Monday 8 April 2013

ဂျပန်က ဒီနှစ် သင်္ကြန်ပွဲ (သတင်း/ရုပ်သံ)




 ဂျပန်က တိုကျိုသင်္ကြန်ပွဲ အမှတ်တရ၊ ဓာတ်ပုံ- ကိုထွန်းဝေ(ဂျပန်) ~
ဂျပန်နိုင်ငံရောက် မြန်မာတွေရဲ့ တိုကျို သင်္ကြန်ပွဲဟာ စည်ကားလှပါတယ်။ ဂျပန်ရောက် မြန်မာတွေ က နှစ်စဉ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ 

ဒီနှစ်အတွက်တော့တိုကျိုမြို့ HIBIYA ပန်းခြံမှာ ဧပြီလ(၇)ရက်နေ့က နံနက် ၁၀ နာရီခွဲကနေ ညနေ ၅ နာရီ အထိ မြန်မာ့ ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှ တာဝန်ယူ ဦးစီး၍ စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ တယ်လို့ ဒီသင်္ကြန်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ဦးထွန်းဝေက ဧရာဝတီကို ပြောပါတယ်။ 

ဂျပန်မှာရှိကြတဲ့ မြန်မာ တိုင်းရင်းသားတွေနဲ့ အတူ အခြားနိုင်ငံခြားသားတွေလည်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ 

မြန်မာအစားအစာတွေ၊ သင်္ကြန်စာတွေ စုံစုံလင်လင်နဲ့ တေးဂီတသံတွေ၊ သံချပ်သံတွေနဲ့ မြန်မာပြည်ကို လွမ်းမောနေကြရင် သင်္ကြန်ကာလကို ကျော်ဖြတ်ကြပါတယ်တဲ့။ 





ဧရာဝတီ ဘလော့ဂ် မှ သိသမျှ ။

No comments:

Post a Comment