Monday 8 April 2013

နေတိုးရဲ့ သင်္ကြန်အစီအစဉ်


နတိုးက ဗီဒီယို ၃ကား ရိုက်ကူးဖို့ ပြင်ဦးလွင်မြို့ကို ရောက်ရှိနေပါတယ်။ အဲဒီ ၃ကားမှာတော့ သရဲကား တစ်ကားပါဝင်ပြီး သရဲအဖြစ် သရုပ်ဆောင် ရတာ မဟုတ်ဘဲ သရဲ အခြောက်ခံရတဲ့ ပုံစံမျိုးလို့ ပြောပါတယ်။ နေတိုးက သရဲကား အရိုက်နည်းပြီး ရှေ့မှာ လေညင်းဆည်းဆာ ဆိုတဲ့ သရဲကားတစ်ကား ပဲရိုက်ဖြစ်ခဲ့ တယ် လို့ ပြော ပါတယ်။ နေတိုး၊ ကျော်ကျော်ဗို၊ အိချောပို တို့ ပါဝင်ထားတဲ့ သူခိုး တစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ဆိုတဲ့ကားက အထက်မြန်မာပြည်မှာ ပရိသတ် ကြိုက်တဲ့ ကားတစ် ကားဖြစ်ပါတယ်။ အဲဒီကား အကြောင်း မေးတော့ “အဲဒီဝတ္ထုထဲမှာ ကိုကြံက သခိုး နေရာက ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်ရမှာ။ ဒါပေမဲ့ ကျွန်တော်က သူခိုးပုံစံလုပ်ချင်တာ နဲ့ ကာရိုက်တာလည်း ကွဲပြားမှု ရှိတာကြောင့် သူခိုးလုပ်မယ် ဆိုပြီး ရွေးလိုက်တာပါ။ အဲဒီကားမှာ ကျွန်တော် ဝတ်တဲ့အင်္ကျီက ဇာတ်ရုပ် ပီပြင်အောင် အင်္ကျီကို အပေါက်လေးတွေ ကို ချွေးစားတဲ့ ပုံစံလုပ်ထားတာပါ။ မိတ်ကပ် ကိုလည်း အညို တွေသုံးပြီး ရုပ်ပြောင်းခဲ့တာပါ” လို့ နေတိုး ကပြောပါတယ်။ နေတိုးက နှစ်ဆန်း တစ် ရက်နေ့ မှာ ကျော်ကျော်ဗို နဲ့အတူ Digital Wave House ဖြစ်တဲ့ ACE ကုမ္ပဏီကို ဖွင့်လှစ် ဖို့ရှိပြီး အဲဒီကုမ္ပဏီ အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေကို အမေရိက ကနေ မှာယူတယ်လို့ သိရပါတယ်။ အဲဒီ ပစ္စည်းတွေက အမေရိကကနေ စင်ကာပူ အထိပဲ ပို့လို့ ရတာကြောင့် သင်္ကြန် အတွင်းမှာ
အဲဒီပစ္စည်းတွေ သွားယူဖို့ ကျော်ကျော်ဗို နဲ့ အတူ စင်ကာပူ သွားဖြစ်မလား မသိဘူးလို့ ပြောပြီး မသွားဖြစ်ရင်တော့ ထုံးစံ အတိုင်း အိမ်မှာပဲသင်္ကြန်တွင်း ရှိမယ်” လို့ ပြောပါခဲ့ပါတယ်။

နေကွန်းထင်


popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment