်သိန်း ၃၀ သတ်မှတ်ထားရာ ယခုကျပ် ၄၅ သိန်း တိုးမြှင့်ထားသည်။
ပေ ၅၀ အောက် မဏ္ဍပ် အသေးများကို ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုမှ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက စိစစ်၍ ခွင့်ပြုပေးခြင်းသာဖြစ်သည်။
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်များကို ကန်တော်ကြီးပတ် လမ်းတွင် ၁၅ ခု၊ ရန်ကင်းဆရာစံ ပန်းခြံရှေ့တွင် တစ်ခု၊ ကမ္ဘာအေး ဘုရားလမ်းတွင် ကိုးခု၊
ပြည်လမ်းတွင်  လေးခု၊   ဘုရင့်နောင်လမ်း တွင် ငါးခု၊ ကမ်းနားလမ်းတွင် နှစ်ခု၊ သုဝဏ္ဏအားကစားကွင်းအနီးတွင် တစ်ခု စုစုပေါင်း မဏ္ဍပ် ၃၇ ခု
ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

1 comment:

  1. ရပ်ဝေးမြေခြားသတိယများစွာ နှစ်သစ်မင်္ဂလာအတာသင်္ကြန်အားအွန်လိုင်းပေါ်မှာလွမ်းဖြေနှစ်သိမ့်  လာရောက်သွားပါတယ်ကိုဇော် ..
    အလင်းရောင်ကြယ်များ...

    ReplyDelete