Monday 13 May 2013

အနုပညာလောက တစ်ကျော့ပြန် ဝင်လာတဲ့ ရာဇာနေဝင်း နဲ့ ‘ပူးတွဲချန်ပီယံ ‘


ဒီတစ်ပတ် မှာတော့ “ပူးတွဲချန် ပီယံ” ဆိုတဲ့ ဇာတ်ကားကို ရုပ်ရှင် အစည်းအရုံးမှာ ဆက်တင် တည်ပြီး၊ အောင်သီရိ ထုတ်လုပ်ရေး အတွက် ဇာတ်ညွှန်း နေစိုးသော် ရဲ့ ဇာတ်လမ်း ကိုလူမင်း၊ ရာဇာနေဝင်း၊ စံရတီမိုးမြင့် တို့က ပါဝင် သရုပ်ဆောင်ထား ကာ ဒါရိုက်တာ ညွှန့်မြန်မာညီညီ အောင်က ရိုက်ကူးနေတာ ဖြစ်ပါ တယ်။ ရွာထဲမှာ လူပျိုကြီးနှစ် ယောက် မိန်းကလေးတွေ ကို အပြိုင်ကြိတ်ပိုးလေ့ ရှိရာက နောက်ဆုံး မတည့်ကြတဲ့ လူမင်း နဲ့ ရာဇာနေဝင်း တို့က စိတ်ကူးထဲမှာ တိုက်ခိုက်နေကြတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးနေတာ တွေ့ခဲ့ရပါတယ်။ ကျေးလက် ဟာသ ဇာတ်ကားဖြစ်လို့ ပရိသတ်တွေ ရယ်မော ပျော်ရွှင်စေမယ့် ဇာတ်ကား တစ်ကားဖြစ် တယ် လို့ ရိုက်ကူး တင်ပြနေတဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က “ဒီဇာတ်လမ်း လေးကကျေးလက် ဟာသ ဇာတ်လမ်းပုံစံလေးပါ။ ဒီဇာတ်ကားထဲမှာ လူမင်း နဲ့ ရာဇာနေဝင်းတို့က လူပျိုသိုးကြီးတွေ ဖြစ် သွားကြ တယ်။ ရွာမှာ သူတို့လိုက်ဖို့  ချိန်လိုက်ပြီ ဆိုရင် အဲဒီ ကောင်မလေးက သူများနောက်ကို ပါပါသွားတယ်။ နှစ်ယောက်စလုံး က ချိန်ပါဖြစ်ပြီး ကျန်ရစ်ဖြစ်ခဲ့ရတယ်။ စံရတီကမြို့မှာ ဆေးကျောင်း သွားတက်ပြီး ရွာကို ဆရာဝန် အနေနဲ့ ပြန်လာတယ်။ အဲဒီမှာ လူပျိုကြီး နှစ်ယောက်စလုံးက အပြိုင်ပိုး လို့ရပြီဆို ပြီး ထုံးစံအတိုင်း အပြိုင်ပိုးကြတယ်။ အဲဒါလေးကိုပဲ ဟာသ အနေနဲ့ အပျော်လေး ရိုက်ကူးထားတယ်။ ပရိသတ် တွေလည်း
ကြည့်ပြီး ပျော်သွားရမယ့် ဇာတ်ကားလေး ဖြစ်တယ်” လို့ ပြောပြပါတယ်။ ရာဇာနေဝင်းနဲ့ အတွဲညီညီ ရိုက်ကူးရင်းနွေရာသီ နေအပူဒဏ် ကြောင့် ချွေးသံ တရွှဲရွှဲဖြစ်ပေမယ့် ကျရာ ဇာတ်ရုပ်မှာ ကြိုးစား သရုပ် ဆောင်နေ တဲ့ လူမင်း ကလည်း “ကိုရာဇာနဲ့ မရိုက်တာကလည်း ကြာပြီ။ နေကလည်းပူ၊ ရာသီဥတု ဒဏ်ကလည်း တော်တော် ခံရတယ်။ ဇာတ်ကားက ရယ်ရတဲ့ ကားဆိုတော့ ပျော်ဖို့လည်း ကောင်းပါတယ်။ ဟိုးအရင် ကတည်းက ကိုရာဇာ နဲ့ကားတွေ ရိုက်ခဲ့တာ။ အခုသူနားပြီး ပြန်ရိုက်တော့လည်း အရင်အတိုင်းပါပဲ။ ကျေးလက် ကားလေးလည်း ဖြစ်တော့ ကိုရာဇာကြီးကို ပြန်ပြီး ပွဲထုတ်တာ။ ဇာတ်လမ်းလေးကလည်း သူနဲ့ လိုက်တယ်လေ။ ဒီဇာတ်ကား က ဒါရိုက်တာရဲ့ တင်ပြပုံက လည်းကောင်းတော့ ရိုက်ကူး ကတည်းက ပရိသတ် ကြိုက်မယ်လို့ ကျွန်တော် ခံစားမိတယ်” လို့ ပြောပြပါတယ်။ ပရိသတ်တွေ အတွက် ခဏတာ အမောတွေ ပြေပျောက် သွားစေမယ့် “ပူးတွဲချန်ပီယံ” ဆိုတဲ့ ကျေးလက်ဟာသ ဇာတ်ကား ရိုက်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။


မေမွန်မောင်၊လွင်လွင်ထွန်း 

popular myanmar .com မှ သိသမျှ ။



No comments:

Post a Comment