Thursday 11 April 2013

မေတ္တာ၊ ဗေလုဝနှင့် ကုသိုလ်တို့၏ 'သာဓုပါဗျာ' သံချပ်အဖွဲ့ ရန်ကုန်သင်္ကြန်ကို အသက်ဝင်စေမည်


မေတ္တာ၊ ဗေလုဝနှင့် ကုသိုလ်တို့ ပူးပေါင်းဖျော်ဖြေမည့် 'သာဓုပါဗျာ' သံချပ် အဖွဲ့သည် သင်္ကြန်ကာလတွင် ရန်ကုန်မြို့ရှိ မဏ္ဍပ်အားလုံး၌ ဖျော်ဖြေသွား ရန်ရှိကြောင်း မေတ္တာကပြောသည်။

''ကျွန်တော်တို့အရင်က ရန်ကုန်သင်္ကြန် သံချပ်ခေတ်ကို သုံးယောက်ပေါင်း အသက် ပြန်သွင်းပါမယ်။ လမ်းဟာ ဖောက်သူရှိရင် မတိမ်ကောပါဘူး''ဟု သရုပ်ဆောင်တဖြစ် လည်း တစ်ချိန်က

သင်္ကြန်မင်းသားကြီး ဗေလုဝက လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲ ဆု ပေးပွဲအခမ်းအနား၌ ပရိသတ်သို့ အသိပေး ပြောကြားခဲ့သည်။

သာဓုပါဗျာ သံချပ်အဖွဲ့သည် ယခင်နှစ် မှစတင်၍ ဖျော်ဖြေခဲ့ကြခြင်းဖြစ်ပြီး ဧပြီ ၇ ရက်တွင် ကျင်းပပြီးစီးခဲ့သော လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲတွင် ဦးမေတ္တာ ဦးဆောင်သည့် ပြည်တော်ချစ် သံချပ်အဖွဲ့သည် နှစ်သိမ့်ဆု ရရှိခဲ့သည်။ပထမဆုရရှိခဲ့သည့် အကယ်ဒမီ ယဉ် ကျေးမောင်သံချပ်အဖွဲ့မှာမူ သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ဖျော်ဖြေရန် အစီအစဉ် မရှိသေးကြောင်း ဧပြီ ၈ ရက်တွင်ပြောသည်။

''သင်္ကြန်မှာ ဖျော်ဖြေသွားဖို့ လောလော ဆယ် အစီအစဉ်မရှိသေးဘူး။ အဖွဲ့ရဲ့လူတွေ အားတဲ့အပေါ်မှာရော၊ ဖိတ်ခေါ်တဲ့လူတွေ အပေါ်မှာရော မူတည်ပြီးမှ ဆုံးဖြတ်သွား မယ်''ဟု ယဉ်ကျေးမောင်သံချပ်အဖွဲ့မှ

ဦးခင်မောင်ဆွေက ပြောသည်။ ပထမဆုရရှိခဲ့သော အကယ်ဒမီယဉ် ကျေးမောင်အဖွဲ့သည် မြန်မာ့ရိုးရာယဉ် ကျေးမှုကို
ပြန်လည်ပြသရန်အတွက် ရည်ရွယ်ကာ

ဖျော်ဖြေပြသခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ အဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်သည်ဟု သဘောထားခြင်းမဟုတ်ဘဲ ဖျော်ဖြေခဲ့ခြင်းဖြစ်ကာ သံချပ်ပုံစံပင်မဟုတ်ဘဲ ရိုးရာအက၊ အလှ၊ ဟာသများကို ပေါ်လွင်စေရန် အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သံချပ်ပြိုင်ပွဲဝင်ရန်အတွက် ကျပ်သိန်း ၄ဝ ခန့် အကုန်အကျခံ ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

''ရတဲ့အချိန်လေးမှာ ပြင်ဆင်ခဲ့ရတာမို့ အရင်ကပုံစံကို မီလုနီးပါးတော့ အကုန်ပြင် ဆင်ခဲ့တာပဲ။ သင်္ကြန်ယဉ်ကျေးမှု အနှစ် သာရအပြည့်ကို မျိုးဆက်သစ်တွေသိအောင် ရည်ရွယ်တင်ဆက်ခဲ့တာပါ''ဟု

၎င်းက ဆက်ပြောသည်။လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲကို ဘိုဘို အင်တာတိန်းမန့်နှင့်အတူ SKY NET ရုပ်သံ လိုင်း၊ ဗေလုဝ၊ မေတ္တာ၊ ကုသိုလ်၊ မီးပွားတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး သံချပ်
ပြိုင်ပွဲဖြစ်ပေါ်လာစေရန်အတွက် သုံးလ အချိန်ယူဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ သံချပ်ပြိုင်ပွဲကို သံချပ်အဖွဲ့ ၁၆ ဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး လွန်ခဲ့ သောအနှစ် ၂ဝ ခန့်က နာမည်ကြီး သံချပ်အဖွဲ့များဖြစ်ကြသည့် ကျွန်ုပ်တို့သည် စွယ်စုံအင်အားစု၊ အကယ်ဒမီယဉ်ကျေး မောင်၊ အ ပြာရဲ့အနီ စသည့် သံချပ်အဖွဲ့များ အပြင်ဗေလုဝဦးဆောင်သော ထလော့ မြန်မာ၊ ရုပ်ရှင်သရုပ်ဆောင်မမကြီးများအဖွဲ့ဖြစ် သည့် ရှင်လိမ်ညာတာတွေ သိပြီ၊ အရှေ့ တောင်ကျောင်းက အဖေ့အောင်မောင်း၊ သင်္ကြန်မင်းသားကြီး၊ ဆူးကြားမှဘူးခါး၊ ဧည့် သည်(တောင်ငူ)၊ ဗကသလူငယ်များ၏ ပိတောက်စာမျက်နှာသစ်၊ အွန်လိုင်းလေထန် ကုန်း ဝိုင်းတော်သားများ၊

မေတ္တာဦးစီးသော ပြည်တော်ချစ်၊ ရွှေလမ်းမတော်ရဲ့ ပဲ့တင်သံ၊ အာကျယ်တို့၏ ပြောပါရစေ၊ အနုလုံ ပဋိလုံ၊ ပဋိစ္စသမုပ္ပါဒ် စသည်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲစီစဉ်ခဲ့သူ ဘိုဘိုအင်တာတိန်းမန့် မှမန်နေဂျင်းဒါရိုက်တာကိုဘိုစန်းက ''ပြိုင်ပွဲ အတွက်ပြင်ဆင်ခဲ့ရတာ အခက်အခဲတွေ အများကြီးပဲ။ လုပ်နေရင်းနဲ့ ပြင်ဆင်ရမှာတွေ တွေ့ထားတာရှိတယ်။

နောက်ပြိုင်ပွဲလုပ်ရင် သေသေချာချာပြင်ဆင်ပြီးမှ လုပ်သွားဖို့ ရှိတယ်''ဟု ပြောသည်။လာမည့်နှစ်တွင် သံချပ်ပြိုင်ပွဲဆက်လက် ပြုလုပ်ဖြစ်မည်ဆိုပါက မျိုးဆက်သစ်သံချပ် အဖွဲ့များ ပါဝင်လာနိုင်ရန်အတွက် ကြိုတင် ကြေညာဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

''နောင်နှစ်တွေမှာ လုပ်မယ့်သူ မရှိဘူး ဆိုရင် ကျွန်တော်တို့လုပ်ပါမယ်။ လုပ်မယ့်သူ ရှိတယ်၊ သံချပ်ဆုပေးမဏ္ဍပ်တွေ ရှိလာပြီဆို ရင်တော့ မလုပ်တော့ပါဘူး''ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါသံချပ်ပြိုင်ပွဲတွင် အကယ်ဒမီ ယဉ်ကျေးမောင်သံချပ်အဖွဲ့မှ ပထမ၊ ကျွန်ုပ်တို့သည် စွယ်စုံအင်အားစုသံချပ်အဖွဲ့မှ ဒုတိယ၊ အပြာရဲ့အနီ သံချပ်အဖွဲ့မှ တတိယနှင့် ပြည်တော်ချစ်သံချပ်အဖွဲ့မှ နှစ်သိမ့်ဆုများ ရရှိခဲ့ကြသည်။


popular myanmar news journal facebook မှ သိသမျှ ။

No comments:

Post a Comment