Monday 29 April 2013

အောင်မြင်မှု နိယာမ


တစ်ခါတုန်းကအောင်မြင်မှုရဲ့ လျှို့ ဝှက်ချက်ကို ရှာဖွေချင်တဲ့လူငယ်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူဟာ တောင်ပေါ်မှာနေတဲ့ ပညာရှိကြီးတစ်ယောက်ဆီကိုသွားတယ်။ ပညာရှိကြီးရဲ့တဲကိုရောက်တော့ သူက ပညာရှိကြီးခင်ဗျား ဘ၀အောင်မြင်မှုရဲ့ လျှို့ ဝှက်ချက်ကိုကျွန်တော့်ကို ပြောပြပေးပါ လို့ တောင်းဆိုတယ်။ ပညာရှိကြီးက ခဏတိတ်ဆိတ်သွားပြီးမှသူ့ ကို အနားမှာရှိတဲ့ မြစ်တစ်မြစ်ဆီကို ခေါ်သွားတယ်။

သူတို့ နှစ်ယောက်ဟာ လူငယ်လေးရဲ့ခေါင်းရေထဲကိုမြှပ်တဲ့အထိ မြစ်ထဲကိုဆင်းလျှောက်သွားတယ်။ လူငယ်လေးက သူ့ ရဲ့ ခေါင်းကိုရေပေါ်ပြန်ဖော်နိုင်အောင် ကြိုးစားရုန်းကန်နေရတယ်။ ဒါပေမယ့် ပညာရှိကြီးက သူ့ ကို မကူညီတာကိုကြည့်ပြီး သူအရမ်းအံ့သြသွားတယ်။ သူ့ ကို မကယ်တဲ့ အပြင်ကို ပညာ၇ှိကြီးက သူ့ ခေါင်းကိုရေထဲကို ထပ်နှစ်လိုက်တယ်။ ခဏကြာတော့မှ ပညာရှိကြီးက လူငယ်လေးကို ရေထဲကနေဆွဲထုတ်လိုက်ပြီးသူတို့ နှစ်ယောက်ဟာ ပညာရှိကြီးရဲ့ တဲဆီကို ပြန်လျှောက်လာတယ်။ ပညာရှိကြီးက လူငယ်လေးကိုသူ့ ခေါင်းရေထဲကို နှစ်မြှပ်နေတဲ့အချိန်မှာ ဘာကို အတောင့်တဆုံးလဲလို့ မေးလိုက်တယ်။လူငယ်လေးကလည်း မဆိုင်းမတွပဲနဲ့  ကျွန်တော် အသက်ရှုချင်တာပေါ့ဗျ၊ ခင်ဗျားရူးနေလားဆိုပြီးတော့ပြန်ပြောလိုက်တယ်။

အဲဒီတော့ ပညာရှိကြီးကအဲဒါပဲသား၊ မင်းဟာ အသက်ရှုချင်သလိုမျိုးသာ အောင်မြင်မှုကို တောင့်တမယ်ဆိုရင်၊ အောင်မြင်မှုရဲ့သော့ချက်အမှန်ကို

မင်းသိလာမှာပါလို့ ပြောလိုက်တယ်။

အောင်မြင်မှုရဲ နိယာမ
အောင်မြင်မှုဆိုတာ ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။သင့်ဆီမှာ တကယ်ကို ခိုင်လုံတဲ့ အကြောင်းပြချက်သာရှိမယ်ဆိုရင်၊ သင်မလုပ်နိုင်တာ ဘာမှမရှိပါဘူး။တစ်ခုခုကို လုပ်ဖို့ အတွက် အကြောင်းပြချက်ရှိလာပြီဆိုရင် တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ကို ကျွန်မတို့ နည်းလမ်းရှာကြမှာပါ။ သာမာန် ဆန္ဒရှိရုံနဲ့ တော့ ဘာမှဖြစ်လာနိုင်မှာမဟုတ်ပါဘူး။တကယ်ကို ပြင်းပြတဲ့ဆန္ဒသာလျှင် စွဲလမ်းမှုဖြစ်လာနိုင်ပြီးတော့၊ အဲဒီစွမ်းလမ်းမှုကပဲ သင်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်သွားနိုင်အောင် စွမ်းအားတွေကို ယူဆောင်လာပေးမှာပဲဖြစ်ပါတယ်။


Success Principles ဆိုတဲ့ပုံပြင်လေးကို ပြန်ဆိုထားတာပါ။
 
 စနိုး 

myawady news facebook မှ သိသမျှ ။






No comments:

Post a Comment