Thursday 4 April 2013

သတိသင်္ကြန်သံချပ်တွေ နိုးထလာပြီ


၂၉-၃-၂ဝ၁၃ ကနေ ၁-၄-၂ဝ၁၃ အထိ လေးညစလုံး ကျွန်တော်တို့ ညနေ ၆ နာရီကနေ ည ၁၂ နာရီ လောက် အထိ သံချပ် တွေကြားမှာ စီးမျောခွင့် ရခဲ့ကြတယ်။ ဘိုဘို အင်တာတိန်းမင့်နဲ့ Skynet တို့ ပူးပေါင်းတင်ဆက်တဲ့ ”လူထုပဲ့တင်သံ” မြန်မာ့ ရိုးရာ မဟာ သင်္ကြန် သံချပ် ပြိုင်ပွဲကြီး ထဲမှာပေါ့။ ဒီသံချပ် ပြိုင်ပွဲမှာ ဇာတ် သဘင် ပညာရှင် ကိုမိုးမင်း၊ သံချပ် ပညာရှင် ဦးအောင်မြင့်၊ ကဗျာ ဆရာ စာရေးဆရာတွေ ဖြစ်ကြတဲ့ ဆရာမောင်စိမ်းနီ၊ ဆရာသစ္စာနီနဲ့ ကျွန်တော် တို့က ဒိုင်လူကြီးတွေ အဖြစ် ဆန်းစစ် အမှတ်ပေးရတယ်။ တစ်နေ့ကို အဖွဲ့လေးဖွဲ့ ယှဉ်ပြိုင် ရတယ်။ စုစုပေါင်း အဖွဲ့က ၁၆ ဖွဲ့။ ဒီနှစ် ၂ဝ၁၃ ကျမှ တည်ထောင်တဲ့ အဖွဲ့တွေ ရှိသလို လွန်ခဲ့တဲ့နှစ် သုံး ဆယ်ကျော် လေးဆယ် ကတည်းက တည်ထောင် ခဲ့ကြတဲ့ သင်္ကြန် မင်းသားကြီးတို့၊ ပဋိစ္စ သမုပ္ပာဒ် တို့၊ အနီနဲ့အပြာတို့၊ ဆူးကြားက ဗူးခါးတို့၊ အာကျယ် တို့က ပြောမှာပဲ၊ ထလော့မြန်မာ၊ အနုလုံပဋိလုံ၊ ယဉ်ကျေးမောင် တို့လို သံချပ် အဖွဲ့တွေလည်း
ဝင်ပြိုင်ကြ တယ်။ ၂၅ နှစ်ကျော် သံချပ်နဲ့ ဝေးခဲ့ပြီးမှ အခုနှစ်မှာ သံချပ် သံတွေ ပြန် လည် ဝေစည် လာတာဟာ ပိုမို ပွင့်လင်းလာတဲ့ သဘော သရုပ်လို့ ဆိုရမယ်။ မတရားမှုတွေ၊ အမြီး အမောက် မတည့်မှုတွေ၊ စည်းမဲ့ ကမ်းမဲ့ လုပ်ချင်တာ လုပ်ခဲ့ကြ တာ တွေကို လူတွေက တစ်နှစ်တာလုံး အောင့်အည်း သည်းခံခဲ့ကြပြီးမှ တစ်နှစ်တာ ကုန်လို့ သင်္ကြန်အ ရောက်မှာ သံချပ်အဖွဲ့တွေက လူထု ရဲ့အစာ မကြေတာ၊ ရင်ခံ တာတွေကို ဖွင့်ချ ဝေဖန်ကြတာကို ကိုယ်တိုင် မချိမဆံ့ ခံစားခဲ့ကြ ရတဲ့ ပြည်သူလူ ထုက လက်ခုပ် သြဘာတီး ကျေနပ် ပျော်ရွှင်ခဲ့ကြတာဟာ သံချပ်ရဲ့ အရသာပါပဲ။






popular myanmar news journal မှ သိသမျှ ။

No comments:

Post a Comment