Tuesday 11 June 2013

သာဓုပါဦးတေဇ- မလေးပြန် မြန်မာတွေ လေယာဉ်အခမဲ့စီးနိုင်ပြီ

 
မလေးရှားကမြန်မာတွေကို ဦးတေဇက လေယာဉ်နဲ့ အခမဲ့ခေါ်ပေးမဲ့အပြင် ပြည်တွင်းမှာပါ အခမဲ့လေယာဉ်စီးခွင့်ပေးမယ်။

မလေးပြန်မြန်မာများအတွက်အဲပုဂံလေကြောင်းမှာ အခမဲ့စီးနိုင်ပြီး နယ်ပြန်နိုင်
အဲပုဂံကမလေးရှားရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါကသက်ဆိုင်ရာဒေသ
များသို့ သွားရောက်နိုင်ရန်အတွက်အဲပုဂံလေကြောင်း လိုင်းများတွင်အခမဲ့စီးနင်းခွင့်ပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းခွင့်ပေးမည့် အပြင် အလုပ်အကိုင်ပါစီစဉ်ပေးမည်

သူဌေးကြီးဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းခွင့်ပေးမည့် အပြင် အလုပ်အကိုင်ပါစီစဉ်ပေးမည်ဖြစ်ကြောင်း Air Bagan Facebook စာမျက်နာတွင်အောက်ပါအတိုင်း ကြေငြာထားသည်။
မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် Air Bagan လေကြောင်းလိုင်း အနေဖြင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက်လျက် ရှိပါသည်။
မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် Air Bagan အနေဖြင့် ပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ရန်အတွက် စီစဉ်ပေးမည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက်လည်း Air Bagan လေကြောင်းလိုင်းနှင့် ဆက်စပ်သော လုပ်ငန်းများ၏ လစ်လပ်နေရာများတွင် လာရောက်လျှောက်ထားပါက ဦးစားပေး ရွေးချယ်ခန့်ထားသွားရန် အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ဆက်သွယ်ဆောင်ရွက်လိုပါက Public Relation Department (ဖုန်းနံပါတ် ၀၁-၅၀၄၂၈၄) သို့တိုက်ရိုက် မေးမြန်းနိုင်ပါသည်။

ထို့ပြင် ဦးတေဇထူထောင်ထားသော Htoo Fundation မှလည်း မလေးရှားမှပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ လှူတန်းသွားမည်ဖြစ်ကြောင်း Hott Fundation Facebook တွင်ကြေငြာထားသည်။

ref
https://www.facebook.com/AirBagan
https://www.facebook.com/HtooFoundation
 
သိသမျှ မျှဝေရာ
 
 

1 comment:

  1. ဒီသတင်းအမှန်ဆိုရင် သာဓု...သာဓု...သာဓုပါ ဦးတေဇ ခင်ဗျာ..။
    တစ်ချိန်ကဘာဖြစ်ဖြစ် မကောင်းတာလုပ်ရင် မကောင်းတာအပြော
    ခံရမှာဖြစ်သလို..ကောင်းတာလုပ်ရင်လည်း ကောင်းတာအတွက်ချီး
    မွမ်းခံရမှာပါ... အခုလိုတိုင်းပြည်ပြန်လည်ထူထောင်ကာစ မှာအခုလို
    လုပ်ငန်းရှင်ကြီးတွေဟာလည်း တိုင်းပြည်ရဲ့ခြေတံလက်တံတွေမို့ သူ
    တို့ရဲ့ အားတွေလည်းအများကြီးလိုအပ်ပါတယ်... တစ်ချိန်တုန်းက
    ခရိုနီတွေဆိုပြီး ပစ်ပယ်ထားလို့မရပါဘူး... ဘာပဲပြောပြော ကျေးဇူး
    တင်ပါတယ် ဦးတေဇ ခင်ဗျာ

    ရာဇာထွေး

    ReplyDelete