Friday 19 April 2013

နေလောင် အသားအရေ အတွက် ကာကွယ်စရာ


အသားအရေ ပျက်စီးစေတဲ့ အချိန်တွေထဲမှာ သင်္ကြန်ပြီးကာ လဟာ အသားအရေ  အပျက်စီးဆုံး ကာလ တစ်ခုပဲ ဖြစ်ပါတယ်။ ဒီကာ လအတွင်းမှာ လူပေါင်းများစွာဟာ နေ၊ ရေကြောင့် အသားအရေ ပျက်စီးရ တတ်ပါတယ်။ နေ၊ ရေကြောင့် ပျက်စီးရတဲ့ အသားအရေဟာ အ ရက်သေစာ အလွန်အကျွံ သောက်စားခြင်း၊ အစားအသောက် မမှန် ခြင်းတို့ကြောင့်လည်း ပိုပြီး ပျက်စီး နိုင်ပါသေးတယ်။ နေလောင် ဒဏ် အပြင် အရေပြား တွန့်ခြင်း၊ အစက် အပြောက်များ ပေါ်လာခြင်းတို့ပါ ဆ ထက်ထမ်းပိုး ဖြစ်ပွားလာနိုင်ပါ သေးတယ်။

အသားအရေအတွက် အကျိုးပြုသော ဗီတာမင်များ

ဗီတာမင်စီဟာ နေလောင် အသားအရေအတွက် အများကြီး ကုသပေးနိုင်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ကြောင့် ပျက်စီးတဲ့ အပေါ်ယံလွှာက ဆဲလ် တွေကို တစ်ဖန်ပြန်ပြီး ကုစားပေးနိုင် ပါတယ်။ ဗီတာမင် အီး ဟာလည်း နေလောင် အရေပြားကို ကုသပေးနိုင် စွမ်းရှိပါသေးတယ်။ ဗီတာမင် အီး ဟာ ဗီတာမင် စီ လို အစွမ်းရှိရုံ အပြင် နေလောင်တာကို ရေရှည် ခံထားရတဲ့ အရေပြားတွေကို ကောင်းစွာ ကုသ ပေးနိုင်စွမ်းရှိပြီး အရေပြား တွန့်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။ ဗီတာမင် အေ ဟာလည်း အရေပြား အားဆေး တစ်မျိုး ဖြစ်ပါတယ် အသားအရေ ကြမ်းတမ်းခြင်း အတွက် နူးညံ့ ချောမွေ့ ညီညာလာအောင် ကူညီပေးပါတယ်။ နေလောင် ဒဏ်ကိုလည်း ကုစားပေးနိုင်ပါသေး တယ်။ ဗီတာမင် စီ၊ အီး၊ အေတို့ဟာ နေလောင်ဒဏ်အပြင် ၀က်ခြံကို လည်း ကာကွယ်ပေးနိုင်ပါသေး တယ်။ ဇင့်ဓာတ်ကိုလည်း ခန္ခာကိုယ် အတွက် လုံလောက် မျှတအောင် မှီဝဲထားသင့်ပါတယ်။ (မုန်လာဥ၊ ခရမ်းချဉ်သီး၊ ကျောက်ဖရုံသီး)

နေလောင်ဒဏ် အပြင်းဆုံး အချိန်

အိုကာလာဟိုးမာ တက္ကသိုလ်က လေ့လာချက်အရ မနက်(၁၀) နာရီ နဲ့ ညနေ (၄) နာရီကြားအချိန်ဟာ နေပူ အပြင်းဆုံး အချိန်ပဲဖြစ်ပါတယ်။ သင်္ကြန်ကာလမှာ ပျော်မြူးကြမယ့် မောင်မယ်များအတွက် SPF 15
ပါတဲ့ နေလောင်ကာ ခရမ်ကို နှစ်နာရီကြား တစ်ခါ လိမ်းပေးသင့်ပါ တယ်။

အသားအရေ အတွက် ရှောင်စရာ အစားအသောက်များ

ဆီကြော်အစား အသောက် များ၊ အငန်ပါသော အစား အသောက်များ၊ အချိုဓာတ်များ သော အစားအသောက်များကို ရှောင်ပေးပါ။ ကဖင်းဓာတ် များသော အစားအသောက်တွေကိုလည်း ရှောင်ပေးသင့်ပါတယ်။ ဆေးဆိုးထားတဲ့ အစား အသောက်တွေကိုလည်း ရှောင်ပေးပါ။
အသားအရေ အတွက် ကောင်းကျိုးပြုစေတဲ့ အစား အသောက်တွေကတော့ ငါး၊ သစ် သီးဝလံ၊ ဟင်းသီး ဟင်းရွက်နဲ့ အစိမ်း ရောင်ရှိတဲ့ အရွက်များများ ဟင်း ရွက်တွေကို စားသုံးပေးသင့်ပါတယ်။

အသားအရေ ဖြူလာစေဖို့

အသားအရေ ပျက်စီးခြင်း အတွက် ကုစားပေးမယ့် အလှကုန်တွေ ဈေး ကွက်ထဲမှာ အများကြီး ရှိပါတယ်။ အဲဒီ့ထဲမှာမှ Tretinoin နဲ့ Tazarotene ပါတဲ့ခရင်မ်တွေဟာ နေလောင်ဒဏ်ကို အထူးကုသ ပေးနိုင်စွမ်းရှိတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ၀က်ခြံကိုလည်း ကုသ ပေးနိုင်ပါတယ်။
Retin-A ပါဝင်တဲ့ အလှ ကုန်တွေဟာလည်း ၀က်ခြံ၊ အသားအရေ ပျက်စီးခြင်းနဲ့ အရေပြား တွန့် ခြင်းတို့ကို ကာကွယ် ကုသပေးနိုင်ပါ တယ်။ အသားအရေ မျက်နှာပြင် ကြမ်းနေတာကိုလည်း ချောမွေ့ နူးညံ့ လာအောင် ကုစားပေးနိုင်ပါတယ်။
နေလောင်ထားတဲ့ အသားအရေကို ပြန်ဖြူလာစေဖို့ အတွက် သဘာဝ သစ်သီး သစ်ဖုတွေနဲ့ ကုစားပေးလို့ ရပါတယ်။ နို့မှုန့် တစ်ဇွန်း (စားပွဲတင် ဇွန်း) ရယ်၊ ပျားရည် (စားပွဲတင်ဇွန်း) ရယ်၊ သံပရာရည် တစ်ဇွန်းရယ်၊ ဗာဒံစေ့အဆီ ဇွန်းဝက်ခန့်ရယ် ရောစပ်ပြီး မျက်နှာကို လိမ်းပေးပါ။ ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်ခန့်ကြာ အောင်အခြောက်ခံပေးပါ။ ပြီးမှ ရေနဲ့ မျက်နှာကို သစ်ပေးပါ။ နေ့စဉ် ပုံမှန် လုပ်ပေးပါ။ အသားအရေ ပြန်ဖြူလာပါလိမ့်မယ်။
ခရမ်းချဉ်သီးကို ကြိတ်ပြီး ရလာတဲ့ အရည်အနှစ်နဲ့ သံပရာရည် နှစ်စက်သုံးစက်ခန့်ကို ရောပြီး မျက်နှာပေါ်မှာလိမ်းကျံပါ။ မိနစ်၂၀ ခန့်ကြာအောင် အခြောက်ခံပြီးမှ ရေနဲ့ ပြန်သစ်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လုပ်ပေးပြီး ဆယ့်ငါးရက် ကနေရက်၂၀အထိ လုပ်ပေးရပါ မယ်။

မေ၀ဿာန်

8DYE JOURNAL မှ သိသမျှ ။

No comments:

Post a Comment