Monday 29 April 2013

မိနစ် ၂၀ စာပဲ


ကုမ္ပဏီ အလုပ်အမှုဆောင်တစ်ဦးဟာ အရေးကြီးတဲ့အခမ်းအနားမှာ မိန့်ခွန်း ပြောဖို့ ဖိတ်ကြားခံရ
တာကြောင့် သူ့လက်အောက်ဝန်ထမ်းတစ်ဦးကို မိနစ် ၂၀ စာ မိန့်ခွန်းကောင်းကောင်းတစ်ခုရေးပေး
ဖို့ ခိုင်းလိုက်ပါတယ်။
ဒါပေမဲ့ အမှုဆောင်ဟာ အခမ်းအနားကနေ ဒေါသအကြီးအကျယ်ထွက်ပြီး ပြန်ရောက်လာပါတယ်။
"မင်း .. ငါ့ကို ဘယ်လိုကြောင့် တစ်နာရီလောက်ကြာတဲ့ မိန့်ခွန်းရေးပေးရတာလဲ။ ငါ ..စကားပြော
လို့ မပြီးခင်မှာဘဲ ပရိသတ်တစ်ဝက်လောက်က အခန်းထဲကနေ ထွက်သွားကြတယ်"လို့လည်း
သူ့ဝန်ထမ်းကို လေသံမာမာနဲ့ မေးခွန်း ထုတ်လိုက်ပါတယ်။
လက်အောက်ဝန်ထမ်းဟာ တစ်ခဏလောက်ကြောင်သွားပြီးမှ
"ဆရာ့အတွက် မိန့်ခွန်းကို မိနစ် ၂၀
စာပဲ ကျွန်တော်ရေးပေးတာပါ"လို့ ပြန်ပြောလိုက်ပါတယ်။
ပြီးတော့မှ နောက်ထပ်ပြောလိုက်တာက "ဆရာမှာထားတဲ့အတိုင်း မိတ္တူ အပို နှစ်စောင်လည်း
ကျွန်တော် ထည့်ပေးလိုက်တာပဲလေ"တဲ့။

 မို့မို့သော် ဘာသာပြန်သည်။ 

မြန်မာတိုင်း မှ သိသမျှ ။


No comments:

Post a Comment