Tuesday 30 April 2013

ဒုတိယမြောက် ရင်သွေးယူဖို့ အတွက် အနုပညာ အလုပ်တွေကို ခေတ္တရပ်နားလိုက်ပြီဟု အိန္ဒြာကျော်ဇင်ပြော


ဧပြီ ၂၄ ရက်နေ့ဟာ အိန္ဒြာကျော်ဇင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့တိုင်းကို မိသားစုနဲ့ပဲ ဖြတ်သန်းလေ့ရှိတဲ့ အိန္ဒြာကျော်ဇင်က ဒီနှစ်မှာလည်း မိသားစုနဲ့ပဲ ဖြတ်သန်း ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့အတူ ချစ်စဖွယ်သမီးလေး ပြေသုဒြာလည်းရှိနေပြီဖြစ်တဲ့အတွက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ရရှိပိုင်ဆိုင်ထားပါတယ်။ အနုပညာအလုပ်နဲ့ မိသားစုတာဝန်ကို မျှပြီးလုပ်ကိုင်နေတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က လတ်တလောမှာ ဒုတိယ မြောက် ရင်သွေးထပ်ယူဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။ နောက်ထပ် ကလေးယူဖို့အတွက် အနုပညာအလုပ်တွေကို ခေတ္တရပ်နားတော့မှာဖြစ်ကြောင်း သူ့ရဲ့ပရိသတ်တွေကို အသိပေးပြော ကြားခဲ့တဲ့ အိန္ဒြာကျော်ဇင်ကို လက်ရှိဖေ့စ်ဘုတ်စာမျက်နှာထက်က ပြေသုဒြာအကောင့်ကို အသုံးမပြုတော့တာနဲ့ ပတ်သက်ပြီး အခုလိုမေးမြန်း တင်ဆက်လိုက်ပါတယ်။

ဧပြီ ၂၄ ရက်မွေးနေ့နဲ့ မွေးနေ့လက်ဆောင်
 
“မွေးနေ့ကတော့ ဘာမှထွေထွေထူးထူးမလုပ်ဖြစ်ပါဘူး။ ညဘက်ကတော့ နှစ်တိုင်းလိုပဲ မိသားစုတွေ၊ တအားရင်းနှီးတဲ့ မိတ်ဆွေနည်းနည်းပါးပါးနဲ့ သွားစားဖြစ်ကြတယ်။ ကိုပြေတီဦးက ကားဝယ်ပေးထားတော့ အဲဒါကိုပဲ သူက မွေးနေ့လက်ဆောင်ဆိုပြီး လုပ်လိုက်တာပေါ့။ အိမ်ကလူတွေအားလုံးက Birthday Wish လုပ်ကြတော့ သမီးလေးကလည်း အမေကို Kiss လာပေးတယ်”

ဒုတိယမြောက်ရင်သွေးယူဖို့ အတွက် အနုပညာအလုပ်တွေရပ်နား
 
“အူဝဲတို့ နောက်ထပ်ကလေး တစ်ယောက်ယူဖို့
အစီအစဉ်ရှိ တယ်။ ဒါကြောင့် လက်ခံထားတဲ့ဇာတ်ကားတွေ အကုန်လုံးကို ဖျက် လိုက်တယ်။ ပထမကလေးတုန်းကတော့ ကိုယ်ဝန်နဲ့လည်း ဇာတ်ကားတွေရိုက်လိုက်တယ်။ အဲဒီတုန်းက ဒါရိုက်တာတွေ၊ ကိုယ့် အနုပညာသမားအချင်းချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးလေး ရိုက်လို့ရမယ့် ဇာတ်ကားတွေ ကိုပဲ ရိုက်ဖြစ်ခဲ့တယ်။ အခုတော့ တစ်ခုခု အမှားအယွင်းတွေ ဖြစ်မှာစိုးလို့ အနုပညာအလုပ်တွေ ခဏရပ်နားပြီးတော့ ကလေးယူဖို့ စီစဉ်လိုက်တာပါ။ ကလေးတစ်ယောက် ရပြီးတဲ့အချိန်မှာတော့ အနုပညာအလုပ်နဲ့ မိသားစု အလုပ်နဲ့ကို မျှတအောင် အူဝဲလုပ်ခဲ့တယ်။ ကလေးနှစ်ယောက် ဖြစ်သွားပြီဆိုရင်တော့ မိသားစုကို ပိုအချိန်ပေးရ တော့မယ်၊ အနုပညာအလုပ်ကိုသိပ်ပြီးအားစိုက်နိုင်မှာ မဟုတ်တော့ဘူးလို့ အူဝဲထင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေ၊ အားပေးနေတဲ့ ပရိသတ်တွေကိုတော့ အူဝဲအများကြီး တောင်းပန်ပါ တယ်။ကိုယ်လည်းနှစ်ပေါင်းများစွာအများကြီးလည်း ပရိသတ်ကို ပေးဆပ်ခဲ့ပြီးပြီ။ အူဝဲကတော့ အနုပညာအလုပ်ကို လေးစားတန်ဖိုးထားပါ တယ်။ နောက်ပိုင်းကတော့ အူဝဲရဲ့ မိသားစုကို အချိန်လေးပိုပြီးပေးချင်တဲ့ အတွက်ကြောင့် အနုပညာအလုပ်ကတော့ အရင်လောက်လည်း လုပ်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒါလေးကိုတော့ အူဝဲကို ပရိသတ်တွေ နားလည်ပေးစေချင်ပါတယ်”

ပြေသုဒြာဖေ့စ်ဘုတ်အကောင့်ကို ပိတ်လိုက်ပြီ
 
“အူဝဲက ပြေသုဒြာနာမည်နဲ့ ဖေ့စ်ဘုတ်သုံးဖြစ်နေပါ တယ်။ အခု ကတော့ အဲဒီ ပြေသုဒြာဖေ့စ်ဘုတ် အကောင့်ကို လုံးဝပိတ်လိုက်ပြီ။မသုံးဖြစ်တော့ဘူးဆိုတော့ အူဝဲရဲ့ အကောင့် အစစ်လည်းလုံးဝရှိတော့မှာမဟုတ်ဘူး။ကျန်တဲ့ အိန္ဒြာကျော်ဇင် နာမည်တွေ၊ ပြေသုဒြာနဲ့ သုံးနေတဲ့သူတွေရှိတယ်။ အဲဒါတွေက အူဝဲသုံးနေတာ လုံးဝ မဟုတ် ဘူး။ အူဝဲရဲ့ပရိသတ်တစ်ယောက်အနေနဲ့ အူဝဲရဲ့ ပုံတွေကို တင်ပေးတယ်ဆိုတာကပြဿနာမရှိဘူးလေ။ တချို့ အနုပညာရှင်တွေလည်း အကောင့်တွေ အများကြီး ရှိကြပါ တယ်။ အူဝဲပုံစံနဲ့ စကားတွေ ပြန်ပြောပြီး ပုံတွေတင်တာတော့ မကြိုက်ဘူး။ မလုပ်သင့်ဘူးလို့ လည်း ထင်တယ်။ အခုလောလောဆယ်တော့ ဘာပုံမှလည်း မတင်ဖြစ် တော့ဘူး။ နောက်ပိုင်းမှ စိတ်ရှိလို့ ပြန်သုံးဖြစ်ချင်လည်း သုံးဖြစ်မှာ ပါ။ အခုတော့မသုံးဖြစ်တော့ပါဘူး”


popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment