Monday 8 April 2013

တန်ခူးလနှင့် အတာ ရေသဘင် ပွဲတော်ရာသီ


တစ်ဆောင်းကြွေ၍ တစ်နွေ သစ်လေပြီ၊ ရှစ်ခွင် တိုင်း မှုန်မှိုင်း လို့ ပတ်လည် ဟူသော စာနှင့် အညီ ဝန်းကျင် တစ်ဝိုက် မြူမှုန် များက ရစ်သိုင်း ထားကြသည်။ နွေဦးမို့ လေရူးက ဆော်သွေး လာကာ ရွက်ခြောက် ကလေး များက
လေရူးနှင့် အတူ ရှပ်တိုက် ပြေးလွှား ကစားနေကြပြီး ဥသြငှက်ပျို တွန်သံကြားလျှင် သင်္ကြန် ရောက် တော့မည်ကို သင်္ကြန် ချစ်သူတိုင်း သိကြပါသည်။ တန်ခူးမည် မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန် မိုး ဟူသော စကားအတိုင်း ပူပြင်းသော နွေရာသီကို အန်တုပြီး မိုးသံလေသံ ပေးလာသော နှစ်သစ်ကို ကူးပြောင်းမည့် အထိမ်းအမှတ် ဖြစ်ပေသည်။ ရွက်ဟောင်းကြွေ ပြီး ရွက်သစ် ဝေချိန်တွင် သင်္ကြန်မိုး ရွာသွန်းလေသည်။ ထို ရွာသွန်းသော မိုးသည် လောက တစ်ခုလုံး စိမ်းစို လန်းဆန်းပြီး ကြည်လင် အေးမြမှုကို ပေးလေသည်။ မြန်မာမှု အတွက် အရေးပါသော ထန်းများကိုခူးသော လရာသီမှာ တန်ခူးလ ဖြစ်သည်ဟု ဆိုပေသည်။ တန်ခူးလသည် မြန်မာတို့၏ ဓလေ့နှင့် တိုက်ရိုက် တိုက်ဆိုင်သော လဖြစ်သည်။ ထိုလတွင် မြန်မာတို့သည် နှစ်သစ်ကူး ပွဲတော်ဖြစ်သော တာ သင်္ကြန်ပွဲကို ဆင်နွှဲ ကြပေသည်။ တာသင်္ကြန် ဟူသည်မှာ ကူးပြောင်း ခြင်းဟု အဓိပ္ပာယ်ကို ဆောင်ပေသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းရာ တွင် မြန်မာ တို့ သည် ကောင်း မွန်ပြီး အဓိပ္ပာယ် ပြည့်စုံသော ပျော်ရွှင်မှုများကို ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲ၊ ကပွဲနှင့် ရေသဘင် ပွဲများကို ဆင်နွှဲ ကြပေသည်။ ရှေးမြန်မာ မင်းများ လက်ထက်က ဆိုလျှင် နှစ်သစ်ကူး ရေသဘင် ပွဲတော်ကို သိမ်မွေ့ ယဉ်ကျေးစွာ ဆင်နွှဲ ခဲ့ကြသည်။ သပြေခက်ဖြင့် အောင်အတိတ် အောင်နိမိတ်ကို ဆောင်လျက် နံ့သာရည် များဖြင့် သွန်းလောင်းခြင်း အမှုကို ပြု လုပ် ကြပေသည်။ မိဘများထံတွင် ခွင့်ပန် လျက် ရေသဘင်ပွဲ ဆင်နွှဲ ပျော်ရွှင်ကြသော မောင်မယ်တို့၏ ပျော်ပွဲသည် ကြည်နူးဖွယ်
အတိ ဖြစ်ပေသည်။ မြန်မာတို့၏ ရေပက် ကစားခြင်းသည် သာကီဝင် မင်းမျိုးတို့၏ ဓလေ့မှ ကူးစက် လာသည်ဟု ဆိုသည်။ ထိုမှ  တကောင်းခေတ်၊ ပုဂံခေတ်တို့မှ စ၍ ယနေ့တိုင်  ရေပက်ကစားခြင်း၊ ရေသဘင် ပွဲတော်ကို ထူးခြားစွာဖြင့် မြန်မာတို့ လက် ဆင့်ကမ်း သယ်ဆောင်လာေ သာ နှစ်သစ် ကူး ပွဲတော်ဖြစ်သည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန် ဝယ် နှစ်ဟောင်းမှ အညစ်အကြေး များကို ဆေးကြော သန့်စင်သည့် အနေဖြင့် မြန်မာ တို့သည် ရေပက် ကစားကြသည်။ နှစ်သစ်ကို စိတ်သစ်၊ လူသစ်၊ အားမာန်သစ်ဖြင့် ကြိုဆိုလိုက်ခြင်း ဖြစ်ပြီး တစ်ဖန်ရေသည် အေးမြခြင်း၊ ကြည်လင်ခြင်း တို့ကြောင့် ကောင်းသောအတိတ်၊ နိမိတ် တို့ကိုလည်း ဆောင်ပေ သည်။ နှစ်ေ ဟာင်းမှ နှစ်သစ်သို့ ကူးပြောင်းသော သင်္ကြန် ကာလတွင် ရှေးမြန်မာ ဘုရင်များသည် နှစ်သစ် ကန်တော့ပွဲများ၊ ခေါင်းဆေး မင်္ဂလာပွဲများ ပြုလုပ်ကြ သလို ပြည်သူလူထု ကလည်း  သက်ကြီး ရွယ်အိုများ ကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်း ညှပ်ပေးခြင်းများ ပြုလုပ်ကြပြီး ကောင်းမြတ်သော အစဉ် အလာ ဓလေ့ကို ထိန်းသိမ်း ခဲ့ကြလေသည်။ တန်ခူးလ ရာသီ ရေသဘင် ပွဲတော်တွင် ထူးခြားချက် တစ်ခုမှာ အရပ် လေးမျက်နှာမှ လာသော ပြည်သူ အပေါင်းတို့အား ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံး ရေပေါ်များကို စတုဒိသာ ကျွေးမွေးခြင်း ဓလေ့ပင် ဖြစ်ပေသည်။ ထိုစတုဒိသာ ကျွေးမွေးခြင်းသည် အယုတ်၊ အလတ်၊ အမြတ်မရွေး ကျွေးမွေးခြင်း ဖြစ်သောကြောင့် ခွဲခြားမှုမရှိ၊ သာတူညီမျှမှု ရှိသော မြန်မာ စိတ်ဓာတ် ကို ပြရာ ရောက်ပေသည်။ တစ်ဖန် တန်ခူးလ၏ မြန်မာ နှစ်ဆန်း တစ်ရက်နေ့တွင်လည်း ငှက်များ၊ ငါးများ၊ သတ္တဝါ အပေါင်းတို့အား ဇီဝိတဒါန ဘေးမဲ့ လွှတ်ပွဲများကိုလည်း ပြုလုပ်ပြီး ကုသိုလ် ယူကြလေသည်။ တန်ခူးလသည် အတာကူးသည့် လတန်ခူးဟု အသိ အမှတ်ပြုပြီး တာဝတိံသာမှ သိကြားမင်းသည် လူ့ပြည်သို့ ဆင်းသက်လာပြီး ကောင်းမှုပြုသူနှင့် မကောင်းမှုပြုသူ များကို မှတ်တမ်း တင်သည်ဟု အယုံ အကြည် ရှိကြပြီး ရေသဘင်ပွဲ ဆင်နွှဲကြသလို ဥပုသ်သီလ စောင့်ခြင်း၊ တရား ဘာဝနာ အားထုတ်ခြင်း များကို ပြုလုပ်ကြလေသည်။ ထိုကဲ့သို့ ရှေးမြန်မာ မင်းများ အဆက်ဆက် နှစ်သစ်ကူး ပွဲတော်ကို ယဉ်ကျေး သိမ်မွေ့စွာဖြင့် ဆင်နွှဲခဲ့သော  မြန်မာ သင်္ကြန်သည်  ယခု အခါတွင် အပျော် လွန်ကြူးသူ အချို့ကြောင့် အကျည်းတန် အရုပ်ဆိုးသော သင်္ကြန်ပွဲတော် မဖြစ်စေလိုပါ။ အရက်ေ သစာ အလွန်အကျွံ သောက်စားပြီး မူးယစ် ရမ်းကားလာကာ ရေသဘင်ပွဲ ဆင်နွှဲသည့် အခါတွင် ရေအားပြင်းသော မီးသတ်ပိုက်ဖြင့် ထိုးပက် သော ဓလေ့သို့ ရောက်ရှိ ခဲ့လေသည်။ ထို့ပြင် ဝတ်စား ဆင်ယင် မှုတွင်လည်း အရှက်တရား၊ အကြောက် တရား ကင်းပြီး သင်္ကြန် ပွဲတော်တွင် ဝတ်ချင်ရာဝတ်၊ နေချင်သလိုနေပြီး မူးချင်တိုင်း မူးကာ မြန် မာပြည်၏ အလှကို ဖျက်ဆီး နေကြေ ပသည်။ အကွဲအပြဲ စကပ်များကို ဝတ်ဆင် နေရုံမျှမက တစ်ထွာလောက် ရှိသော ဘောင်းဘီကိုပင် ဝတ်ဆင်လာသော ယခုမျက်မှောက် ကာလတွင် ရှေးမြန် မာမင်းများ အဆက်ဆက်က ယဉ်ကျေး သိမ်မွေ့စွာဖြင့် ကျင်းပခဲ့သော မြန်မာ သင်္ကြန်ပွဲတော်အား အရုပ်ဆိုး အကျည်းတန် မဖြစ်အောင် ထိန်းသိမ်းဖို့ အသိပေး နှိုးဆော် လိုပါသည်။ အချုပ်အားဖြင့် ဆိုပါလျှင် ရွက်ေ ဟာင်းများ ကြွေပြီး ရွက်သစ် ဝေကာ ပိတောက်ပန်း၊ ငုဝါပန်းတို့ဖြင့် ဝင်းဝါ လှပနေသော တန်ခူးလ သင်္ကြန်ပွဲတော်သည် စည်သံ၊ ဗြောသံ၊ အမျှဝေသံ၊ သာဓုခေါ်သံ တို့ဖြင့် ပဲ့တင် ထပ်နေသော ပွဲတော်ဖြစ်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေ အနှစ်များ ဖော်ထုတ်ပြသော ပွဲလည်း ဖြစ်သောကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်တွင် မြန်မာအလှ၊ မြန်မာ ယဉ်ကျေးမှုကို ပြသပြီး ကမ္ဘာ ကပင် လေးစားရသော မြန်မာ့ရိုးရာ သင်္ကြန် ပွဲတော်အား ယဉ်ကျေး ပျော်ရွှင်စွာ ဆင်နွှဲကြပါရန် ရေးသား တင်ပြလိုက်ရ ပါသည်။    ။


မြ၀တီ မှ သိသမျှ ။


No comments:

Post a Comment