Tuesday 30 April 2013

ဂူဂဲလ်နှင့် ကစားခြင်း


 တစ်ခုခုရှာချင်ရင် အသုံးများတာကတော့ ဂူဂဲလ်။  ဂူဂဲလ်မှာ ဂူဂဲလ်ရဲ့ ထူးခြားချက်လေးတွေလဲရှိတယ်….  စကားလုံးလေးရိုက်ထည့်ပြီးရှာနေရမယ့်တူတူဂူဂဲလ်ရဲ့စာမျက်နှာပေါ်မှာအပျင်းပြေ ဆော့ကြည့်လို့လဲရပါတယ်။

ပထမတစ်ခုက do a barrel roll အဲဒီစာလုံးလေးကို ဂူဂဲလ်ထဲမှာ ရိုက်ကြည့်လိုက်ပါ…

နောက်တစ်ခုက askew သူ့ကိုလဲ အဲ့ဒီလိုပဲ ဂူဂဲလ်ထဲမှာ ရိုက်ကြည့်လိုက်ပါ…
နောက်တစ်ခုက equation.. ဂူဂဲလ် ဂဏန်းပေါင်းစက်ကနေတွက်ပေးတာ
ဟောဒီ equation လေးကို ကော်ပီကူးပြီးတော့ ရိုက်ကြည့်လိုက်.. sqrt(cos(x))*cos(300x)+sqrt(abs(x))-0.7)*(4-x*x)^0.01, sqrt(6-x^2), -sqrt(6-x^2) from -4.5 to 4.5 ပေါ်လာတာလေးကို ကိုယ့်ကောင်မလေးကို ပြလိုက်ပေါ့..

နောက်တစ်ခုကတော့
zerg rush ပါ.ဒါကို ဂူဂဲလ်ထဲကို ရိုက်လိုက်တာနဲ့ စာလုံးတွေကို သုညတွေက လိုက်စားလိမ့်မယ်… အဲ့ဒီသုညတွေကို နိုင်အောင်သာ Mouse နဲ့ လိုက်ပြီးတော့ ကလစ်ပေတော့….

နောက်ပြီးတော့ ဂူဂဲလ် က ကြောင်တောင်တောင် သင်္ချာအဖြေတွေကိုလဲ ပေးတတ်ပါသေးတယ်
 ဥပမာ - loneliness number ဆိုတာကို ရိုက်ကြည့်လိုက်နောက်ပြီး once in a blue moon ဆိုတာမျိုးကို ရိုက်ကြည့်လိုက်… အဖြေအဆန်းတွေ ထွက်လာလိမ့်မယ်။ 


AH မှ သိသမျှ ။

No comments:

Post a Comment