Thursday, 18 April 2013

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာတွင် အကူအညီပေးရန် ကိုရီးယားမင်းသား ဂျူမုံ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာမည်


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာတွင် အကူအညီပေးရန်အတွက် ကိုရီးယားနာမည်ကြီး မင်းသား(ဆောင်အီဂွတ်)ဂျူမုံ မြန်မာနိုင်ငံသို့ဒုတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးမှူး ဦးဇော်သက်ထွေးက ပြည်မြန်မာဂျာနယ်သို့ ၈-၄-၂၀၁၃ရက်တွင် ပြောကြားသည်။''ဂျူမုံနဲ့ ဂျူမုံဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာတို့က အမေစုရဲ့ခြံထဲမှာ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့တွေနဲ့တွေ့မှာပါ။ ဗိုလ်ချုပ်ဇာတ်ကား ရိုက်ကူးတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လိုကူညီနိုင်မယ်ဆိုတာကို လာလေ့လာတာပါ။ ကျွန်တော်တို့က သီးသန့်ဖိတ်ကြားတာ မဟုတ်ဘဲနဲ့ အလည်လာရင်းနဲ့ လာမှာပါ''ဟု ၎င်းကပြောကြားသည်။ ဂျူမုံနှင့် ဒါရိုက်တာတို့သည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့နှင့် ဧပြီလ၂၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ခြံတွင် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယားမင်းသား
ဂျူမုံသည်၂၀၁၀ခုနှစ်တွင် မြန်မာနိုင်ငံ၌ကျင်းပသည့် ကိုရီးယားရုပ်ရှင်ပွဲတော်သို့ ပထမအကြိမ်လာရောက်ခြင်း ဖြစ်ကြောင်းသိရသည်။ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့သည်ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည် ဇာတ်ရုပ်သရုပ်ဆောင်များကို မေလတွင် စခန်းသွင်းလေ့ကျင့်ပေးရန် ရှိကြောင်းသိရသည်။

No comments:

Post a Comment