Sunday 21 April 2013

တရုတ်အမျိုးသမီး ရုပ်သံသတင်းထောက်တစ်ဦး မင်္ဂလာဆောင်မှ ထပြေးကာ ငလျင်သတင်းလိုက်

 
တရုတ်အမျိုးသမီး ရုပ်မြင်သံကြား သတင်းထောက်တစ်ဦးသည် ၄င်းကိုယ်တိုင် သတို့သမီးအဖြစ် မင်္ဂလာဆောင်နေစဉ် ယမန်နေ့က ငလျင်လှူပ်ရှားမှူနှင့် တိုက်ဆိုင်သော်လည်း သတို့သားကို ခန်းမထဲတွင်ထားပြီး မင်္ဂလာဆောင်ရာမှ ထပြေးကာ ငလျင်သတင်းလိုက်ခဲ့ကြောင်း အေပီသတင်းဌာနက ဖေါ်ပြသည်။
သတင်းထောက် ချင်ယင်းသည် စီချွမ်ပြည်နယ် အခြေစိုက် ရုပ်မြင်သံကြားဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။ ၇ ရစ်ခ်ျတာစကေးပြင်းအားရှိသော မြေငလျင်လှူပ်ရှားသည်နှင့် တပြိုင်နက် ပရိသက်ကို အချိန်နှင့်တပြေးညီ သတင်းပေးနိုင်ရန်အတွက် ၄င်းအနေဖြင့် ဆက်လက်မစောင့်ဆိုင်းဘဲ သတို့သမီးဝတ်စုံ ၀တ်လျက်နှင့်ပင် ငလျင်သတင်းလိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားသည်။ သတင်းအပေါ်ထားရှိသော ၄င်း၏သဘောထားနှင့် ပရိသက်အတွက် ၄င်း၏စေတနာကြီးမားပုံကို နိုင်ငံတကာ မီဒီယာအသိုက်အ၀န်းက ချီးကျူးခဲ့ကြကြောင်း သိရသည်။ 
 
 (၂၂-၄-၁၃)နေ့ထုတ် မန္တလေးသတင်းစာ မှ သိသမျှ ။
 
 

No comments:

Post a Comment