Saturday 6 April 2013

ပါမစ်ရမှ မဏ္ဍပ်ဆောက်ရမယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ ဖြိုးငွေစိုး


သင်္ကြန်မှာတော့ မိန်းကလေး ပဲဖြစ်ဖြစ် ယောကျာ်းလေးပဲ ဖြစ်ဖြစ် အားလုံး လွတ်လွတ် လပ်လပ်ပဲ ဝတ် ကြတာ များတယ်။ ကိုယ့်ယဉ်ကျေး မှုအပိုင်းရ ထိန်းတယ် ဆိုတာက လည်း ထိန်းသင့်တဲ့ နေရာမှာထိန်း ပေါ့။ နေရာတိုင်းမှာ လိုက်ထိန်းနေ မယ်ဆိုရင်တော့ ဘယ်လိုမှ အဆင် မပြေဘူး။ သင်္ကြန်မှာ မိန်းကလေး တွေ အင်္ကျီနဲ့ ထဘီနဲ့ လည်မယ်ဆို ရင်လည်း ဘယ်လို အဆင်ပြေ မှာလဲ။ ရာသီဥတုနဲ့ လိုက်လျော ညီထွေဖြစ် အောင်ဝတ်ဖို့ ကလည်း လိုတယ်။

ဒီလောက် နေပူနေတာကို အထူကြီး တွေဝတ်ဖို့ကလည်း မဖြစ်နိုင်ဘူး။ စိုလိုက်၊ ခြောက်လိုက်နဲ့ ဖြစ်နေမှ မှာဆိုတော့ ကိုယ့်အတွက် အဆင် ပြေမယ့် အဝတ်အစား တွေကို ဝတ် ကြမှာပဲ၊ အဲဒီအပေါ်မှာ ထိန်းသိမ်း ရမှာတွေ၊ စောင့်ထိန်း ရမှာတွေ သွားစဉ်းစား လို့တော့ မရနိုင်ဘူး။ တော့ နည်းနည်း တွေးတော ကြရမှာ ပေါ့။ အရက်သောက် ကြတာလည်း သင်္ကြန်မှ မဟုတ်ပါဘူး။ သောက်ချင် တဲ့သူတွေ သောက်နေ ကြတာပဲ။ ဒါပေမဲ့ သင်္ကြန်မို့ သောက်တယ် ဆိုပြီး ခေါင်းစဉ် ရှာကြတာပဲ။
မိန်းကလေး ငယ်ငယ် လေးတွေ၊ ကောင်လေးတွေ သောက်တယ် ဆိုတာ ကလည်း မဏ္ဍပ်ပေါ်မှာ ထိုင်နေတဲ့ အခါကျ တော့ ဘယ်အဖေ အမေကမှ လိုက် မကြည့် နိုင်ကြလို့ သူများ တွေလည်း သောက်တယ်၊ ငါတို့လည်းသောက် မယ်၊ မူးရင်ပိုကဲလို့ကောင်းတယ်ဆို ပြီး
ကိုယ်လုပ်ချင်တာကို သင်္ကြန်ဆို ခုတုံးလုပ်ကြတာ။ တကယ့်တော့ သင်္ကြန်နဲ့ အရက်က ဘာမှမဆိုင် ပါဘူး။ သင်္ကြန်မှာ လူတွေပျော်ချင် လို့ မဏ္ဍပ်လုပ်ကြတာကို သတ်မှတ် ချက်တွေနဲ့ ဘယ်လောက်ပဲရှိသင့် တယ် ဘာညာဆိုပြီးဘောင်တွေ များလာကြတော့ ပျော်စရာထက် စိတ်ရှုပ်စရာတွေပိုဖြစ်လာတယ်။ဒီသင်္ကြန် သုံး၊ လေးရက်အတွင်းမှာ အားလုံးပျော်ကြမှာပဲ သူတို့ကို ထိန်းသိမ်း ကန့်သတ် မနေနဲ့ပေါ့။
ဥပမာပြောရရင် သင်္ကြန်မှာ မဏ္ဍပ် ဆောက်ဖို့ ကန့်သတ်တယ် ဆိုတာ အဓိပ္ပါယ် မရှိဘူး။ ပါမစ်ရမှ မဏ္ဍပ် ဆောက်ရမယ်တို့ ဆိုတာ လုံးဝ အဓိပ္ပယ် မရှိဘူး။ သင်္ကြန်ပါဆိုမှ ရေပက်ချင်လို့ မဏ္ဍပ် ဆောက်တာ ပေါ့။ ဘယ်နှစ်ခုပဲ ဆောက်ဆောက်၊ ဘယ်မှာပဲ ဆောက်ဆောက်ပေါ့။ အဲဒီလို အဓိပ္ပါယ် မရှိတော့ ပျော်စရာ ထက် စိတ်ညစ် စရာတွေ ပိုများလာ ကြတယ်။ သင်္ကြန်မှာ ကျွန်တော်တို့ တွေအားလုံး လွတ်လွတ် လပ်လပ်နဲ့ ပျော်ပါတယ်။ ရေပက် ချင်ပါတယ်။  










ကနောင်သားလေး မှ သိသမျ ။


No comments:

Post a Comment