Monday 13 May 2013

အတိုက်အခံပါတီ...


ယောက္ခမဖြစ်သူဟာ သူ့ရဲ့အသစ်စက်စက် ချွေးမဖြစ်သူကို သူတို့ရဲ့ အိမ်အကြောင်းကို ရှင်းပြနေပါ
တယ်။
"အမေကတော့ ဒီအိမ်ရဲ့ ပြည်ထဲရေးဝန်ကြီးရော၊ ဘဏ္ဍာရေးဝန်ကြီးပါ လုပ်တယ်။ သမီးရဲ့
ယောက္ခထီးက နိုင်ငံခြားရေးဝန်ကြီးပေါ့ကွယ်။ အမေ့သား၊ သမီးရဲ့ယောက်ျားကတော့ စီးပွားရေးရာ
ဝန်ကြီးပေါ့။ သူ့ညီမ၊ အမေ့ရဲ့သမီးကတော့ စီမံကိန်းနဲ့ တိုးတက်ရေးဝန်ကြီးကွဲ့ .. သမီးရဲ့"လို့
ပြောလိုက်ပါတယ်။
"ဒီတော့ သမီးကရော ဘယ်လို ၀န်ကြီးဌာနမျိုးကို ဦးဆောင်ချင်သလဲ"လို့လည်း ချွေးမဖြစ်သူကို
မေးခွန်းထုတ် လိုက်တဲ့အခါ
အပြုံးလေးနဲ့ ချွေးမက ချက်ချင်းပြန်ပြောလိုက်တာက "မေမေ ရယ် ..
သမီးက အတိုက်အခံပါတီ ထောင်လိုက်မှာပေါ့"တဲ့။

မြန်မာတိုင်း မှ သိသမျှ ။

No comments:

Post a Comment