Monday 6 May 2013

လွန်ခဲ့သော နှစ်ပေါင်း ၈၀ က အင်္ဂလန်နိုင်ငံ ဆပ်ကပ်အဖွဲ့တစ်ဖွဲ့တွင် ပဒေါင်အမျိုးသမီး ပါဝင်ပြသခဲ့


ပြည်ထောင်စု မြန်မာနိုင်ငံတော် ကယားပြည်နယ်မှ လည်ပင်းတွင် ကြေးကွင်းများဖြင့် ဆင်မြန်းထားသော လည်ပင်ရှည် ပဒေါင်း အမျိုးသမီး များကို ကမ္ဘာလှည့် ခရီးသည်များက အထူးစိတ်ဝင် စားကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကလည်း အင်္ဂလန်မှ ကျော်ကြားသော အိုလံပီယာ ဆပ်ကပ် အဖွဲ့ ( Olympia Cirus) သည် ကယားပြည်နယ် ဒီမောဆိုးမြို့နယ်မှ ပဒေါင် ဇနီးမောင်နှံ တို့ကို အင်္ဂလန်သို့ ခေါ်ဆောင် လာပြီး ဆပ်ကပ် အဖွဲ့များတွင် မြန်မာနိုင်ငံမှ လည်ပင်းရှည် ပိုင်ရှင် (Burmess Giraffe necked women) ဟုဆိုကာ ဆပ်ကပ် ပွဲများတွင် လှည့်လည် ပြသခဲ့ရာ ဥရောပနိုင်ငံ အနှံ့ ရောက်ခဲ့သည်ဟု ဆိုပါ သည်။
ဆပ်ကပ် အဖွဲ့တွင် ပါဝင် ပြသခြင်းခံ ရသော ပဒေါင် အမျိုးသမီးမှာ မူစဝေ (MuSwai) ဖြစ်သည်။ မူစဝေသည် ဆပ်ကပ် အဖွဲ့နှင့်အတူ အင်္ဂလန် နိုင်ငံတွင် နေထိုင် ခဲ့စဉ်အတွင်း သားယောကျာ်းလေး တစ်ဦး မွေးဖွားခဲ့ပုံနှင့် ပတ်သက်၍ ၁၉၃၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ ထုတ်ဝေသော "Ringling Bros, Burmum-Bailey Circus Magazine" က မူစဝေ၏ ဓာတ် ပုံနှင့်တကွ "Mu Swai ,One of the Burmese giraffnecked women at ပဒေါင်း အမျိုးသမီးများ၏ လည်ပင်းတွင် ကြေးကွင်း ဆင်မြန်း ထားပုံကို အနောက်နိုင်ငံ စီးပွားရေး ကြော်ငြာများနှင့် ရုပ်မြင်သံကြား များတွင် မကြာခဏဆို သလို ဖော်ပြလေ့ ရှိသည်။
မြန်မာနိုင်ငံမှ ပန်းချီ ဆရာများကလည်း ပဒေါင် အမျိုးသမီးပုံကို ရှုထောင့် အမျိုးမျိုးမှ နေ၍ ရေးဆွဲ မှတ်တမ်း တင်ပြီး ကြော်ငြာများတွင် ထည့်သွင်း ဖော်ပြ ခဲသည်ကို တွေ့ရသည်။ ပဒေါင် အမျိုးသမီး များ၏ ဆံထုံးထုံး ပုံမှာ သာမန် ထုံးရိုး ထုံးစဉ်မျိုး မဟုတ်ဘဲ ဆံထုံး ထိပ်တွင် ဆံထိုး ချွန်ကြီးကို စိုက်ပြီး အောက်ဘက်တွင် ဆံထိုး အဝိုင်းကြီးနှစ်ခု ကို အထက်အောက်ဆင့်၍ စိုက်ထား သည်။ ဆံထိုး အဝိုင်းသည် ကျပ်ပြားခန့် လိပ်ငွေကြိုးများကို လည်ပင်းတွင် ဆွဲထားသည်။
လည်ပင်းတွင် ကြေးခွေများ လည်း စွပ်ထားသည်။ ကြေးကွင်း များသည် ခေါင်းပွဖြစ်ပြီး လည်ပင်း တစ်ခုလုံးတွင် ဆင်ယင်ထားသော ကြေးခွေများ၏ ပုံသဏ္ဍန်မှာ
အလယ်တွင် သိမ်းပြီး အပေါ်နှင့်အောက်ဘက်သို့ ကျယ်၍ သွားလေသည်။ လည်ပင်းတွင် ကြေးခွေဆင်ထား သကဲ့သို့ ဒူးအောက်ခြေ သလုံးတွင် ကြေးခွေများကို စွပ်၍ ထားကြသည်။ အမျိုးသမီးများ ထိုင်သည့်အခါတွင် ဒူးကွေး၍ မထိုင်နိုင်ဘဲ ခြေဆင်း၍ ထိုင်ရသည်မှာ ထိုခြေသလုံးရှိ ကြေးခွေများ ကြောင့်ပင်ဖြစ်သည်။ လည်ပင်းနှင့် ဖြေသလုံးတွင် သာမက ခြေမျက်စိမှ အပေါ်ဘက် အထိလည်း ကြေးခွေများကို စွပ်ထားသည်။
ယခုအခါတွင် အမျိုးသမီး အတော်များများပင် ကြေးခွေများဖြင့် ဆင်ယင်ထားခြင်း မရှိတော့။ ရှေးဆန်သော ရွာအချို့တွင် သာ ကြေးခွေများစွပ်ထားသော အမျိုးသမီး အနည်းငယ်ကိုသာ တွေ့ရတော့သည်။ ထိုင်းနိုင်ငံတွင် ပဒေါင်းအမျိုးသမီးများကို ကမ္ဘာ့လှည့် ခရီးသည် များအား ပြသ၍ အခကြေးငွေ ယူခဲ့ဖူးကြောင်း သိရသည်။ ကယားပြည်နယ်တွင် တိုင်းရင်းသား အမျိုးအနွယ်ပေါင်း ၁၀ မျိုး နေထိုင် လျက်ရှိရာ ယင်းအထဲတွင် ပဒေါင်သည် လူမျိုးနွယ် တစ်ခုဖြစ်သည်။ ပဒေါင် တိုင်းရင်းသား များအား ယခုအခါ ကယန်းတိုင်းရင်းသားဟု ခေါ်ဝေါ်ကြသည်။ ပဒေါင်ခေါ် ကယန်းတိုင်းရင်းသားများကို ကယားပြည်နယ် ဒီမောဆိုးမြို့နယ်တွင် အများဆုံး တွေ့ရသည်။ ကယားပြည်နယ်ရှိ တိုင်းရင်းသား များအနက် ပဒေါင်သည် ကယားတိုင်းရင်းသား ပြီးလျှင် တတိယ လူဦးရေ အများ ဆုံးဖြစ်သည်။

မေမြို့ချစ်ဆွေ

ပြည်မြန်မာ သတင်းဂျာနယ် မှ သိသမျှ ။




No comments:

Post a Comment