Sunday 16 June 2013

ပညာပါရမီ ဖေးကူ ဖြည့်ဆည်းပေးရန် လိုအပ်နေသော တက္ကသိုလ်ဝင် စာမေးပွဲ ဘာသာစုံ ဂုဏ်ထူးရှင်လေး တစ်ဦး



ဇွန် ၈ ရက်က တက္ကသိုလ်ဝင် အောင်စာရင်း ထုတ်ပြန်ခဲ့ရာတွင် ပခုက္ကူမြို့မှ ခြောက်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး ပေါ်ထွက်ခဲ့သည်။ ရွှေချောင်းရပ် အမှတ်(၂) အခြေခံ ပညာ အလယ်တန်းကျောင်းမှ တစ်ဦး ပါဝင်ခဲ့သည်။

အမှတ်(၂) အခြေခံ ပညာ အလယ်တန်းကျောင်းသည် ယခုနှစ်၌ အမှတ်(၅) အခြေခံ ပညာ အထက်တန်းကျောင်း အဖြစ် တိုးမြှင့် ဖွင့်လှစ်လိုက်ကြောင်း ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ ကြားသိရသည်။ အမှတ်(၂) အခြေခံ ပညာ အလယ်တန်း ကျောင်းမှ ဘာသာစုံ ဂုဏ်ထူးရှင် မဝသန်ချမ်းမြေ့သည် မြို့သစ်ရပ်ကွက် ဂန္ဓမာလမ်း၌ မိဘများနှင့် အတူ နေထိုင်လျက် ရှိသည်။ နယ်တကာ လှည့်၍ ဈေးရောင်းရသော ဖခင်ကြီး၏ ဖေးကူ ဝင်ငွေနှင့် ဘဝကို ရပ်တည် နေရကြောင်း သိရသည်။

မောင်နှမ သုံးယောက်ရှိပြီး မဝသန်ချမ်းမြေ့သည် အကြီးဆုံးလည်း ဖြစ်သည်။ တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်(၂) အခြေခံ ပညာ အလယ်တန်းကျောင်း ဆရာ၊ ဆရာမများ၏ သင်ကြား ပြသမှု၊ အားပေး ကူညီမှုကြောင့် ဘာသာစုံ ဂုဏ်ထူးရှင် ဖြစ်ခဲ့ကြောင်း သိရ၍ မေးမြန်း စေ့ငုမိရာ ''သမီးက ဆရာဝန်ဖြစ်ဖို့ ရည်မှန်း ထားပါတယ်။ မိသားစု စားဝတ်နေရေးက ကျပ်တည်းတော့ ဆေးကျောင်းတက်ဖို့ ခက်ခဲ နေပါတယ်။ သမီးအောက်က ရှစ်တန်းနဲ့ ငါးတန်းကျောင်းသား မောင်လေးတွေရဲ့ ပညာရေးကိုလည်း

ငဲ့ရပါဦးမယ်။

ကူညီမယ့်သူ ရှိရင်တော့ ကောင်း တာပေါ့ ဦးရယ်''ဟု မဝသန်ချမ်းမြေ့ က အားငယ်စွာ ပြောပြသည်။ သို့ပါ၍ မဝသန်ချမ်းမြေ့၏ ရည်မှန်းချက် ပန်းတိုင် လှမ်းဆွတ် နိုင်ရေး ပညာပါရမီ ဖေးကူ ဖြည့်ဆည်း ပေးလိုပါက ဖုန်း-ဝ၉-၃၃ဝ၈ ၂၈၂၈၊ ဝ၉-၄ဝ၁၅ ၁ဝ၆၉၁ တို့ထံသို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။


Myawady News Facebook မှ သိသမျှ ။

1 comment:

  1. သတင်းလေးဖတ်ရင်း စိတ်မကောင်းဖြစ်မိပါတယ်...
    ကလေးမလေးရဲ့ပညာရေးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ...
    ကိုယ်တိုင်လည်းလှော်ရင်းတက်ကျိုးခဲ့တာမို့ ကိုယ်ချင်းစာမိပါတယ်... ဖြစ်ချင်
    တာထက်ဖြစ်သင့်တာကို သူဆုံးဖြတ်မယ်ဆိုရင် တန်ဖိုးရှိလှအနာဂတ်ကြယ်ပွင့်
    လေးတစ်ပွင့်တိမ်မြုပ်ပျောက်ကွယ်သွားမှာကိုဖြင့်နှမြောမိတယ်ခင်ဗျာ....

    ရာဇာထွေး

    ReplyDelete