Sunday 28 April 2013

ကိုယ့်အလုပ်ကို ပျော်ရွှင်အောင် နေတတ်တယ် ဆိုတဲ့ တင်မိုးလွင်


အဓိကကတော့ အခုချိန်မှာပေါ့ ကျွန်မတို့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ ကိုယ့်ဘဝကို ကိုယ်ကျေနပ်တယ်။ ကိုယ့်အလုပ်ကို ကိုယ်ကျေနပ်တယ်။ ပျော်ရွှင်အောင် နေတတ်တဲ့ အတွက် သူများတွေ ထက်လည်း ပျော်ရွှင်မှုကို ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်း အတွင်းမှာ မပျော်ရွှင်ရဆုံး၊ စိတ်အပင်ပန်း ရဆုံးက ပြည်တွင်းစစ် တွေပါပဲ။ အဲဒီပြည်တွင်း စစ်တွေ အမြန်ဆုံး ချုပ်ငြိမ်းစေ ချင်ပါတယ်။ သေးသေးလေးဖြစ်နေတဲ့ စစ်တွေက အကြီးကြီးဖြစ်လာ တယ်။ ရပ်တော့မလို ဖြစ်ပြီးတော့ ရှည်ကြာ လာတယ်။ လူတွေသေ ကြေပျက်စီးရတဲ့ အရေအတွက် တွေပိုများလာတယ်။ နောက်ပြီးတော့ အမှုအခင်း၊ အရေးအခင်းနဲ့ သူ့လက်ညှိုးထိုး၊ ကိုယ့်လက်ညှိုးထိုးနဲ့ အရမ်းလည်း ရှုပ်ထွေးလာတယ်။ အဲဒီကိစ္စတွေက ကျွန်မတို့လည်း လိုက်မမီဘူး။ ကျွန်မတို့လည်း မတတ်သာဘူး။
ဒါပေမဲ့ စိတ်ထဲမှာ ရှိတာက ကျွန်မတို့နိုင်ငံကို
ငြိမ်းချမ်း စေချင်တယ်။ ဒါက ကျွန်မရဲ့ ဆန္ဒပါ။ တစ်ထောင့်တစ်နေရာက လုပ်ပိုင်ခွင့် ရစေဦးတော့ နိုင်ငံရေးကိုတော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အမျိုးသားရေးကိုပဲ လုပ်ဖြစ်မှာပါ။ နိုင်ငံသား တစ်ယောက် အနေနဲ့ နိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တဲ့ အမျိုး သားရေး ပေါ့နော်။ အမျိုးသားရေးရဲ့ စိတ်ဓာတ်လေး အတိုင်းပဲ အမျိုးသားရေးပဲ လုပ်ဖြစ်မှာပေါ့။ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းကနေပြီးတော့ ကူညီရမယ့် အရာ၊ ဖြည့်ဆည်း ရမယ့်အရာ၊ ဦးဆောင်ရမယ့် အရာရှိ ခဲ့ရင် အမျိုးသားရေး နေရာကပဲ ကူညီဖြည့်ဆည်း ဦးဆောင် ပေးသွားမှာပါ။ 


8DAY JOURNAL မှ သိသမျှ ။

No comments:

Post a Comment