Tuesday 28 May 2013

‘မျက်လုံးလေးက လယ်ကလယ်’ ဇာတ်ကား နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အပေါ် ဒါရိုက်တာ ဝင်းထွန်းထွန်း ရဲ့ ရှင်းလင်းချက်


“သူ့ထံပါး” ဇာတ်ကားကို ဒါရိုက်တာ ဝင်းဝင်းထွန်းက အောင်ရဲလင်း၊ ညီထွဋ်ခေါင်၊ ဝတ်မှုံရွှေရည် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေး က “သူ့ထံပါး” ဆိုတဲ့ ဇာတ်ကား အမည် နဲ့ လိုက်အောင်ကောင်လေး တစ်ယောက် ရဲ့ အနားကို ကောင်မလေးက ချဉ်းကပ်ရတဲ့ အချစ် ဇာတ်လမ်းလေး ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေး ရဲ့ ထူးခြားချက်ကတော့ အောင်ရဲလင်းက စကားတစ်လုံးမျှ မပြောဘဲ နောက်ဆုံးမှာမှ စကား ပြောရတာ ဖြစ်ပြီး ဇာတ်ရဲ့မြှုပ်ကွက် လေးဖြစ်အောင် ရိုက်ထားတယ်လို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောပါတယ်။
ဇာတ်လမ်း အဆန်းလေးတွေ ကို ရိုက်ကူးတင်ပြနေတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းက အခု တစ်လောမှာ ထွက်ရှိထားတဲ့ “မျက်လုံးလေးကလယ် ကလယ်” ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို “ဒီဇာတ်ကားလေးကို ရိုက်ရတာ ကျွန်တော်တို့ အတွက် တအား ခက်ခဲပါတယ်။ တင်ပြရတဲ့ အခါမှာလည်း ည၇နာရီကနေ ည၁၁ နာရီ ကြားမှာ ဖြစ်သွားတဲ့ အဖြစ် အပျက်ကို ရိုက်ရတဲ့ အတွက် ၄နာရီထဲ မှာပဲရှိတယ်။ ၄နာရီတည်းနဲ့ကား ကိုပြီးအောင် ရိုက်ထားတယ်။ ပါတဲ့ သရုပ်ဆောင်တွေ အားလုံးကလည်း အင်္ကျီ တစ်ထည်တည်း ဝတ်ရတယ်။ ပရိသတ် ကြည့်လိုက်ရင် ဆွဲဆောင်မှု ရှိအောင် ကျွန်တော်တို့ ရိုက်ကူး တင်ပြထားပါတယ်။ ဒါပေမဲ့ ဒီဇာတ် ကားလေး ထွက်လာတဲ့အခါမှာ
ကိုယ် တို့ရဲ့ လောကသားထဲက တစ်ယောက် ကပဲဒီဇာတ်ကားထဲမှာ ကိုးတန်း ကျောင်းသူ တစ်ယောက်က နမ်းတဲ့ အဆင့် ရိုက်တယ် ဆိုပြီး ဝေဖန်ပြောတယ်။ သရုပ်ဆောင်တဲ့ သူက ဇာတ် ကားထဲမှာ ကိုးတန်း ကျောင်းသူ မဟုတ်ပါဘူး။ ဆရာမ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားတာပါ။ အပြင်မှာတော့ ကိုးတန်းကျောင်းသူ ဖြစ်ချင်ဖြစ်မယ်။ ဒီဇာတ်ကားထဲမှာ တော့ လုံးဝ မဟုတ်ပါဘူး။ ပရိသတ် ကို ဇာတ်နဲ့ လိုက်ပြီး ထင်ယောင်ထင် မှားဖြစ်အောင် သရုပ်ဆောင်ထား တာပါ။ ဘယ်လိုပဲ ဝေဖန်မှုတွေလုပ် ပါစေ ကျွန်တော်တို့ ကလည်း ဝေဖန်မှုကို လက်ခံပါတယ်။ ဝေဖန်မှုကို မခံနိုင်ဘဲနဲ့ ကျွန်တော် အနုပညာ သမား မလုပ်ပါဘူး။ ဒီဇာတ်လေးက သာမန် ချစ်ကြိုက်ကွဲ ညားဇာတ်မျိုး လည်း မဟုတ်ပါဘူး။ အနုပညာကို အကောင်းဆုံး ကြိုးစားပြီး ပြထားပါတယ်။ နောက်ပြီး ဒီဇာတ်ကားထဲ မှာပါတဲ့ မင်းသမီး နှစ်လက်လုံးကို ပါတဲ့ မင်းသား နှစ်လက်လုံးက လုံးဝမ နမ်းသွားပါဘူး။ လုံးဝလည်း အာမခံ နိုင်ပါတယ်။ ဇာတ် လမ်း သဘောအရ ပရိသတ်ကို ကင်မရာတွေနဲ့ လှည့်စား ထားတာသာ ဖြစ်ပါတယ်။ ဒီလို ရိုက်ပြချက်ကလည်း ကိုယ်တို့ အမြင်နဲ့ ကြည့်မယ် ဆိုရင် ယဉ်ကျေးသိမ် မွေ့ဆုံးလို့လည်း လက်ခံပါတယ်။ ဒီလိုပြလိုက်တဲ့ အပေါ်မှာလည်း ကျွန်တော်က ပရိသတ်ကို ဒီလို sexy နဲ့ ပတ်သက်ပြီး ငါ့ဆီကို ပါလာရမယ် ဆိုတဲ့ ရည်ရွယ်ချက်လည်း လုံးဝ မရှိပါဘူး။ အခု အချိန်မှာ မရှိသလို သေတဲ့ အထိလည်း ရှိလာမှာမဟုတ် ပါဘူး။ လုံးဝလည်း အာမခံပါတယ်။ ကျွန်တော့်ရဲ့ကားလေးကို ကြည့်ပြီး မှားလို့ ရှိရင်လည်း ဝေဖန်ပါ။ မှန်တဲ့ ဝေဖန်ပေးမှု အပေါ်မှာ အကြံပြုမူ တွေကိုလည်း ကျွန်တော် လက်ခံပါ တယ်။ ကိုယ့်ဘက်က လည်း လုံးဝပရိ သတ်ကို အမှန်တရား ပြောပါတယ်” လို့ ဝင်းထွန်းထွန်း က ဆိုပါတယ်။
အခုလို ဝေဖန်မှုတွေက တကယ့် ပရိသတ် အစစ်မှန်တွေ ကသာ ဝေဖန် အကြံပေးတယ် ဆိုရင်တော့ တင်ပြမှုပိုင်း နဲ့ ပတ်သက်ပြီး ရိုက်ကူး မှုပိုင်းကို ဆုံးဖြတ် သွားမှာပါလို့ ပြောလာတဲ့ ဝင်းထွန်းထွန်း က..  “တကယ့် ပရိသတ် အစစ်အမှန်က ဒီလို ပြကွက်တွေကို လက်မခံဘူး ဆို ရင် ကျွန်တော့်ဘက်က ဆက်ပြီး မလုပ်ပါဘူး။ တစ်ချိန်တုန်းက ဒီလို Sex အခန်းမျိုး ဆိုရင် နှင်းဆီပန်း လေးကြွေတာလောက်ပဲ ရိုက်ခွင့်ရှိ ခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်း မှာ ကျွန်တော်တို့က အတတ်နိုင်ဆုံး မြန်မာ ယဉ်ကျေးမှုကိုလည်း မထိခိုက် ရအောင် ဇာတ်ကားနဲ့ လိုက်ဖက်မှု ရှိအောင် ယဉ်ကျေး သိမ်မွေ့ဆုံးနဲ့ မြန်မာ ဆန်အောင်တော့ ရိုက်ပြနေပါ တယ်။ ဒီလိုပြကွက်မျိုးကို ပရိသတ်တွေက လက်မခံနိုင်ဘူး ဆိုရင် ကျွန်တော်တို့က ပြုပြင်မှာပါ။ ပရိသတ် အစစ်အမှန် ကဝေဖန်တယ်။ ထောက်ပြတယ် မလုပ်သင့်ဘူးလို့ ပြောလာရင်တော့ ကျွန်တော့်ဘက်က ဆက်ပြီး မလုပ်ပါဘူး။ ပရိသတ် အစစ်အမှန်ထဲက မဟုတ်ဘဲ ဝေဖန် တယ်ဆိုရင်တော့ ကျွန်တော့်ဘက်က ဆက်ရိုက်သင့်၊ မရိုက်သင့်ကို စဉ်းစား ပြီး အနုပညာ ပြောင်မြောက်ဖို့ အတွက် ဆက်ပြီး ဖန်တီးသွားမှာပါ”လို့ ပြော ပါတယ်။


popular myanmar.com မှ သိသမျှ ။


No comments:

Post a Comment