Monday 8 April 2013

အေးချမ်းသာယာသောသင်္ကြန်နှင့် အနုပညာရှင်တို့၏သင်္ကြန်အစီအစဉ်


အတာရေသဘင်ဆင်နွှဲတဲ့သင်္ကြန်ပွဲတော်ကာလမှာပြည်သူချစ်တဲ့အနုပညာရှင်တွေပါဝင်ရေကစားပြီး ဖျော်ဖြေ
တင်ဆက်မယ့် မဏ္ဍပ်တွေကိုမြန်ပြည်အဝှမ်းကပရိသတ်တွေကစိတ်ဝင်တစားသိချင်ကြပါတယ်။အမြို့မြို့၊အနယ်နယ်တိုင်းရှိ ပရိသတ်ပြည်သူတွေဟာသင်္ကြန်အကြိုနေ့ရက်ကစလို့နောက်ဆုံးသင်္ကြန်အတက်နေ့ထိတိုင်ပြည်တွင်း ရုပ်သံအစီအစဉ်များကနေမိမိချစ်တဲ့အနုပညာရှင်တွေပါဝင်ဆင်နွှဲကာကပြဖျော်ဖြေတာကိုတခုတ်တရ 
 စောင့်မျှော်ကြည့်ရှုလေ့ရှိကြပါတယ်။ ဒါ့အပြင်နှစ်သစ်ကူးအခါသမယမှာနှစ်ဟောင်းကဖြတ်ပျက်ခဲ့တဲ့ပြည်တွင်းကပဋိပက္ခဖြစ်စဉ်တွေအတွက်အ
များပြည်သူတွေနဲ့အတူဆုတောင်းမေတ္တာပို့သစကားတွေကို လည်း ပြည်သူချစ်တဲ့ အနုပညာရှင် တွေက မြွက်ဆိုပြောကြားလေ့ရှိခဲ့ပါ တယ်။ဒါကြောင့် ပေါ်ပြူလာကနေ စာဖတ်ပရိသတ်တွေ အတွက် ဒီနှစ်သင်္ကြန်မှာ ပြည်သူတွေချစ်တဲ့ အနု ပညာရှင်တွေရှိမယ့် နေရာ၊ မဏ္ဍပ်အကြောင်းနဲ့ နှစ်သစ်ကူးမှာ မေတ္တာပို့သ ငြိမ်းချမ်းရေးစကားသံတွေကို စုစည်းဖော်ပြလိုက် ပါတယ်။

ပေါ်ပြူလာအဖွဲ့

အေသင်ချိုဆွေ
ဒီနှစ်သင်္ကြန်ကိုတော့ ရန် ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ သီ ချင်းဆိုဖို့ရှိပါတယ်။ မနှစ်က သင်္ကြန်ကိုတော့ မြစ်ကြီးနားမှာ သီချင်းဆိုရင်းနဲ့ ဖြတ်သန်းခဲ့ တယ်။ သင်္ကြန်ကိုတော့ ၅ နှစ် ဆက်တိုက် သီချင်းဆိုရင်းနဲ့ပဲ ဖြတ်သန်းခဲ့တာပါ။

ချောရတနာ
ချောက ဒီနှစ်သင်္ကြန်အတွင်းကို ချောအမျိုးသားနဲ့ အတူကမ်းခြေတစ်နေရာရာကို သွားဖို့ စီစဉ်ထားတယ်။ ချောရဲ့ အမျိုးသား သူငယ်ချင်းတွေလည်း ပါမယ်။ အခု ကမ်းခြေကို သွားဖြစ်တာကလည်း အားလုံး စုစည်းတိုင်ပင်ပြီးတော့ သွားဖြစ်မှာပါ။ မနှစ်က သင်္ကြန်တုန်း ကလည်း အမျိုးသားနဲ့ ချိန်းပြီး ခရီးသွားရင် သွားဖြစ်တယ်။ မသွားဖြစ်ရင်လည်း နယ်တွေ မှာသွားပြီး မဏ္ဍပ်မှာ သီချင်း ဆိုဖြစ်တယ်။ အနုပညာသမား လည်းဖြစ်တော့ ပရိသတ်တွေကို သီချင်းဆိုပြီး ဖြတ်သန်းဖြစ်တာများတယ်။ နှစ်ဆန်း တစ်ရက် နေ့ဆိုရင်တော့ ချောက အိမ်မှာ ပဲ တတ်နိုင်သလောက် ကောင်း မှုကုသိုလ်
ယူဖြစ်တယ်။ အပြင်တွေဘာတွေတော့ မထွက် ဖြစ်ဘူး။ အိမ်မှာပဲ ကုသိုလ်ယူ လိုက်တယ်။ ကိုယ်ကိုးကွယ်နေကျ ဘုန်းကြီးကျောင်းတွေတော့ သွားဖြစ်တယ်။

အိမ့်ချစ်
သင်္ကြန်  မတိုင်ခင်မှာတော့ ပဋိပက္ခလေးတွေ နည်းနည်းလေးရှိတာ တော့မှန်ပါတယ်။ဒါပေမဲ့ဘယ်လို ပြဿနာ တွေရှိရှိ ရိုးရာမပျက်အောင် တော့အကုန်လုံးပျော်ကြမယ် ထင်ပါတယ်။ ဒီနှစ်သင်္ကြန် မှာတော့ ဘာပြဿနာမှတော့ မဖြစ်စေချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပျော်ပျော်ရွှင်ရွှင်လေးဖြစ်သွားရင်တော့ကောင်း တာပေါ့။ အခုအချိန်မှာ အားလုံးအန္တရာယ် ကင်းဘေးရှင်းစွာ နဲ့ပျော်ရွှင်နိုင်ပါစေ။

ကြက်ဖ
ကျွန်တော်ဒီနှစ်သင်္ကြန် အိမ်မှာရှိမှာပါ။ ညီလေးတွေက စာမေးပွဲတွေလည်း ပြီးသွားပြီ ဆိုတော့ ဒီမှာလာကဲမှာ။ ကျွန်တော်ကတော့ သူတို့ကို ထိန်းရ ဦးမှာပေါ့။ နှစ်ဆန်းတစ်ရက် နေ့မှာတော့ ဆရာသမားတွေကို သွားကန်တော့မယ်။

သန္တာဗို
ဒီနှစ်သင်္ကြန်တွင်းက နေပြည်တော် ACE မဏ္ဍပ်မှာ သီ ချင်းဆိုပြီး ဖြတ်သန်းမယ်။ မေ မေနဲ့အတူသွားဖြစ်မယ်။ မနှစ်ကတော့ ညနေဘက်ကို ပဲခူးမှာ သီချင်းသွားဆိုဖြစ်တယ်။ သန္တာ က သင်္ကြန်တွင်းဆို ကိုယ့် ဘာသာကိုယ် ပျော်ခဲ့ရတဲ့နှစ်ဆိုတာ မရှိခဲ့ဘူး။ အပြင်သွားဖို့လည်း မေမေက စိတ်ပူတာနဲ့ အိမ်မှာပဲ နေဖြစ်ခဲ့တာများတယ်။ အပြင်သွားရင်လည်း မေမေနဲ့အတူ မိသားစုနဲ့ပဲသွားဖြစ်တယ်

သဉ္ဇာနွယ်ဝင်း
သင်္ကြန်ကို မိသားစုနဲ့ အတူ ဂျာမနီ၊ အီတလီ၊ ဆွစ်ဇာလန်၊ ပဲရစ်ရယ် အားလုံးပေါင်း ၇ နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။ ဒီနှစ် သင်္ကြန်တွင်းကတော့ ပြည်ပမှာပဲ မိ သားစုနဲ့အတူ ဖြတ်သန်းဖြစ်မယ်။ ဧပြီ ၈ရက်နေ့ကနေ စပြီး သွားဖြစ်မယ်။ သင်္ကြန်တွင်းဆိုတော့ သဉ္ဇာက ကားရိုက်တွေလည်း သိပ်မရှိဘူး။ အဲဒါနဲ့ အချိန်ကို မိသားစုနဲ့အတူ ပျော် ပျော်ရွှင်ရွှင်လေးဖြစ်အောင် သွားဖြစ်တယ်။ မနှစ်က သင်္ကြန်ကတော့ သဉ္ဇာက ရန်ကုန်မှာပဲ မိသားစုနဲ့အတူတူ မဏ္ဍပ်ထိုင် ဖြစ်တယ်။

ခွန်းဆင့်နေခြည်
ဒီနှစ် သင်္ကြန်တွင်းကိုတော့ မန္တလေးတိုင်းမှူးမဏ္ဍပ်မှာ သင်္ကြန် ၄ ရက်လုံး သီချင်း ဆိုပြီးဖြတ်သန်းဖို့ စီစဉ်ထားတယ်။ မနှစ်ကတော့ မြစ်ကြီး နားမှာ သီချင်းဆိုပြီး သင်္ကြန် တွင်းပျော်ခဲ့တယ်။ သင်္ကြန်တွင်း ကို အများအားဖြင့် နယ်တွေ သွားပြီးသီချင်းဆိုရင်းဖြတ်သန်း ဖြစ်တယ်။ ဒီနှစ်က မန္တလေးတိုင်းမှူးမဏ္ဍပ်ကအစ်မကို သီချင်း ဆိုဖို့ငှားတာနဲ့ သွားဖြစ်တယ်။

အောင်ရဲလင်း
ဒီနှစ်သင်္ကြန်က ကန်တော်ကြီးကကျွန်တော့်ရဲ့မဏ္ဍပ်  The Captain မှာပဲရှိမှာပါ။ ကိုယ်တိုင်မဏ္ဍပ်ဆောက်တော့ တာဝန်ပိုကြီးတာပေါ့။ သေချာလုပ် ဖို့စီစဉ်ထားပါတယ်။ အရင်နှစ်တွေက အိမ်မှာပဲ နေတာများတယ်။ တစ်ရက်ပဲ သူငယ်ချင်း တွေနဲ့ထွက်ဖြစ်တာ။ ဒီနှစ်ကတော့ ကျွန်တော်လည်းပျော်ချင်တယ်၊ မဏ္ဍပ်လည်းဆောက်ချင်တယ်။ သူငယ်ချင်းတွေကလည်း အကုန်လုံး လိုက်လုပ်ပေးလို့ ဆောက်ဖြစ်တာပါ။

ရဲအောင်
ဒီနှစ်သင်္ကြန်ကို နေပြည်တော်က Sky Net  မဏ္ဍပ်မှာ ရှိမယ်။နေပြည်တော်မှာပဲ သင်္ကြန်ကို ဖြတ်သန်းတာ ဒီနှစ်နဲ့ဆို ၄နှစ်ရှိပြီ။ သင်္ကြန်ကို ပျော်တဲ့ အချိန်မှာ ကိုယ်ပျော်တဲ့အပျော် ကတစ်ဖက်သားကို အနှောက်အယှက်မဖြစ်ဖို့ကတအား အရေးကြီးပါတယ်။ကိုယ်ဘာသာကိုယ်လည်း ပျော်သလို၊ ကိုယ်ပျော်တဲ့ အပျော်ကလည်း တစ်ဖက်သားကို အနှောက်အယှက်မဖြစ်ဖို့က တော့ အရေးကြီးပါတယ်။

ပြေတီဦး
ဒီနှစ်သင်္ကြန်ကတော့ မိသားစုနဲ့ ခရီးသွား ဖြစ်ဖို့များမယ်။ အရင်နှစ်တွေတုန်းက ဇာတ်ကားရိုက်တဲ့ နှစ်ဖြစ်လို့ ပြင်ဦးလွင် မှာဇာတ်ကားရိုက်တယ်။ ဇာတ်ကား မရိုက်တဲ့နှစ်ကျတော့ လည်း ပြင်ဦးလွင်မှာနားတဲ့နှစ် တွေရှိတယ်။ သင်္ကြန်အတွင်း ကတော့ အပြင်ကိုထွက်ဖြစ်တာ နည်းပါတယ်။

နန်းခင်ဇေယျာ
ဒီနှစ် သင်္ကြန်ရန်ကုန်(သို့) မန္တလေးမှာရှိပါမယ်။ မဏ္ဍပ်ကတော့ မသေချာသေးပါဘူး။ ညီမက မဏ္ဍပ်မှာ ဖျော်ဖြေရေး အနေနဲ့လုပ်သွားမှာဖြစ်ပြီး ရေလည်းပတ်မှာပါ။ငြိမ်းချမ်းရေး အတွက်ကတော့ နိုင်ငံတိုင်းက ငြိမ်းချမ်းချင်တာပဲ။ ဒါပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် မငြိမ်းချမ်းဘူး။ ဒါကြောင့်လူတိုင်းစိတ်ထဲမှာ ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်တဲ့အတွက် ဘုရား၊ တရား လေးကို စိတ်ထဲသွင်းထားပါလို့ ဒီလို စိတ်ထဲသွင်းထားလို့ရှိရင် ဘုရား၊တရားကကိုယ့်ကို စောင့် ရှောက်သွားမှာပါ။

ထွန်းအိန္ဒြာဗို
သင်္ကြန်ကတော့ မန္တလေး က Alpine  မဏ္ဍပ်မှာပဲရှိမှာပါ။ မန္တလေးမှာပဲ Alpine  နဲ့ ၁ဝ နှစ်လောက်ရှိပြီ။ Alpine  မတိုင်ခင်ကလည်း ၂နှစ်လောက် မန္တလေးမှာပဲဆိုဖူးတယ်။ သင်္ကြန်ကိုတော့ မန္တလေးမှာပဲ တောက်လျှောက်ဖြတ်သန်းတာ တော်တော်တော့ များနေပြီ။

မင်းသွေး
သင်္ကြန်အကြိုနဲ့ အကျနေ့ မှာ နေပြည်တော်မှာရှိမယ်။ ကျန်တဲ့ရက်တွေကတော့ ရန်ကုန်မှာရှိမယ်၊ မနှစ်က SIR  မဏ္ဍပ်မှာရှိတယ်။ဒီနှစ်က မျှော်စင်ကျွန်းက Grand Royal မဏ္ဍပ်မှာရှိမယ်။ ဒီနှစ်က တော် တော်ပူတော့ကျန်းမာရေးလည်း ဂရုစိုက်ကြ၊ ဖက်ရှင်ထုတ်ချင်တယ်ဆိုပြီး အင်္ကျီအထူကြီးတွေ မဝတ်ကြပါနဲ့လို့ပြောချင်ပါတယ်။

မောင်
ကျွန်တော် ဒီနှစ်လည်း ကန်တော်ကြီး ပတ်လမ်းမှာ မဏ္ဍပ်ဆောက်မှာပါ။ ကျွန်တော် မဏ္ဍပ်ဆောက်တာ ဒီနှစ်ပါဆို ရင် ၈နှစ်လောက်ရှိပြီ။

နန်းဆုရတီစိုး
ဒီနှစ်သင်္ကြန်က RC2  ရှေ့က My New April မဏ္ဍပ်မှာရှိ မှာပါ။ မနှစ်တုန်းက မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာဖြတ်သန်းခဲ့ တယ်။ ဒီနှစ်တော့ ရန်ကုန်မှာပဲနေမှာပါ။ဒီမဏ္ဍပ်တစ်ခုမှာပဲရှိ မှာပါ။

Rဇာနည်
သင်္ကြန်ကတော့ မန္တ လေးဗူစငညနမဏ္ဍပ်မှာပဲ ရှိဖို့ များပါတယ်။သင်္ကြန်မှာ သီချင်း ဆိုဖြစ်တာများပါတယ်။ အဆို တော်တစ်သက်ပါပဲ။ ဟိုးအဆို တော် ဘဝ  မတိုင်ခင်တုန်းက တော့ သင်္ကြန်ကို လည်တာတို့၊ မဏ္ဍပ်ထိုင်တာတို့ များတယ်။ အခုနောက်ပိုင်းကျတော့ များ သောအားဖြင့် အလုပ်နဲ့တွဲနေ တော့ မဏ္ဍပ်ပဲ ထိုင်ဖြစ်တယ်။

ဝါဆိုးမိုးဦး
မနှစ်ကဆိုရင် ပဲခူးနဲ့ရန် ကုန်ကို ဟိုကူးဒီကူးလုပ်တယ်။ သင်္ကြန်ဖီလင်ဆိုရင် ပရိသတ် တွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ခွင့် ရတယ်။ ဒီနှစ်ရန်ကုန်မှာ နေမယ်လို့စဉ်းစားထားပေမယ့် နေ ပြည်တော်ရောက်သွားတယ်။ ဝါဆိုဒီနှစ်နှစ်သစ်မှာ ဝါဆိုပရိ သတ်တွေအားလုံးကောင်း ကြိုး လိုရာ ဆန္ဒများပြည့်ပါစေလို့ ဆု တောင်းပေးပါတယ်။

ဇူးမြက်ထက်
ဒီနှစ်သင်္ကြန်ကတော့ နေပြည်တော်မှာ သီချင်းဆိုဖို့ရှိတယ်။ ကျွန်တော်တစ်ယောက်တည်းသွားဖြစ်မယ်ထင်တယ်။ မထက်ကတော့ ဘယ်မှာရှိနေမလဲမသေချာသေးဘူး။ အရင် နှစ်ကတော့ မြင်းမူမှာ သီချင်းဆိုကြတယ်။ ဒီနှစ်သင်္ကြန်မှာလည်း အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပြီး နှစ်သစ်မှာချမ်းသာကြွယ်ဝ စိတ်နှလုံးအေးချမ်းကြပါစေလို့ ဆု တောင်းပေးပါတယ်။

စန္ဒီမြင့်လွင်
ဒီနှစ်သင်္ကြန်ကို မျှော်စင် ကျွန်းကွမညွေျိသပေူ မဏ္ဍပ်မှာ သီချင်းဆိုရင်း ဖြတ်သန်း မှာပါ။ အနုပညာအလုပ် စလုပ်တဲ့အချိန် ၁၉ နှစ် အရွယ်ကတည်းက သီချင်းဆိုရင်း ဖြတ် သန်းတာပါပဲ။ သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ပျော်တာတွေလည်း သိပ်မရှိဘူး။

စံရတီမိုးမြင့်
အရင်နှစ်ကဆို အိမ်မှာပဲနေတယ်။ အပြင်မထွက်ဘူး။နောက်ဆုံးတစ်ရက်ပဲ အပြင်ထွက် ဖြစ်တယ်။ ဖီလင်ကတော့ ပျော်တာပေါ့။ ဒါပေမဲ့ အားလပ်ရက်မို့ နားဖြစ်တာပါ။ ဒီ နှစ်တော့ သူငယ်ချင်းတွေနဲ့ အတူ ရေတဝကြီးဆော့မယ်။ ၆၉.၄ မဏ္ဍပ်မှာရှိမယ်။ ပရိ သတ်တွေ အားလုံးနှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

ဆိုတေး
သင်္ကြန်ဆိုတာက ပျော်ပွဲ၊ ရွှင်ပွဲမြန်မာတို့ရဲ့ရိုးရာပွဲ တော် ကြီးတစ်ခုပါ။ဒါပေမဲ့ အပျော်က နေ အပျက်တော့မဖြစ်သင့်ဘူး ပေါ့။ ကျွန်တော်တို့ မြန်မာပြည် သူလူထုအနေနဲ့ဒီနှစ်မှာ ငြိမ်း ငြိမ်းချမ်းချမ်း၊ အေးအေးလူလူနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ပါ စေလို့ကျွန်တော် ဆုတောင်းပါ တယ်။ ကျွန်တော်ကိုယ်တိုင် လည်း ပျော်ပျော်ရွှင်ရွှင်၊ ငြိမ်း ငြိမ်းချမ်းချမ်းလေးနဲ့ ဖြတ်သန်း ချင်တယ်။  ဖြတ်သန်းရမယ်လို့ လည်းမျှော်လင့်ပါတယ်။ ဒီနှစ် သင်္ကြန်က ကမ္ဘာအေးဘုရား လမ်းနဲ့ ပြည်လမ်းမှာရှိမယ်။ ပရိ သတ်တွေကို သီချင်းတွေနဲ့ဖျော် ဖြေရမယ်ဆိုတော့ ရင်နည်း နည်းခုန်နေတယ်။

ခင်လေးနွယ်
သင်္ကြန်အတွင်းမှာ နှစ် တိုင်းပုံ မှန်လုပ်ဖြစ်တာကတော့ သီချင်းဆိုတယ်။ မနှစ်ကရော၊ ဒီနှစ်ရော မန္တလေး Alpine မှာ သီချင်းဆိုမယ်။နှစ်သစ်ကို ပျော် ပျော်ရွှင်ရွှင်နဲ့ဖြတ်ကူးပြီး နှစ် သစ်မှာလူတိုင်းလူတိုင်း အေး ချမ်းသာယာတဲ့ဘဝကိုပိုင်ဆိုင် နိုင်ကြပါစေ။

ခေမီကို
ဒီနှစ်က နေပြည်တော်မှာ ရှိမယ်။ အဆိုရော၊အကရော ဖျော်ဖြေမယ်။ဒီနှစ်နှစ်သစ်မှာ ပရိသတ်တွေ စိတ်ချမ်းသာ၊ကိုယ် ကျန်းမာလို့ ချမ်းသာကြွယ်ဝ မှုတွေ ပြည့်စုံပါစေ။

ဖြူဖြူကျော်သိန်း
ဖြူဖြူကတော့  ဒီတိုင်းပြည်မှာ နေထိုင်ကြတဲ့ အားလုံး ဒီနှစ်သင်္ကြန်မှာငြိမ်းချမ်းပါစေ၊ ပိုပြီးတော့ အန္တရာယ်ကင်းပါစေ၊ဦးနှောက်၊ နှလုံးသားနဲ့စဉ်းစားပြီး တစ်ယောက်နဲ့တစ်ယောက် မေတ္တာ ထားနိုင်ကြပါစေကြောင်း ဆုတောင်းပေးပါတယ်။ ဒီနှစ်သင်္ကြန်ကတော့ မန္တလေး  Alpine မဏ္ဍပ်မှာပဲရှိမှာပါ။

မိုးယံဇွန်
ဒီနှစ်တော့ ရန်ကုန်မှာ (၃)ရက်ရေ ဆော့မယ်။ GTI မဏ္ဍပ်မှာရှိမယ်။ ရန်ကုန်မှာ ၃ ရက်နေပြီးရင်နေပြည်တော် သွားမယ်။သီချင်းဆိုမယ်။ နှစ်သစ် မှာကျန်းမာပျော်ရွှင်ချမ်းသာ သုခကြွယ်ပါစေ။

မေဖြူဖြူ
ဒီနှစ်က ရန်ကုန် Sky Net  မဏ္ဍပ်မှာရှိမယ်။ သီချင်းဆိုရမှာပါ။လူသားအချင်းချင်း ချစ်ချစ်ခင်ခင်စည်း စည်းလုံးလုံး နေကြရင်အကောင်းဆုံးပါ။ ဒီလိုလူသားအချင်းချင်း ပြဿနာဖြစ်နေမယ့်အစား ကိုယ်နေထိုင် တဲ့ကမ္ဘာကြီးကိုပဲအတူတူ လက်တွဲသင့်တယ်လို့ ထင်ပါတယ်။

ယုန်လေး
ကမ္ဘာအေးဘုရားလမ်း မပေါ်က 5 Plus မဏ္ဍပ်မှာရှိ ပါမယ်။ ကျွန်တော်အဲဒီမဏ္ဍပ် မှာဖျော်ဖြေမှာဖြစ်သလို၊ ရေလည်း ပက်မှာပါ။အရင်နှစ်က မန္တလေးမှာရှိခဲ့တာပါ။

ကျော်ထွဋ်ဆွေ
ကျွန်တော်ဒီနှစ် 69.4  မဏ္ဍပ်အပြင် တခြားမဏ္ဍပ်တွေမှာလည်း ဖျော်ဖြေဖို့ရှိပါတယ်။ ဒီနှစ်သင်္ကြန်လူမျိုးမရွေး၊ဘာသာမရွေးနှစ်သစ်ကူးမှာဘေး မသီရန်မခဘဲ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။

Bobby Soxer

ဒီနှစ်  69.4 မဏ္ဍပ်အပြင် အခြားမဏ္ဍပ်တွေမှာဖျော်ဖြေဖို့ ရှိပါတယ်။ သင်္ကြန်မဏ္ဍပ်မှာတော့သင်္ကြန်နဲ့ပတ်သက်တဲ့ အမြူး သီချင်းတွေဆိုဖို့များမယ်။


popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment