Saturday, 6 April 2013

သင်္ကြန်မဏ္ဍပ်လျှောက်ထားသူများလိုက်နာရန် စည်းကမ်းချက်(၂၈)ချက် ထုတ်ပြန်


ရန်ကုန်မြို့တော်မဏ္ဍပ်နေရာချထားရေးဆပ်ကော်မတီမှ အခုနှစ်သင်္ကြန်
ကာလအတွင်း သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် လာရောက်လျှောက်ထား
သူများအား လိုက်နာရမည့်စည်းကမ်းချက်(၂၈)ချက် ချမှတ်ထားကြောင်း
သိရသည်။စည်းကမ်းချက်များအရ ခွင့်ပြုပေးထားသော မဏ္ဍပ်ကြီးနှင့်
မဏ္ဍပ်လတ်များတွင် လုံခြုံရေးအတွက် CCTV ကင်မရာများအား လိုအပ်
သောနေရာများတွင်တပ်ဆင်ထားပြီး ကျွမ်းကျင်သူများအား တာဝန်ချထား
ပေးရန်၊ နေ့စဉ် CCTV Record မှတ်တမ်းများအား သက်ဆိုင်ရာကွပ်ကဲမှုရုံး
များသို့ ည(၈)နာရီထက်နောက်မကျပဲပေးပို့တင်ပြသွားရန်တို့ ပါဝင်ကြောင်း
သိရသည်။ရေကစားမဏ္ဍပ်များအား နေ့စဉ်မနက်(၇)နာရီမှစတင်ပြီး
ည(၆)နာရီအထိ ရေကစားခွင့်ပြုထား၍ မဏ္ဍပ်များနှင့် မဏ္ဍပ်အနီးတွင်
အရက်ဆိုင်၊ဘီယာဆိုင်များ ရေကစားမဏ္ဍပ်များတွင် မူးယစ်သောက်စား
၍ပါဝင်လှုပ်ရှားနေသူများမရှိစေရန်၊ သင်္ကြန်မဏ္ဍပ်များတွင် မြန်မာ့ယဉ်ကျေး
မှုနှင့်မအပ်စပ်သည့်အမည်များ၊ နိုင်ငံရေးအရိပ်အယောင်မကင်းသော
အမည်များမသုံးစွဲရန်၊ အမျိုးသမီးများအနေဖြင့်

မဏ္ဍပ်တွေရှေ့တွင်
မြန် မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်၍ အများအမြင်တွင်လက်မခံနိုင်
သော ဝတ်စားဆင်ယင်မှု၊ ကပြသီဆိုရေပက်ခံခြင်းများမပြုလုပ်ရန်သက်ဆိုင်
ရာ မဏ္ဍပ်တာဝန်ခံများမှ အလေးထားကြပ်မတ်ပေးသွားရန်၊ ယာဉ်သွားလမ်း
မပိတ်ဆို့စေရန် သက်ဆိုင်ရာမဏ္ဍပ်ရေပက်ခံယာဉ်ထိန်းသိမ်းရေးအဖွဲ့မှ
ယာဉ်များအား အချိန်ကန့်သတ်၍ ရေကစားစေပြီး ယာဉ်ကြောစဉ်ဆက်
မပြတ်သွားလာနိုင်ရေး ထိန်းသိမ်းကွပ်ကဲပေးရေး စသည့်အချက်များ
ပါဝင်ကြောင်းသိရသည်။


အေးချမ်းမွန် Credit & Copy From >SkyNet TV Browser  မှ သိသမျှ ။



No comments:

Post a Comment