Friday, 5 April 2013

လတန်ခူး နှင့် နှစ်ကူးသင်္ကြန်


“ထပ်ထပ်သာစောတော့တယ်၊ မြကြောငယ်ရစ်သစ်၊ ကိုက်ဖူးငယ်စီသည်၊ ပွင့်သင်္ဂီရွှေရင်ခက်ကယ်တို့၊ ရှစ်ရပ်ကယ်  နယ်တစ်ခိုက၊ ခိုလှတယ်လေး။ နွေခါမှီ ငယ်ရာသီမိဿဂိမ္မာနမို့၊ စိကြဲကြယ်တိမ် မိုးလယ်မှာ၊ စံပယ်ကွန့်ကာတိမ်ဗွေချာဝယ်၊ ဒေသစာလမ်းလှည့်လည်ငယ်မြန်းလို့၊ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့ တယ်၊ နိုင်ငံကြော့ပြည်သူမှာ ပြန်ဆုယူ ကာရေသွန်းချိန်မို့ လွမ်းလှတယ်လေး။”
(မဟာအတုလမင်းကြီး၏ မိဿရာသီ တန်ခူးလဖွဲ့လွမ်းချင်း) တပေါင်းလကုန်ဆုံး  သည်နှင့် တန်ခူးလသို့ရောက်ရသည်မှာ ဓမ္မတာပင်မဟုတ်ပါလော။ သို့သော်တန် ခူးလသည်အဓိပ္ပာယ်ကျယ်ဝန်းပြီးမြန်မာ လူမျိုးတို့၏ စိတ်အစဉ်ကိုနူပျိုလန်းဆန်း စေသည်မှာအမှန်ပင်ဖြစ်သည်။
တန်ခူးလ၏အဓိပ္ပာယ်မှာ တန်သည် ထန်းဟုဆိုလို၍ ခူးသည်၊ ဆွတ်ခူးခြင်းကို  ဆိုလိုပါသည်။ ထိုကြောင့်ထန်းသီးများ ဆွတ်ခူးသောလဟုဆိုလိုပါသည်။ ထိုပြင်  တန်ခူးလကို တာကူးလဟုလည်းခေါ်တွင်  သည်။ တာဆိုသည်မှာ ရာသီကူးပြောင်း ခြင်းဖြစ်၍ ကူးဆိုသည်မှာကူးပြောင်းခြင်း ကိုဆိုလိုသည်။ တဖန်နှစ်သစ်ကူးပွဲတော် ကို မဟာသင်္ကြန်ပွဲတော်ဟုခေါ်ပြန်သည်။
တန်ခူးလမှာ စိတြနက္ခတ်စန်းယှဉ် သည်။ မိဿရာသီဖြစ်သည်။ မိဿမှာ ပါဠိလိုမေသကို မြန်မာလိုခေါ်ဆိုခြင်းဖြစ် သည်။ မေသ၏အနက်မှာ ဆိတ်ဖြစ်၏။  ဆိတ်၏။ရာသီဟုဆိုလိုခြင်းဖြစ်ပါသည်။
ဤရာသီတွင် ရင်ခတ်ပန်း၊ ကံ့ကော် ပန်း၊ စွယ်တော်ပန်း၊ စလပ်ပန်း၊ ပိတောက် ပန်းနှင့် ငုဝါပန်းတို့ပွင့်ကြသည်။ ပိတောက် ပန်းသည်နှစ်သစ်ကူးသင်္ကြန်ကျချိန်၏အတိမ်း   အမှတ်ပန်းအဖြစ်သတ်မှတ်ပြီး နှစ်သက်  ကူးမဟာသင်္ကြန်ဆိုဆင်နွှဲလေ့ရှိကြပါ သည်။
သာသနာပြုကျမ်းများ၌ ကပိလ၀တ်  ပြည်တွင်နေထိုင်ကြကုန်သော သာကီမင်း တို့သည်အလွန်သာယာသော ရေအိုင် အနီး၌ မင်းထဲဆောက်၍ရေပြန်းသဘင်  ဆင်ယင်ကျင်းပကြရာမှ
သင်္ကြန်ပေါ်ပေါက်  လာသည်ဟုဆိုသည်။ ဗေဒင်ကျမ်းများတွင်   ပရမီသွာနတ်မင်းသား၏အာသီမည်သော  ဗြဟ္မာမင်းနှင့် သိကြားမင်းထို့ပြဿနာတစ်  ခုကြောင့် အငြင်းအခုံဖြစ်ကြရာ လူ့ပြည် တွင်ရှိသော ဗေဒက၀ိပညာရှိက ၀ါလမိုင်း ထံဆင်း၍ ရှုံးသူဦးဆောင်းဖြတ်စထမ်းဟု ကတိထား၍မေးကြသည်။ ထိုအခါသိကြား  မင်းကနိုင်၍ ဗြဟ္မာဥိးခေါင်းကိုဖြတ်ကာ နတ်သမီးရဖော်တို့အား တစ်နှစ်လျှင် တစ်ယောက်ကျပွေ့ပိုက်ထားစေသည်။  ပူလောင်သောဗြဟ္မာဦးခေါင်းကိုပွေ့ထား ရသည့်နတ်သမီးများတစ်နှစ်တစ်ခါပြောင်း ယူချိန်ဗြဟ္မာဦးခေါင်းအေးရန် ခေါင်းဆး ခြင်းဖြစ်၍ ပွေ့ပိုက်ထားသော နတ်သမီး  လည်းအေးသွားစေရန် ရေသွန်းလောင်း ပေးကြခြင်းကြောင့် သင်္ကြန်ဖြစ်ပေါ်လာရ  သည်ဟုအဆိုရှိကြပါသည်။
တန်ခူးလသည်မြန်မာ ၁၂ လတွင် ပထမဆုံးလဖြစ်သည်။ ၎င်းလတွင် သစ်ပင်  များ၏ အကိုင်းအခက်တို့မှ အရွက်များ သည်စိမ်းရာမှဝါ၊ ၀ါရာမှ ကြွေလွှင့်ရှာကြ လျက်အညွန့်အဖူးကလေးများထွက်ပေါ် လာကြသည်။
ဤသို့သောရာသီတွင် ရှေးမြန်မာ  မင်းတို့၏ သင်္ကြန်သည်ယဉ်ကျေးသိမ်မွေ့  လှပါသည်။ ကောင်းမွန်သောစေတနာ၊ မွန်မြတ်သောဓလေ့စရိုက်များဖြင့် ရေက စားကြပါသည်။ ၁၂၄၀ ခုနှစ် နေမျိုးမင်း လှကျော်သူ၏သင်္ကြန်တွင်း အမိန့်ထုတ် ပြန်ချက်တွင်
အခါတော်သုံးရက်အတွင်းပြည်သူ ပြည်သားတို့မှာ ထုံးနနွင်း၊ အိုးမည်းတို့ ဖြင့် မသုတ်လိမ်းရ၊ မသန့်ပြန့်သောရေ တို့ဖြင့် မသုတ်လိမ်းရ၊ ရိုင်းစိုင်းသောအပြု အမူကို မပြုလုပ်စေရ၊ ရေကြည်ရေသန့် များဖြင့်သာ နံနက်ခင်း၊ ညနေခင်းများကို သာ ပက်ဖြန်းကြစေ အမိန့်တော်ဟုလေ့လာ  သိရှိရပါသည်။
သင်္ကြန်ပွဲတော်ကလာအတွင်း၌ ဗုဒ္ဓ ဘာသာဝင်များသည်ကောင်းမှုကုသိုလ်ပြု  လုပ်သည့်အချိန်ကာလဖြစ်သည့်အတိုင်း ၎င်းရက်များအတွင်း စတုဒီသာသင်္ကြန်  မဏ္ဍာပ်များဆောက်၍ မုန့်လုံးရေးပေါ်၊  မုန့်လက်ဆောင်း၊ အချိုရည်မျိုးစုံတို့ကို  ကျွေးမွေးပေးလှူကြပါသည်။
ထိုမြန်မာ့ယဉ်ကျေးမှုတန်ခူးလ၏  အတာသင်္ကြန်ပွဲတော်သည်မြန်မာလူမျိုး  များ၏ ဓလေ့၊ မြန်မာလူမျိုးများ၏ ရိုးရာ   ချစ်စရာစရိုက်ပင်ဖြစ်ပါချေသည်။ တစ်ဦး  နှင့်တစ်ဦးစကားများခြင်း ခိုက်ရန်ဖြစ်ပွား ခြင်းမရှိခဲ့ပေ။
ဘိုးတော်ဘုရား၏။ လက်ထက်တွင်  အင်းဝမြို့သို့ရောက်ရှိလာသော အင်္ဂလိပ် သံအမတ်မိုက်ကယ်ဆိုင်း၏ မြန်မာသင်္ကြန်  နှင့် သူ့အမြင်မှတ်တမ်းတွင် “အမျိုးသမီး တို့သည်တွေ့သမျှအမျိုးသားများကို ရေလောင်းကြသည်။ ရေလောင်းခံရသော  အမျိုးသားများကလည်း တဖန်အပြန် အလှန်ရေကစားကြသောအခါအမျိုးသမီး  များက ကျေနပ်စွာဖြင့်ရေပက်ခံကြသည်။ ဣနြေ္ဒ္ဒပျက်မှု၊ ညစ်ညမ်းမှု၊ ရိုင်းစိုင်းမှုလုံး ၀မရှိကြ၊ ညစ်ညမ်းသောရေဖြင့်လည်း အသုံးမပြုကြ၊ အမျိုးသားများကလည်း အမျိုးသမီးများကို ကိုယ်ထိလက်ရောက်  ကိုင်တွယ်လေ့မရှိရေကစားရာတွင် အမျိုးသမီးက မိမိမပါလိုဟုငြင်းလျှင် ၎င်းအမျိုးသမီးကိုရေမလောင်းကြတော့ ပေ”ဟုရေးသားထားသည်ကိုတွေ့ရသည်။
သင်္ကြန်သည်နှစ်ဟောင်း၏အညစ် အကြေးများကို သန့်စင်သွားအောင်ဆေး ကြောသန့်ရှင်းသောပွဲတော်ဟုဆိုကြသည်။  သက်ကြီးရွယ်အိုမိဘတို့အားအမွှေးနံ့သာ ရည်တို့ဖြင့် ကန်တော့ကြသည်။ လှူဖွယ်  ပစ္စည်းတို့ဖြင့် ဥပုသ်သီတင်းဆောက်တည်  ကြသည်။ စတုဒီသာကျွေးမွေး၍ ဒါနကုသိုလ် ပြုကြသည်။ ရဟန်းခံ၊ ရှင်ပြုပွဲများကိုလည်း   ခြိမ့်ခြိမ့်သဲသဲဆင်နွှဲကြသည့်ကာလဖြစ် သည်။
နိုင်ငံခြားများကပင်မြန်မာ့ရိုးရာခါ  သင်္ကြန်ကိုအလေးထားခံပြုခဲ့ကြသည်။ ကောင်းမြတ်သောနွေဦးခါသင်္ကြန်ကာလ တွင် ယဉ်ကျေးမှုအစဉ်အလာကောင်းများ   ဖြင့် တိုးတက်ပြောင်းလဲလာသကဲ့သို့သရုပ် ပျက်ယဉ်ကျေးမှုများ ရိုင်းစိုင်းသောအမူ အကျင့်ညစ်ညမ်းသော ၀တ်စားဆင်ယင် မှုများသည်မြန်မာလူငယ်အမျိုးသား၊ အမျိုးသမီးများအတွင်းသို့ တိုးဖောက်ဝင် ရောက်နေသည်ကိုလေ့လာသိရှိရသည်။  အရက်သေစာသောက်စားခြင်းနားမခံသာ ဒေါသဖြစ်လောက်အောင်နောက်ပြောင်  ရန်စခြင်း၊ စည်းလွတ်ဝါးလွတ်ပျော်ရွှင် ခြင်းတို့ကြောင့် ရာဇ၀တ်မှုများဖြစ်ပွားနေ  ကြသည်။
ထို့ကြောင့်ယခုနှစ်အတာသင်္ကြန်တွင်  မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော စရိုက်လက္ခဏာအပြော အဆိုဝတ်စားဆင်ယဉ်မှုများကို မပြုလုပ်ပဲ  ချစ်စရာကောင်းသော မြန်မာသင်္ကြန်ကို ပျော်ရွှင်စွာဆင်နွဲကြရင်းနှစ်သက်ကိုကြိုဆိုကြရန်တိုက်တွန်းရေးသား

လိုက်ရပါ    သတည်း။ 

မန္တလာမျိုးနွယ်


The Hot News Weekly မှ သိသမျှ ။







No comments:

Post a Comment