Sunday 21 April 2013

အော်ပရာ ပြဇာတ်ကဖို့ စီစဉ်နေတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)


ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်တဲ့ “နှင်းဆီ ခရီးသည်” အငြိမ့်ကို ပြည်သူ့ ရင်ပြင်မှာ ဖျော်ဖြေခဲ့ပြီး အဲဒီအခွေ ကိုလည်း ဖြန့်ချိမယ်လို့ ပြောပြပါ တယ်။ “အဲဒီပွဲကို ခိုးကူးခွေ ထွက် နေတယ်။ မိနစ် ၄ဝစာ အခွေ ပါ။ ဒါပေမဲ့ တကယ် ကခဲ့တာက  ၄နာရီခွဲ စာရှိတယ်။ တကယ်ကြည့်မယ့် ပရိသတ်က အဲဒီ အခွေထွက်လာရင် အမှန်အကန် အားပေးစေချင်တယ်။ အခုက မှုန်မှုန်ဝါးဝါးနဲ့ အသံကလည်း ဝါးတိုးဝါးတားနဲ့ ကြား ရတယ်။ တကယ် ကွာလတီ ကောင်းတဲ့ အခွေမကြာခင် ထွက်လာပါတော့မယ်။ ဆင်ဆာ ကျပြီ ဆိုရင် ဖြန့်တော့မှာပါ” လို့ ပြောပြပါပြီး “နှင်းဆီ ခရီးသည်” အဖွဲ့တွေက မေလ ၂၅ ရက်နေမှာ စင်ကာပူ ကို ဖျော်ဖြေရေး သွားဖို့ ရှိတယ်လို့ ပြောပြပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရုပ်ရှင်ကားကြီး ၃ ကား ရိုက်ကူးဖို့ ရှိသလို အော်ပရာ ပြဇာတ်ကြီး တစ်ခု ကချင်ကြောင်းကိုလည်း “အော်ပရာ ပြဇာတ်ကြီး တစ်ခုက ချင်တယ်။ တကယ့်ပြဇာတ် အစစ်ကြီး မျိုး
ကချင်တယ်။ ဘယ်သူတွေနဲ့ဆိုတာတော့ မရွေးရသေးဘူး။ နောက်တစ်ခု က အော်ပရာ ဆိုတာ အချိန်ပေးနိုင်ဖို့ လိုအပ်တယ်။ အဲဒါ ဦးမျိုး လန်ဒန် ကပြန်လာက တည်းက လုပ်ချင်နေတာ။ လန်ဒန်မှာက အဲဒီ အော်ပရာတွေ ကြည့်ခဲ့ရတယ်။ ဦးမျိုးအားတဲ့ အချိန်လုပ်မှာပါ။။ ဒီမှာကတော့ အများကြီး လုပ်ရဦးမှာပါ” လို့ပြောပြခဲ့ပါတယ်။

မေမွန်မောင်


popular myanmar.com မှ သိသမျှ ။


No comments:

Post a Comment