Monday 6 May 2013

ရေကန်ကြီးလို ကျင့်ကြံပါ


သူ့ရဲ့ ဘဝကို သူကိုယ်တိုင် မကြေမနပ် ဖြစ်နေတဲ့ တပည့် တစ်ဦးကို ပညာရှိ ကြီးတစ်ဦးက စိတ်မသက်မသာ ဖြစ်မိ တာကြောင့်။တနေ့မနက်မှာ သူ့တပည့်ကို ဆားအချို.ကို ယူခဲ့ဖို့ ပြောလိုက်တယ်။ သူ့တပည့် ဆားယူပြီး ပြန်လာတဲ့အခါ လက်တဆုပ် ပမာဏခန့် ဆားကို ရေအပြည့် ထည့်ထားတဲ့ ဖန်ခွက်ထဲ ထည့်ခိုင်ပြီး ထိုရေကို သောက်စေတယ်။
ဘယ်လို အရသာ ရှိလဲလို့ ပညာရှိ ကြီးက မေးတော့။ သူ့တပည့်က ခါးသက် နေအောင် ငံပါတယ်လို့ ပြန်ဖြေတယ်။ ထိုအခါ ဆရာကြီးက ရယ်မောပြီး လက်တဆုပ်စာ ဆားကို နောက်တကြိမ် ယူစေပြီး ရေကန်ထဲ ထည့်ခိုင်းပြန်တယ်။ ဆရာတပည့် နှစ်ယောက် အနီးက ရေကန်တခုဆီ တိတ်ဆိတ်စွာ လမ်းလျှောက်လာပြီး တပည့်ဖြစ်သူက ရေကန်ထဲကို အသင့်ယူဆောင်လာတဲ့ လက်တဆုပ်စာ ဆားကို ထည့်လိုက်တယ်။
ပညာရှိကြီးက သူ့တပည့်ကို အခု ကန်ထဲကရေကို သောက်ကြည့်ပါအုန်းလို့ ပြောတော့ သူ့တပည့်လည်း ကန်ရေကို သောက်ကြည့်တယ်။ ပညာရှိကြီးက ဘယ်လို အရသာ ရှိလဲလို့ မေးပြန်တယ်။ တပည့်က လတ်ဆတ်ပြီး အေးမြပါတယ်လို့ ပြန်ဖြေတယ် ။ ဆားအရသာကော တွေ.ရဲ့လားလို့ ပညာရှိကြီးက ထပ်မေးတယ်။ လူငယ် မတွေ့ပါဘူးလို့ ပြန်ဖြေတယ်။
ဒီတော့ ပညာရှိကြီးက
သူတပည့်နားမှာ ထိုင်လိုက်ပြီး ညင်သာစွာ ရှင်းပြတယ် . ဘဝရဲ့ နာကျဉ်မှုတွေဟာ ဆားလိုပဲ တိုးလဲမတိုး လျှော့လည်းမလျှော့ ၊ နာကျဉ်မှု ပမာဏဟာ ပုံသေ အတူတူပဲ။ အဲ့ဒီ နာကျဉ်မှုတွေကို လက်ခံယူတဲ့ ပုံစံပေါ် မူတည်ပြီးတော့ ခါးသီးမှု အနည်းအများကို ဖြစ်စေတယ်။ ဒါကြောင့် မင်းနာကျဉ်စွာ ခံစားရတိုင်း ၊ မင်းလုပ်နိုင်တာ တခုက ခွက်ကြီးကြီးနဲ့ ခံယူပါ။ ဖန်ခွက် တလုံးလို မခံယူပဲ ၊ ရေကန်ကြီးလို ခံယူပါ။

Ref - Soup for Soul



YOYARLAY မှ သိသမျှ ။

 

No comments:

Post a Comment