Monday 6 May 2013

ကမ္ဘာ့ ပြိုင်ပွဲများဆီ လှမ်းချီနိုင်မည့် မြန်မာ MISS လှပျိုဖြူလေးများနှင့်ဘဝအောင်မြင်မှုအခွင့်အလမ်း


မြန်မာပြည်က MISS အလှမယ်တွေဟာ နိုင်ငံတကာပြိုင်ပွဲတွေဆီ အထိ တက်လှမ်းသီကာ အောင်မြင် မှုတွေ ရယူနိုင်ပြီဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာမှာမြန်မာရယ်လို့ဖြစ်အောင် စွမ်းစွမ်းတမံ စွမ်းဆောင် ကြသူတွေထဲမှာ မြန်မာMISS အလှ မယ်တွေလည်း ပါဝင်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့်  မြန်မာMISS အလှ မယ်တွေကို တွေ့ဆုံလို့  ပြည်တွင်း MISS ပြိုင်ပွဲနဲ့  နိုင်ငံတကာMISS ပြိုင်ပွဲအတွေ့အကြုံတွေအပြင် ပရဟိတလူမှု အကျိုးပြုလုပ်ငန်းတွေ မှာ ပါဝင်ဆောင်ရွက်နေကြပုံတွေရယ်၊ လူငယ်တွေက စံထားဖွယ်ရာ အောင်မြင်မှု ပန်းတိုင်ဆီတက်လှမ်း နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် စိတ်တွေနဲ့ မိမိ ဖြစ်ချင်တာတွေကို မဆုတ်မနစ် ကြိုးစားရယူခဲ့ကြပုံတွေအကြောင်း  စကားဝိုင်းဖွဲ့  ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

နန်း- တွေ့ရတာဝမ်းသာပါတယ်။ နှင်းယမုံဦး တို့ ဟန်သီတို့ဆို အတွေ့ အကြုံတွေ အများကြီး ရှိတယ်။ ကိုယ့်မှာက မော်ဒယ်ကနေ မဟုတ်ဘဲ ပြိုင်ခဲ့ ရတယ်။ မမျှော်လင့်ဘဲMiss Myanmar  တစ်ယောက်ဖြစ်လာခဲ့တယ်။ ကိုယ် ရှိတဲ့အလုပ်ပဲဆက်လုပ်ခဲ့တယ်။နောက်ဂျပန်နိုင်ငံကMiss Myanmar International ပွဲကို ပြိုင်ဖို့ by name  နဲ့ခေါ်လာတဲ့အချိန်မှာ တအားပျော်ခဲ့ တယ်။ ပြိုင်လည်း ပြိုင်ချင်တယ်။ မပြိုင်လည်း မပြိုင်ချင်ဘူး။ ကိုယ်က ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်လည်းမဟုတ်ဘူး။ ပို့စ်ကောင်းကောင်းမပေးတတ်ဘူး။ သင်ပေး မယ့် သူလည်း မရှိဘူး။ ပြိုင်ဖို့က အချိန် ၁၅ရက် လောက်ပဲ ကျန်တော့တယ်။ ထရိန်း လုပ်ပေး မယ့်သူမရှိဘူး။ အဓိက ပြဿနာက အဝတ် အစားပြဿနာ၊swim suit  ပြဿနာ၊ မိတ် ကပ်ပြဿနာတွေနဲ့ပဲ နပန်းလုံးခဲ့တယ်။ ပြိုင်ခဲ့တော့ မမျှော်လင့်ဘဲ ပရိသတ်ပေးတဲ့ ဆုကိုရ ခဲ့တယ်။

နှင်း- အခက်အခဲဆိုတာ ဘယ် အလုပ်မဆိုရှိမှာပဲလေ။သူများနိုင်ငံ မှာသွားပြိုင်တော့ ပိုပြီးအခက်အခဲရှိ နိုင်တယ်။ အဲဒီအခက်အခဲဖြစ်ခဲ့ ရတာတွေ ကို ညီမတို့ကို ပြန်ပြီး ဝေမျှ ပေးပါဦး။


နန်း- အခက်အခဲတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အရင်ဆုံး မြန်မာနိုင်ငံက မယ်နဲ့  International  ကမယ်နဲ့ယှဉ်လိုက်ရင် တအား ကွာတာတွေ့ ရတယ်။ သူ များနိုင်ငံမှာဆို ဥပမာMiss Myanmar  က ဂုဏ်ရည်အေးကျော် ရသွားပြီဆိုရင် သူက Crown ဆောင်းရတဲ့ သူဖြစ်တဲ့အတွက် သူ့နော က်မှာ အားလုံး လိုက်လုပ်ပေးမယ့်သူတွေ အများကြီးရှိတယ်။ အင်္ကျီ၊မိတ်ကပ်ကအစ ဘယ်လိုဝတ်ရမယ်ဆိုတာ အစီအစဉ်ဆွဲမယ့်သူ တွေ အများ ကြီးရှိတယ်။ အခုနန်းခင်ဇေယျာ Miss Myanmar  ရပြီးတဲ့အချိန်မှာ  ထရိန် နင်ပေးမယ့်သူလည်း မရှိဘူး။ ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်နေတာ။ ကိုယ်က မော်ဒယ် လောက ကနေလာတဲ့သူမဟုတ်တော့ ကြော်ငြာ လုပ်ငန်းကို ဘယ်လိုစဝင်ရမယ်ဆိုတာ မသိဘူး။ ဘယ်သူ့ကိုချိတ်ဆက်ရမ လဲဆိုတာ မသိဘူး။ အဲဒီမှာ အခက် အခဲတွေ့တယ်။ International ကို သွားပြိုင်တဲ့ အချိန် ကိုယ်သာမပြိုင်ခဲ့ရင် နန်းခင်ဇေယျာဆိုတာဖြစ်လာခဲ့မှာ မဟုတ်ခဲ့ ဘူး။ Experienceရခဲ့မှာလည်းမဟုတ်ဘူး။ အခုဂုဏ်ရည်အေးကျော် တို့သွားပြိုင်ရမှာဆို တစ်လသွားရမယ်။  Miss World  ဆိုလည်း တစ်လပဲ။ ဒီမြန်မာနိုင်ငံမှာဆို ဆယ်ရက်နဲ့ အပြီးလုပ်ရတယ်။ Miss  က တော်ရုံမဟုတ်ဘူး။ ဖြတ်ထိုးဥာဏ်လည်း တော်တော်ရှိရတယ်။ သင်တန်းေ တွလည်းတက်ရတယ်။ Talk  တစ်ခု ချပေးလိုက်ပြီဆိုရင် ဥပမာ ကလေးငယ်တွေ အတွက် ကင်ဆာဆိုရင် ကိုယ်က မြန်မာနိုင်ငံကဆိုမေးခွန်းမေးရ မှာ ကြောက်တယ်။ ကိုယ်မေးလိုက်ရင် အမှားပါသွားမလား ဆိုတဲ့စိတ်ရှိတော့ အီးအဲလုပ်လို့မရဘူး။တစ်ခါ တည်း ဖြေမှရတယ်။ ကိုယ်ဖြေလိုက် တဲ့ အဖြေကလည်း အင်တာနက်က နေ တစ်ခါတည်း တန်းသွားတာ။ ကိုယ်ဖြေလိုက်တာ မှားရင် အရှက် ကွဲဦးမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုရှိအောင် လုပ်ရတယ်။ သူတို့မေး ခွန်းမေးတဲ့အချိန်မှာ ဘယ်လို Readyဖြစ်အောင် ဖြေမလဲပေါ့။ မြန်မာနိုင်ငံမှာဆို မေးခွန်းတွေက လွယ်တယ်။ ဟိုမှာက ဘယ်လိုလူကို ဘာကြောင့် အားကျတာလဲ။ ဘယ် လိုအချက်အလက်တွေကြောင့်လဲဆို တော့ ကိုယ်က International ပြိုင် ပွဲဝင်နေ တဲ့အချိန်မှာ ကိုယ့်ရဲ့စံပြ ကို ဘာကြောင့် အားကျတာလဲဆိုတာ အချက်အလက်ရှာရတယ်။ သူတို့ ဆိုတစ်ဖက်တစ်ခါလောက်မေးခွန်း မေးတဲ့အခါ Internet  ကနေDownload လုပ်ပြီး မေးခွန်းတွေ ဖြေခဲ့ရတယ်။ စာလည်းတော်တော် ဖတ်ထားရမယ်။ အင်္ဂလိပ်စကား ကလည်း တအားမပြောတ တ်ရင် တောင်မှသူများပြောတာ နည်း နည်းနားလည်ရမယ်။ အဖွဲ့ထဲမှာဆို နားမလည်တဲ့သူပါတော့ ဘာသာပြန် တဲ့သူက ပြောပေးတယ်။ ဒါပေမဲ့ အခက်အခဲရှိတာပေါ့။ အခြေခံဗဟု သုတအနေနဲ့ အင်္ဂလိပ်စာကို နည်း နည်းလေ့လာသွားသင့်တယ်။ ပွဲပြိုင် တဲ့အချိန် Swim Suit ဝတ်တဲ့အချိန် မှာ ဒုက္ခတော်တော်ရောက်တယ်။ ကိုယ်လည်း မဝတ်ဖူးဘူး။Swim Suit  ကို ဝတ်တဲ့အချိန်မိတ်ကပ်လိမ်း တာကအစ မသိခဲ့ဘူး။ မြန်မာနိုင်ငံ မှာသာ မိတ်ကပ်ဆရာပြင်တာပဲ နေခဲ့တာ။ အဲဒီမှာက ကိုယ်တိုင်ပြင် ရတဲ့အချိန်တွေရှိတယ်။ ကံကောင်း တာက ကိုယ်နဲ့နေတဲ့အခန်းဖော်က Asia  ကတစ်ေ ယာက်ဖြစ်တော့ သင် ပေးပါလားဆိုတော့ သူက သေချာ သင်ပေးတယ်။ နောက်ဆုံးFinal  မှာ ပြဿနာက မိတ်ကပ်ပဲ။ ဟိုမှာက မိတ်ကပ်ဆရာက Make up box နဲ့ အပြည့်မပါဘူး။ သူတို့နဲ့ပြင်မယ်ဆို တော့ မျက်တောင်တု ဟိုဘက်ခုံက ပြေးယူ၊ ပါးနီ ဒီဘက်ခုံက ပြေးယူ တယ်။ မိတ်ကပ်ပြင်ဖို့က ၈ယောက် တစ်ဖွဲ့ဆိုတော့ တစ်ယောက်ပြင်ရင် အကုန်ထိုင်စောင့်နေရတာ။မိတ် ကပ်တာ နှစ်ယောက်ပဲပါတာလေးပွဲ ချိန်ကလည်း နီးနေပြီ။ ကိုယ်က ထိုင် မသိမ်းနဲ့ဆိုတော့ တော်ပြီကိုယ့်ဘာ သာပဲ ပြင်တော့မယ်ဆိုပြီးကိုယ်တိုင် ပြင်ခဲ့တာ။ ကိုယ့်ရဲ့အားနည်းချက် က မိတ်ကပ်မပြင်တတ် ဘူး။ ဆံပင်က အစ မလုပ်တတ်တော့ဘူး။ အတွေ့ အကြုံကတော့ အများကြီးပဲ။ အခုက ဟန်သီရဲ့ ကိုရီးယားပြိုင်တဲ့အတွေ့ အကြုံပေါ့။ အဓိက လူတစ်ယောက် မှာ အတွေ့အကြုံပဲလေ။

ဟန်သီ- ဟုတ်တယ်။ သမီးဒီမှာ အဲဒီ ကိုရီးယားမှာ မပြိုင်ခင်အများကြီး ပြိုင်ခဲ့ဖူးတယ်။ ဒီမှာပြိုင်ရတာနဲ့ ဟို မှာပြိုင်တဲ့ပြိုင်ပွဲတအားကွာတယ်။ ဒီ မှာ ဆို Talent  ပါရမယ်။ မေးခွန်း တွေမေးကြတယ်။ သမီးသွားပြိုင် တာက မော်ဒယ်ပြိုင်ပွဲဖြစ်နေတယ်။လုံးဝမော်ဒယ်အရည်အချင်းရှိရ မယ်။ ဓာတ်ပုံ ကို အဓိကပေါ့။ ဒီမှာ ထဲက Profile ကိုကောင်းကောင်း ရိုက်သွားရမယ်။ ဆံပင်ကို လုံးဝ အပြောင်သိမ်းပြီး အရှေ့၊ဘေးသေ ချာရိုက်ပြီး သူတို့ စလိုက်ရှိုးနဲ့ လုပ် ထားတာ။ ကိုယ်တွေက တကယ်မ သိခဲ့တာ။ အလှပုံဆိုတော့ ဒီအတိုင်း ပဲပေါ့။

နန်း- အစ်မပုံလည်း ဒီအတိုင်းပဲ။Miss International ပြိုင်တဲ့အချိန် မှာ ဓာတ်ပုံကို သေသေချာချာမရိုက် သွားဘူး။ တချို့နိုင်ငံမှာဆို Swim Suit   နဲ့ဆို ဘယ်လိုပို့ပေးတယ်က အစ တကယ်သေသေချာချာလုပ် ထားတာ။ အခုဆို ဂုဏ်ရည်ပြိုင် တော့မယ်ဆိုတော့ ဂုဏ်ရည်ရဲ့ ဓာတ် ပုံတွေ International   မှာတက်နေ ပြီ။ ဂုဏ်ရည်ပေးရတော့မယ်ဆို သေသေချာချာသွား ရိုက်ပြီပေး၊ အချိန်မရှိက အရင်က ရှိတဲ့ဓာတ်ပုံ ပေးလိုက်တော့ ကိုယ့်ပုံက ဂွမ်းသွား ရော။

ရန်- ဟုတ်တယ်။Swin Suit  နဲ့ပဲ တစ်ခေါက်လောက်တော့ ရိုက်သွား သင့်တယ်။

နန်း- သူများတွေSwin Suit  နဲ့ ဝတ် ပြီး ပြိုင်နေတဲ့အချိန်မှာ ကိုယ်က မြန် မာထမီနဲ့ သွားပြိုင်လို့မရဘူး။Swin Suit  ပုံဆိုတာ တကယ်အလန်းပေါ့။ အလန်းဆုံး Sexy ပြောတာ မဟုတ် ဘူး။ အခုချိန်ထိSwin Suit ဝတ်တဲ့ ကိစ္စက တိုက်ခိုက်ခံနေရတုန်းပဲ။ မပြီးသေးဘူး။ သူများတွေ ဘယ်လို ဆိုကြည့်ပြီး လုပ်သင့်တယ်။

ဟန်- နောက်တစ်ခုက ကိုယ့်ရဲ့Traditional အင်္ကျီဝတ်ရတာရှိတယ်။ သူတို့ဆီမှာဆို အကုန်လုံးက ဒီဇိုင် နာတွေရှိတယ်။ Like လုပ်ပေး တယ်။ သူတို့ရဲ့Traditional ကိုပဲ ပိုဆန်းအောင်၊ လူတွေကြည့်လိုက် တာနဲ့ ထင်လင်းစွဲနေတာ တွေ့ရ တယ်။ သမီးတို့တုန်းက ဗီယက်နမ် က ကောင်မေ လးဆို သူတို့ရဲ့ ရိုးရာ ဝတ်စုံကိုပဲ သေချာလုပ်ထားတာ ဘယ်လိုလှမှန်းမသိဘူး။

နန်း- တုန်သီအဲဒီတုန်းက ရှမ်းဝတ်စုံ ဝတ်ထားတာတွေ့တယ်။ အစ်မပြိုင် ပွဲတုန်းက ရှမ်းဝတ်စုံဝတ်ပေမယ့် ကိုယ်ဝတ်တဲ့အဝတ်အစားက ယှဉ် လိုက် ရင် အဆင်မပြေဘူး။ Mဆိုင်းလု ဆို ကချင်ဝတ်စုံလေးနဲ့တအားလှ တာ။ ဒါပေမဲ့ သူများတွေ ယှဉ်လိုက် တော့ အရောင်မှိန်သွားတယ်။

ဟန်- သူတို့က နိုင်ငံအလိုက် ဒီ အရောင်ဝတ်တယ်ဆိုခပ်ဆင်ဆင် တွေပဲ။ နောက်သူတို့ပေးတဲ့ဝတ်စုံ တွေနဲ့ ပြိုင်ရသေးတယ်။ အစ်မတို့ ရော ပြိုင်ရလား။

နန်း- မပြိုင်ရဘူး။

ဟန်- စွပ်ကျယ်နဲ့ဘောင်းဘီပေါ့။ အဲဒါက်ျတော့ အသားအရေးကိုကြည့် တာ။ ဒီမှာက Skin Care  လုပ်ရင် ပြိုင်ပွဲနားနီမှာ သေချာလုပ်သင့်တယ်။

နှင်း- သမီးက အစ်မတို့နဲ့ယှဉ်ရင် တော့ နိုင်ငံတကာကို သွားပြိုင်တာ တော့ မဟုတ်ဘူး။ ဝါသနာပါလို့ ဒီ မှာပဲ ပြိုင်ဖြစ်တာ။ အလုပ်ဆိုတာ ဘယ်မှာ ပြိုင်ပြိုင်ပင်ပန်းတယ်။ ခက် ခဲတယ်လေ။ အဓိကက စိတ်ဓာတ် မကျဖို့ပဲ။ သမီး Miss Now How  ပြိုင်ပွဲဆို မပြိုင်ဘူးဆိုပြီး လုပ်ခဲ့ပေ မယ့် အမေရဲ့ ဆုံးဖြတ်ချက်နဲ့ ပြိုင် ခဲ့တာ။ ဒီဆုကို မရမှာလည်း တအား စိုးတယ်။ အကောင်းဆုံးဖြစ်ချင်တယ် လေ။ ပြိုင်ပွဲတိုင်းကို မပြိုင်ဘဲ ရွေး ပြိုင်တာ။ တစ်ခုခု လွဲမှာ တအား စိုး တာ။ ပြိုင်ပွဲကို ကန်သွင်းတဲ့အချိန် သွားနေပေမယ့် စိတ်မပါဘဲ နောက် နီးတော့မှ ၃ရက်အလိုမှာ အင်္ကျီချုပ် ပြီး ပြိုင်ဖြစ်တာ။ ကြိုတင်မပြင်ဆင် မီတော့ အကုန်ပင်ပန်းသွားတာ။

နန်း- အဲဒီမှာ မမျှော်လင့်ဘဲ Miss Crown ရသွားတာပေါ့။ အဲဒါကြောင့် မော်ဒယ်လောမှာ အချိတ်အဆက် တွေလည်း ရှိရမယ်။ ပေါင်းသင်း ဆက်ဆံရေးတွေကလည်း တအား လိုအပ်တယ်။

နှင်းယမုံဦး- လူငယ်တွေ ဒီလိုပြိုင်ပွဲ တွေ ပြိုင်တယ်။ စာချို့က စိတ်ဓာတ် ကျပြီး ထွက်သွားတယ်။ ညီမလည်း ရှေ့မှာ ရွေးပြီး သေသေချာချာပြိုင် ခဲ့တယ်။ ဆုမရတဲ့ပွဲတွေလည်း အများကြီးရှိတယ်။ တချို့ပွဲတွေဆို ရင် ပြီးတာနဲ့ စိတ်ဆိုးပြီး ဆင်းပြီး အိမ်ရောက်ရင် ငိုရော။ အဲဒီလိုမျိုး တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကိုယ်က စိတ်ဓာတ်မကျဘူး။ ကြိုးစား ပြီးတော့ ပြိုင်တယ်။ ကံ၊ဥာဏ်အများ ကြီးလိုတယ်။ ဒါပေမဲ့ ဘယ်အရာမ ဆို ကိုယ့်ရဲ့ကြိုးစားမှုမပါဘဲ မဖြစ် ဘူး။ ကြိုတင်ပြင်ဆင်ရမယ်။ နှင်း ကတော့ အဲဒီလို လက်ခံထားတယ်။ ငါရှေ့ပွဲကျရင် ဘာလုပ်ရမလဲ သူ များထက် သာအောင် ဘယ်လိုလုပ် ရ မလဲ။ ဘယ်လိုကြိုးစားရမလဲ။ အဲဒီ လိုတွေးပြီး ကြိုတင်ပြင်ဆင်ရမှာ။

နန်းခင်ဇေယျာ- နောက်ကနေ Control  လုပ်မယ့်သူလည်း ရှိရမယ်။ နှင်းယမုံဦးဆိုလည်း အမေက ကိုယ် လုပ်ပေးတယ်။ ဟန်သီဆိုရင်လည်း အနောက်ကနေ အမေကလိုက်လုပ် ပေးရတယ်။ ဒါပေမဲ့ နိုင်ငံတကာ ပြိုင်ပွဲပြိုင်တဲ့အခါ မြန်မာနိုင်ငံရဲ့ Culture အရ နောက်ကနေ အမေ အမြဲ လိုက်ရတဲ့ Culture  လုံးဝမ ပျောက်သေးပါဘူး။ ဟိုဘက်နိုင်ငံမှာ တော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်လိုအပ်တယ်။ ကိုယ္ပဲ ၿပိဳင္ရမွာေ လ။ နောက်ကနေ လိုက် လုပ်ပေးရင် မလုပ်တတ်တော့ဘူး။ ဥပမာကိုယ်က အမေမရှိရင်မလုပ် တော့ဘူး။ တစ်ခုခုဆိုရင် အမေ လုပ်ပါဦးဆိုပြီး ပွဲနားနီးရင် အဲဒီလို အမြဲရှိတယ်။ နိုင်ငံတကာပွဲပြိုင်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ်အားကိုး တတ်ရမယ်ဆိုတဲ့ စိတ်လေးတွေ ရ လာတယ်။ အဲဒါဆိုရင် အခု  Miss Myanmar  အသစ်ဖြစ်တဲ့ ဂုဏ်ရည် အေးကျော်အနေနဲ့ဘဝအတွေ့အကြုံ ရယ်၊ ဘဝဖြတ်သန်းခဲ့တာရယ်၊ မမျှော်လင့်ဘဲနဲ့  Miss Myanmar  ရခဲ့တာတွေကို ဒီက အစ်မတွေညီ မတွေကို ဝေမျှပေးပါဦး။

ဂုဏ်ရည်အေးကျော်- ဂုဏ်ရည်က တော့  Miss Myanmar  ပြိုင်ပွဲမှာ နှင်းယမုံလိုပဲ မပြိုင်တော့ဘူး။ မပြိုင် တော့ဘူးနဲ့ ဖောင်တော့တင်ပြီးပြီ။ မနှစ်ကတည်းက နန်းခင်တို့ရတဲ့နှစ် မှာပဲ ဂုဏ်ရည်ဖောင်တင်ဖြစ်တယ်။ လူရွေးပွဲကို မလာဖြစ်တာလေ။ ဒီ နှစ်လည်း အဲဒီလိုပဲ ဖောင်တင်ပြီး တော့ မလာဖြစ်တဲ့ အခြေအနေတွေ ရောက်လာတယ်။ ဂုဏ်ရည်အဖေက ရုတ်တရက်ခေါင်းနဲ့နံရံနဲ့စောင့်မိ လိုက်တာကနေ ခေါင်းထဲမှာ သွေးယို နေ တယ်။ ဂုဏ်ရည်တို့ မိသားစု လည်း ဘယ်သူမှ မသိဘူး။ ဒယ်ဒီ က သွေးတိုးလည်းရှိတယ်။ ခေါင်းထဲမှာ သွေးယိုပြီး ရုတ်တရက်ကြီး သတိ လစ်သွား တဲ့အချိန်ကျမှ ဆေးရုံ ကောက်တင်လိုက်မှ ခေါင်းထဲမှာ သွေးယိုနေတယ်။ အရေးပေါ်ချက် ချင်းခွဲရတော့မယ်။ ဒါက အရေးကြီး တဲ့ အခြေအနေေ လ။ ဒယ်ဒီခွဲပြီး ၂ရက်လောက်နေရင် လူရွေးပွဲက ခေါ်တော့မယ်။ မပြိုင်တော့ဘူး။မသွားတော့ဘူးလို့ အိမ်က မဟုတ် ဘူး။ မနှစ်ကလည်း ဖြစ်ပြီး သွားပြီ။ နင့်ကိုယုံတယ်။ သွားပြိုင်လိုက်တဲ့ မပြိုင်ဘူး၊ မပြိုင်ဘူးနဲ့ ပြိုင်ဖြစ်သွား တာ။ လူရွေးပွဲမှာလည်း စိတ်မ ဖြောင့်ဘဲနဲ့ ပြိုင်ခဲ့ရတာ။Camp ကာ လတစ်လအတွင်းမှာလည်း ခါတိုင်း ရန်ကုန်ကိုလာရင် ခဏပဲလေ။ တခြားပြိုင်ပွဲတွေလို မဟုတ်ဘူး။  Miss Myanmar  က တစ်လလေ။ အမျိုးအိမ် မှာ နေရတယ်။ ကိုယ့် ဘာသာကိုယ်စီမံရတဲ့အပိုင်းတွေ ရောက်လာပြီ။ အဲဒီပွဲက ဂုဏ်ရည် တော်တော်ကြိုးစားခဲ့ပါတယ်။ ငါရင်း ခဲ့ရတာ မနည်းဘူး။ ငါ့အဖေနဲ့ ငါ ရင်းထားရတာ။ဒီပွဲမှာ ငါတစ်ခုခု ရမှဖြစ်မယ်ဆိုတဲ့စိတ်ကတော့ ရှိ တယ်။ ဒါပေမဲ့  Miss   မမှန်းထားဘူး။ ဆု ၃ဆုထဲက တစ်ခုခုကို ပိုက်ပြီး ပြန် မယ်ပေါ့။Training ကာလတစ် လအတွင်းမှာ စာမျက်နှာ၈ဝပါတဲ့ စာအုပ်နှစ်အုပ်ကုန်တယ်။ ဂုဏ်ရည် ထုတ်ထားတဲ့  note တွေက။ Miss Universe ဆိုလည်း ၂ဝ၁၂ကနေစ ပြီး ပြန်လေ့ကျင့်တယ်။ သူတို့ကို ဘယ်လိုမေးသွားလဲ။ သူတို့ဖြေတဲ့ အဖြေကို ထုတ်တယ်။ ငါသာဆိုရင် ဘယ်လိုဖြေမလဲဆိုပြီး အဲဒီမေးခွန်း တွေကို ကိုယ့်ဘာသာကိုယ် ပြန်ထုတ် တယ်။ စောင်းတီးတယ်။ note တွေ ထုတ်တယ်။ ဒီထဲမှာ လုံးဝကိုနစ်မြှုပ် လိုက်တယ်။ စင်ပေါ်မှာ မေးခွန်းတွေ ကို ကောင်းကောင်းဖြေနိုင်တယ်။

နန်းခင်ဇေယျာ- ဂုဏ်ရည်စင်ပေါ် မှာ တော်တော်ဖြေနိုင်တာတွေ့လိုက် တယ်။ စိတ်ထဲမှာ တော်တော်ပြင် ဆင်ထားတဲ့ပုံပဲလို့။ ဒီ Miss Myanmar ပွဲက တခြားပွဲနဲ့ မတူ ဘူး။

ဂုဏ်ရည်- အဆင့်တိုင်းမှာ မေးခွန်း တွေပါတယ်။ နန်းခင်နိုင်ငံတကာပွဲ က ပြန်လာတဲ့ အချိန်မှာ နန်းခင်ကို အားပေးတဲ့လူရော၊ ဆန့်ကျင်တဲ့လူ ရော ဝုန်းဒိုင်းကျဲသွားတယ်။ ဂုဏ် ရည် Crown  ဆောင်းတဲ့အချိန်မှာ လည်း ဝုန်းဒိုင်းကျဲသွားတယ်။ ဘာလို့ သူ့ကိုပေးတာလဲ။အဲဒီအချိန်မှာ မိတ် ကပ်က လည်း ဂုဏ်ရည်နဲ့ အဆင် မပြေလိုက်ဘူး။ တစ်ယောက်ခြင်းစီ ကို အဓိကထားပြီး ပြင်တဲ့မိတ်ကပ် မျိုးမဟုတ်ဘူး။ ကိုယ့်မိတ်ကပ်ဆရာ နဲ့ကိုယ်သာ ဆိုရင် ကိုယ်အလှဆုံး ဖြစ်အောင် ကိုယ်ပြင်လို့ရတယ်။ အခု ကျတော့ ဒီတစ်ယောက်လူဘယ်နှစ် ယောက်လိမ်းရမယ်ဆိုတော့ မိတ် ကပ်ဆရာလည်း   ခေါ်ခွင့်မရှိဘူး။ စပွန်ဆာပေးတာပဲ လိမ်းရမယ်ဆို တော့ မိတ်ကပ်ဆရာကလည်း တစ် ယောက်ထဲကို သေချာဂရုမစိုက်ပေး နိုင်ဘူး။ အကုန်လုံး ကိုမျှလုပ်ပေးရ တာဆိုတော့ နောက်ဆုံးညနေခင်း ဝတ်စုံမှာဂုဏ်ရည့်မိတ်ကပ်နဲ့ ဂုဏ် ရည်Crown  ဆောင်းတဲ့အချိန်မှာ ချွေးတွေလည်း ပြန်နေပြီ။ တအား လည်း စိတ်ဖိဆီးမှုတွေကလည်း သယ်လာရတာဆိုတော့ Crown  ဆောင်းတဲ့အချိန်မှာ ရုပ်ဆိုးတယ်။နန်းခင်၊ဟန်သီ၊နှင်း၊သက်လွန်း- မဆိုးပါဘူး။
ဂုဏ်ရည်- ဘာလို့သူ့ကိုပေးတာလဲ။ ဂုဏ်ရည့်ကို ထောက်ခံတဲ့လူ၊ အား ပေးတဲ့လူဖေ့စ်ဘုတ်မှာလည်း အဲဒီ ကိစ္စက တော်တော်လေးကို ဝုန်းဒိုင်း ကျဲသွားတယ်။

နန်းခင်- လူတစ်ယောက်က အောင် မြင်ရင် အတိုက်အခံတော့ ရှိမှာပဲ လေ။ ကိုယ့်ကိုယ်ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူလည်းရှိမှာပဲ။ ကိုယ့် ကိုယ်ကြိုက်တဲ့လူရှိနေရင်လည်း ဘဝ ကြီးက မပြည့်စုံဘူး။

ဂုဏ်ရည်- အဲဒီက အတိုက်အခံတွေ ကမှ ပိုပြီးအောင်မြင်စေတာလေ။ ကိုယ်က ပိုပိုပြီး အမြင့်ကို ရောက် လေပေါ့။

နန်းခင်- မြန်မာနိုင်ငံကလူတွေက လေ ကောင်မလေးတွေ ကိုယ်ကိုယ် တိုင်ကအစပေါ့။ သစ်ပင်လေးတွေမှာ လေလေးတစ်ချက်တိုက်လိုက်ရင် ကျိုးကြဖို့က ဝန်မလေးဘူး။ များ တယ်။ အဓိကကတော့ စိတ်ဓာတ်ပါ ပဲ။ ဂုဏ်ရည်သာ စိတ်ဓာတ်မခိုင် မာခဲ့ရင်ဒီလိုမျိုးဖြစ်လာမှာမဟုတ် ဘူး။ ဒီနိုင်ငံတကာပွဲဆိုရင် ဘယ်လို လျှောက်လှမ်းရမယ် မသိဘူး။ အဓိကက ကိုယ်တိုင်ယုံကြည်မှုပါ။

သက်လွန်းပုံ- သမီးနာမည်က သက် လွန်းပုံပါ။ အားလုံးထက်ငယ်မယ်ထင် ပါတယ်။ အသက်က ၁၅နှစ်ပါ။  ILBC မှာ ကျောင်းတက်နေပါတယ်။ သမီးက ၂ဝ၁၂ခုနှစ်ကမှ မော်ဒယ် လောကထဲ ဝင်ဖြစ်တာရှင့်။ သမီး ပြိုင်ပွဲဝင်တာဆိုလို့ ၂ခုပဲရှိသေး တယ်။ Queen of  Valentine နဲ့ April Queen  ပါ။ Queen of Valentine ပြိုင်ပွဲက အခုမှ စလုပ်မှာ ဆိုတော့ အခက်အခဲတော့ တော် တော်ရှိတယ်။ အစတုန်းက မပြိုင် တော့ဘူး လုပ်ထားတာ။ ဖောင်ပိတ် တဲ့နေ့မှ သွားတင်ဖြစ်တာ။ အင်္ကျီ တွေလည်း ဘာမှမပြင်ဆင်ရသေး တော့ ခက်အခဲလည်း အများကြီး ရှိတယ်။ ရိုးရာဝတ် စုံဆိုရင် ဘယ်ဝတ် စုံ ဝတ်ရမှန်းမသိဘူး။ သမီးအမေက နောက်ကနေပံ့ပိုးပေးတယ်။

နန်းခင်- အသက် ၁၅နှစ်မှာ ပြိုင် တယ်ဆိုတော့ တော်တော်သတ္တိရှိ တယ်ပြောရမယ်။

နှင်းယမုံ- အဲဒီအချိန်ဆို နှင်းတို့ဆို ကျောင်းတက်တုန်းပဲနော်။ ဘာမှမသိ ဘူး။

နန်းခင်- အဲဒီအချိန်ဆို ကိုယ်ကလှ လိုက်တာဆိုပြီး အောက်ကနေ ပရိသတ်ပဲ။ အခုဆို တော်တော် သတ္တိရှိတယ်ပြောရမယ်။

သက်လွန်ပုံ- သမီးက သူများတွေကို ကြည့်ရသေးတယ်။ သူများတွေက သမီးထက် စီနီယာကျနေတော့ သမီး ထက်လည်း တော်တယ်ဆိုတော့ Talentတွေ၊ မေးခွန်းတွေဆိုရင် သမီးကကြောက်တယ်။  သမီးဗဟု သုတက ငယ်လည်းငယ်သေးတော့ သူများတွေက အတွေ့အကြုံလည်း ပိုရှိတ ယ်လေ။ သမီးကို မေးခွန်းတွေ မေးရင် ကြောက်တယ်။ ဒုတိယပွဲမှာ တော့ အဆင်ပြေသွားတယ်။ ဒုတိယ ပွဲမှာ Miss ဆုကို ရခဲ့တယ်ဆိုတော့ အဆ င်ပြေတယ်။ ကြိုတင်ပြင်ဆင်ချိန် ရလိုက်တယ်။ သမီးအတွက် အထောက်အကူ အများကြီးဖြစ်တယ် ညဘက်ဆိုရင် အမေက ၁၂နာရီခွဲ ထိ ပေးမ အိပ်ဘူး။ တောက်လျှောက် လေ့ကျင့်ခိုင်းတယ်။ အစ်မတို့ Miss Myanmar ပြိုင်ပွဲတွေလည်း ပေး ကြည့်တယ်။ နိုင်ငံတကာပွဲတွေ လည်း ပေး ကြည့်တယ်။

နန်းခင်- ညီမအနေနဲ့အခုဆိုရင် အသက်ငယ်ငယ်လေးနဲ့  Miss   ဆုတွေ ရပြီဆိုတော့ အခုအချိန်မှာ ညီမအနေနဲ့ ဘယ်လိုခံစားနေလဲ။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိပြီးလား။ ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ရှိမလဲဆို တာ ပြောပြပေးပါဦး။

သက်လွန်းပုံ- ယုံကြည်မှုတော့ ရှိပါ တယ်။ ဒါပေမဲ့ နည်းနည်းတော့ သိမ် ငယ်စိတ်တော့ ရှိသေးတာပေါ့။ အခုမှ ဂျူနီယာပဲ ရှိသေးတယ်လေ။ အတ တ်နိုင်ဆုံးတော့ ကြိုးစားသွား မှာပါ။ အခုတော့ ဓာတ်ပုံတွေ ရိုက် ဖြစ်နေပါတယ်။

နန်းခင်- အဲဒါဆိုရင် အားပေးမယ် နော်။ နန်းခင်ဇေယျာထင်တာတော့ အရင်တုန်းက မယ်တစ်ယောက်က ပရဟိတလုပ်ငန်းလုပ်ဖို့ မလိုဘူး ထင်ခဲ့ တယ်။ Miss Myanmar ပွဲ ပြီးတဲ့အချိန်မှာတော့ အဲဒီလိုပဲ စိတ်ရှိ ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတကာပွဲ ပြိုင် တဲ့အချိန်မှ လူမှုရေးလုပ်ငန်းတွေ လိုအပ်တာေ တွ့ရတယ်။Miss Universe တို့ Miss World  တို့ ခွေ ကြည့်လိုက်ရင်  တကယ့်လူမှုရေး လုပ်ငန်းမှာ ပေါက်တူးတွေ ကိုယ်တိုင် တူးနေတာတွေ၊ ကလေးငယ်တွေကို အားပေးစကားပြောတာတွေ လိုအပ် တာတွေ့ရတယ်။ အဲဒါကြောင်ပြန် လာတဲ့အချိန်မှာ ပရဟိတလုပ်ငန်းကို တအားလုပ်ချင် သွားတယ်။ ဒါပေမဲ့ ဘယ်လိုနေရာမှာ လုပ်မလဲပေါ့။ အင်ဂျလီနာဂျိုလီဆိုလည်း သူကိုယ် တိုင်သွားအားပေးတယ်။ ဒိသရုပ် ဆောင်တစ်ယောက်က ငါ့ကိုလာပြီး အားပေးတယ်ဆိုရင် သူတို့မှာရောဂါတစ်ဝက်သက်သာသလို ခံစား ရတယ်။

ဂုဏ်ရည်- စိတ်ဓာတ်ခွန်အားရသွား တာပေါ့။

နန်းခင်- သူတို့ပျော်ရွှင်တာလေးက ပီတိလည်းဖြစ်မိတယ်။ ဒီနောက်ပိုင်း မှာ မယ်တွေလည်း ပရဟိတလုပ်ငန်း လုပ်လာတာတွေ့ရတယ်။ ဟန်သီ အ နေနဲ့ရော နိုင်ငံတကာပွဲပြိုင်တဲ့အချိန် မှာ လူမှုရေး၊ လုပ်ငန်းကဘယ်လောက် အရေးပါသလဲဆိုတာ တွေ့မိလဲ။

ဟန်သီ- ဒီပရဟိတလုပ်ငန်းက တအားအရေးပါပါတယ်။ ဘယ်နိုင်ငံ သွားသွား တစ်ခုခုဆိုရင် သူများကို ကူညီပေးတာပေါ့။ ဒီအတိုင်းပိုက်ဆံ ထည့် ပြီး လှူလိုက်တာထက် ကိုယ် ကိုယ်တိုင်သွားပြီး ဘာလိုနေမလဲ၊ တံမြက်စည်းလှည်းဆိုလည်းပေးလိုက် တယ်။သူများနိုင်ငံကဆို အများကြီး ရှဲလ်ေ ပးကြတယ်။ သူတို့ဆို ဘယ်လို အဖွဲ့အစည်းမှာ ဝင်ထားတယ်။ ဘယ် လိုကူညီထားတယ်။ သူတို့ ဖေ့စ်ဘုတ်မှာ အကန်ုမြင်နေရတယ်။ မိဘမဲ့ကေ လးကျောင်းတွေဆို တအားသွားကြတယ်။ လူတိုင်းကို လိုက်ကူညီပေးတာ။

popular myanmar.com မှ သိသမျှ ။


No comments:

Post a Comment