Sunday, 21 April 2013

သမ္မတကြီးက မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ

                                                                   ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်      
သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်း 
ကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက်စာမျက်နှာမှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။ 



 ၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့တွင် ပြည်တွင်း ပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်သူများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူး ဥပကာရ အထူး တင်ရှိပါတယ်။ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

 အခုလို သမ္မတကို အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တချို့က ဆုမွန်ကောင်းတွေ တောင်းဆိုတာ ရှိ ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဆုမွန်တောင်းမှုလို့လည်း သုံးသပ်သူတွေက ဆိုပါ တယ်။ အလားတူ သမ္မတကလည်း သူ့ကို မွေးနေ့ဆုတောင်းပေးတဲ့သူတွေကို အခုလို ကျေးဇူးတင်စကား တုံ့ပြန် တာကို တရားဝင် အသိပေးတာကလည်း ပထမဆုံး ဖြစ်နေတာပါ။ သမ္မတ တာဝန်ယူလာပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ လူချစ်လူခင်ပေါများလာခဲ့တာပါ။ 

အိမ့်သံစဉ် ~
 
ဧရာဝတီ ဘလော့ဂ် မှ သိသမျှ ။
 

No comments:

Post a Comment