Friday 5 April 2013

မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ယိမ်းအဖွဲ့များအား ဆုကြေးများတိုးမြှင့်ချီးမြှင့်သွားမည်


ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ယိမ်းအက
အဖွဲ့(၅၀)ကျော်ရှိနေပြီး ဆုကြေးများလည်းတိုးမြှင့်ချီးမြှင့်ပေးသွားမည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီစစ်ဆေးရေး
ဌာနဒုတိယဌာနမှူးဦးကျော်သာစိုးက ပြောကြားလိုက်ကြောင်း သိရသည်။
“သင်္ကြန်ယိမ်းလျှောက်လွှာတွေကို (၁၅)ရက်နေ့မှာစပေးတယ်၊ ဧပြီ(၃)ရက်
နေ့မှာ လျှေက်လွှာတွေပြန်တင်ကြဖို့ လျှောက်လွှာယူကြတဲ့ယိမ်းအဖွဲ့(၅၆)ဖွဲ့
လောက်ရှိတယ်၊ ဆုကြေးတွေကတော့ အရင်နှစ်ကထက်ပိုပြီးတိုးမြှင့်ပေး
သွားမယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီစစ်ဆေးရေး
ဌာနဒုတိယဌာနမှူးဦးကျော်သာစိုးက ပြောကြားခဲ့သည်။လျှေက်လွှာ
ထုတ်ယူထားသော ယိမ်းအဖွဲ့များမှ လာရောက်လျှေက်ထားသောအဖွဲ့
(၄၁)ဖွဲ့ခန့် ရှိနေပြီး ကျန်အဖွဲ့များမှာ

အချိန်နီးကပ်မှ လာရောက်လျှောက်
ထားကြမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခန့်မှန်း
ထားသည်။“လျှောက်လွှာလာယူတဲ့အဖွဲ့တွေ အကုန်လုံးလာတင်မယ်လို့ ခန့်မှန်းထားတယ်၊ အရင်နှစ်တွေကလည်း ပြိုင်ပွဲရက်နားနီးလေပိုများ
လေဖြစ်ပြီး လျော့သွားတာ သိပ်မရှိဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီစစ်ဆေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြား
ခဲ့ကြောင်း သိရသည်။


 အေးချမ်းမွန် Credit & Copy From > SkyNet TV Browser မှ သိသမျှ ။

No comments:

Post a Comment