Wednesday 29 May 2013

ကမ္ဘာ့ပထမဆုံးဇီဝခြေအတုတပ်ဆင်ထားတဲ့ကြောင်ကလေး


အမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်မှာနေထိုင်တဲ့ လယ်သမားမိသားစုဟာ
Oscar ဆိုတဲ့ကြောင်ကလေးကိုပိုင်ဆိုင်ထားပါတယ်။ အသက် ၂ နှစ်ခွဲအရွယ်ရှိပြီဖြစ်တဲ့ Oscar ဟာပြောင်းဖူးချွေစက်အတွင်း မတော်တဆပြုတ်ကျရာမှ သူ့ရဲ့နောက်ခြေနှစ်ဖက်ကိုဆုံးရှုံးသွားခဲ့ပါတယ်။ ထိုအခါ၎င်းရဲ့ပိုင်ရှင်မိသားစုမှတိရိစ္ဆာန်စောင့်ရှောက်ရေးဌာနမှာOscarကိုဇီဝခြေတုနှစ်ဖက်တပ်ဆင်ပေးခဲ့

ပါတော့တယ်။ဇီဝခြေတုတပ်ဆင်ထားတဲ့ ကြောင်ကလေးOscarဟာတိရိစ္ဆာန်တွေထဲမှာ ခြေတုတပ်ဆင်ခြင်းကို
ပထမဆုံးစမ်းသပ်အောင်မြင်ခဲ့တာပါ။ထိုကဲ့သို့ဇီဝခြေတုတပ်ဆင်ထားပေမယ့်မူလကအတိုင်းပုံမှန်

 ကြောင်တစ်ကောင်လို သွားလာနိုင်နေတဲ့ Oscarဟာ သူ့ရဲ့လောကဓံကို ကြံ့ကြံ့ခံနိုင်မှုတွေကြောင့်
ဂင်းနစ်စံချိန်မှာဖော်ပြပေးဖို့ထိုက်တန်ခဲ့ပါတယ်။




No comments:

Post a Comment