Tuesday 13 August 2013

အနုပညာရှင်နှင့် စာပေ



" စာအုပ်စာပေလူ့မိတ်ဆွေ" ဆိုသည့် စကားအသုံးအနှုန်းသည် အလိုအလျောက်ဖြစ်တည်လာသည် မဟုတ်ပေ။ စာပေများမှရရှိလာသည့်အတွေးအခေါ်မြော်မြင်မှု၊သုတ၊ရသအဖွယ်ဖွယ်တို့သည် လူသား တို့ အကျိုးအတွက်အသုံးချ၍ရနိုင်သည့်အထိ တန်ခိုးအင်အားကျယ်ပြန့်လှပေသည်။

ထို့ကြောင့်လည်း ယခုလက်ရှိတွင် ကျော်ကြားအောင်မြင်နေကြသူ အနုပညာရှင်တို့၏ စာပေအပေါ်ထားရှိမှုအမြင်နှင့် စာပေမှရရှိနိုင်သောအကျိုးတရားတန်ဖိုးများအကြောင်းကိုမေးမြန်းတင်ဆက်လိုက်ရပါသည်။

ဒါရိုက်တာဝိုင်း

" ဒါရိုက်တာမလုပ်ခင် အချိန်ကစာပိုဖတ်ဖြစ်တယ်။ အများအားဖြင် ရသစာပေ အဖတ်များတယ်။ ကိုယ်လုပ်ရမယ့် လိုင်းကလည်း ရသလိုင်းလေ။ ကိုယ်က Stress တအားများ တဲ့သူဆိုတော့ ဘယ်လိုဖြေ ဖျောက်မလဲဆိုတော့ စာတွေက နေကြံဖန်ယူရတာရှိတယ်။ ကိုယ်ဒုက္ခကြုံရင် စာပေတွေက နေ ကိုယ့်ရဲ့ဒုက္ခကို ဘယ်လိုဖြေ ရှင်းမလဲဆိုပြီး တွေ့ အောင်ရှာ နိုင်ဖို့တော့လိုတယ်။ စာပေထဲ မှာ ဒါတွေအများကြီးရှိ တယ်။ စာပေ၊ စာအုပ်တွေကို တစိုက် မတ်မတ်တစ်ခုတည်းထက် အစုံ ဖတ်တာများတယ်။

ရသစာပေ တွေထက် တခြားစာပေတွေက ပို အားကောင်းလာတာရှိတယ်။ တချို့လူငယ်တွေမှာ မထင်မှတ် တဲ့သမိုင်းတွေကို စိတ်ဝင်စား လာတာရှိတယ်။အဲဒီလူငယ် တွေကတော့နည်းပါတယ်။ စာ
ဖတ်တဲ့အလေ့အကျင့်ကို ဘယ် လိုပြုစုပျိုးထောင်မလဲဆိုတဲ့ အ ပိုင်းကို စဉ်းစားဖို့တော့လိုပြီ"

ပြေတီဦး

" အစ်ကိုတို့ကတော့ ရှုတင် နဲ့ ပတ်သက်ပြီးစာတွေ ဖတ်ဖြစ်သလို၊တခြားဗဟုသုတဖြစ်စေ တဲ့စာတွေကိုတော့အားရင် အား သလိုဖတ်ဖြစ်တယ်။ငယ်ငယ် ကတည်းကတက္ကသိုလ်ဘုန်း
နိုင်ရဲ့စာတွေ ပထမဆုံးစဖတ်ခဲ့ တာ။ဆရာမဂျူးရဲ့ဝတ္ထုတွေ၊ ဆရာချစ်ဦးညိုတို့ကို ကြိုက်တယ်။ သူတို့တွေစာအုပ်တစ် အုပ်ရေးတော့မယ်ဆိုဘယ် တော့မှပေါ့ပေါ့တန်တန် မရေးဘူး။

သူတို့ရေးချင်တဲ့အကြောင်း အရာတစ်ခု ကို သေသေချာ ချာ လေ့လာပြီးမှရေးကြတယ်။အဲ ဒါကြောင့်သူတို့ရဲ့ဝတ္ထုတွေ ဖတ်ရင်အမြဲတမ်းခိုင်ခိုင် မာမာ ရှိတယ်။ရိုးရိုးအချစ်ဇာတ်
လမ်းတစ်ပုဒ်ကို ရေးလိုက်တာ မျိုးနဲ့မတူဘူး။



ဗဟုသုတတွေ ရလိုက်တာတွေရှိတယ်။ တက်ကျမ်းတွေဆို ဆရာဖေမြင့် ရဲ့ စာတွေကြိုက်တယ်။ စာပေ ဆိုတာက လူတစ်ယောက်ရဲ့
ဘဝမှာအရေးကြီးဆုံး အခန်း ကဏ္ဍမှာပါဝင်တယ်။ဒါမှ သူ သွားချင်တဲ့ ဘဝလမ်းကြောင်းရ မှာ။ ကမ္ဘာပေါ်မှာ အောင်မြင် ကျော်ကြားထင်ရှားတဲ့ ပုဂ္ဂိုလ် တွေကြည့်ရင်စာမဖတ်တဲ့သူ တစ်ယောက်မှမရှိဘူး"

သူရိယ

" စာပေဆိုတာက အားလုံး အတွက်လိုအပ်တယ်။ စာမဖတ်တဲ့ သူနဲ့ စာဖတ်တဲ့သူက အသိပညာ၊ ဥာဏ်ပညာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကအစ တအားကွာခြားသွားတယ်။ ကျွန်တော်က ရသစာပေတွေဖတ်ဖြစ်တယ်။ စာရေး ဆရာပီမိုးနင်းကိုကြိုက်တယ်။ အခုက မီဒီယာတွေ ကလည်းစုံနေပြီ။ ပြည်သူတွေလည်းတွေ့နေရတော့ကောင်းပါတယ်။အင်တာနက်ကနေလည်း စာအုပ်တွေဖတ်လို့ရတယ်လေ။

စာများများဖတ်လာတာနဲ့အမျှ အရည်အသွေးတွေ တိုးတက် လာမယ်။တစ်ဦးချင်းစီရဲ့အ ရည်အသွေးတိုးတက်လာတာ က တိုင်းပြည်တိုးတက်လာတာ နဲ့အတူတူပါပဲ"

ချစ်စနိုးဦး

" ဝတ္ထုတို့၊ မဂ္ဂဇင်းတို့ ဖတ်ဖြစ်တယ်။အစ်မက စာအုပ်ဖတ်ဖြစ်တာနည်းတယ်။ အမေကသိစေချင်တာလေးတွေ၊တခြားသုတရစေမယ့် စာ အုပ်လေးတွေဆိုရင် ဖတ်ခိုင်း တယ်။

အစ်မလည်း စိတ်ဝင်စား ပြီးတော့ဖတ်ဖြစ်တယ်။ စာဖတ် တာကကောင်းပါတယ်။အဲဒီ တော့ စာအုပ်ကိုတော့ အချိန် ပေးပြီး ဖတ်သင့်တယ်။ စာအုပ်၊ စာပေလူ့မိတ်ဆွေ ဆိုတဲ့ စကားပုံလည်းရှိတာပဲ။ အဲဒီတော့ အသိဥာဏ်တွေပိုပြီး တိုးပွား ချင်တယ်ဆိုရင်တော့စာများ များဖတ်ပေးဖို့လိုတယ်လို့ ထင်ပါတယ်"

ဆုပန်ထွာ

" အဓိကတော့ စာများများ ဖတ်တာကောင်းပါတယ်။ ပန်ပန်တို့ကျတော့ စာဖတ်အားနည်းတယ်။သူငယ်ချင်းတွေ ဆိုရင်ပန်ပန်ကို စာများများဖတ်ပါ။ စာအုပ်စာပေလူ့ မိတ် ဆွေဆိုတာရှိတယ်။ စာအုပ်ထဲမှာ လည်းအသိဥာဏ်ဗဟု သုတတွေအများကြီးရှိတယ်။ ပန်ပန်ကတော့ ဘုရားစာ အုပ်လေးဖတ်ဖြစ်တယ်။ " ခင်ပွန်း ကြီးဆယ်ပါး" စာအုပ်လေးဆို
ရင်ပန်ပန်တအား ကြိုက်တယ်။ အမြဲတမ်းဖတ် တယ်။ ကောင်းတဲ့စာအုပ်လေးတွေဆိုရင် ပန်ပန်ဖေ့စ်ဘုတ်မှာပြန်ပြီး
share လုပ်ပေးတယ်။ ပြီးတော့ ခင်ပွန်းကြီးဆယ်ပါးစာအုပ်
ဆိုရင်ပန်ပန်အများကြီးဝယ်ထားပြီးလက်လှမ်းမီသလောက်လေးတွေကို ပြန်လှူပေးဖြစ် တယ်။ ကိုယ်တိုင်လည်း စာအုပ်ထဲက အတိုင်းလိုက်နာပြီးအ တတ်နိုင်ဆုံးနေထိုင်တယ်။ တခြားသူတွေကိုလည်း ဖတ်စေချင်ပါတယ်"

ဝါဆိုမိုးဦး

" စာဖတ်ခြင်းက လူတိုင်း အတွက် အသိပညာတိုးတက်ပြီး အကျိုးရှိစေတယ်။ အခုနောက် ပိုင်းကအင်တာနက် တအား ခေတ်စားလာတယ်။လူငယ် တော်တော်များများက စာအုပ်
ဖတ်တာထက်အင်တာနက်က လေ့လာကြတယ်။စာအုပ် သီးသန့်မဖတ်ဖြစ်ပေမယ့် အင်တာနက်ကတော့ဖတ်ဖြစ် တယ်။ နောက်ပိုင်းအချိန်ရရင် စာအုပ်ဖတ်ဖို့ကြိုးစားမယ်။

စာဖတ်တဲ့သူတွေနဲ့ ယှဉ်လိုက် ရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။အကုန်လုံးကိုစာအုပ်မဖတ်ဖြစ် ရင်တောင် အင်တာနက်သုံးရင် ဗဟုသုတ စာပေတွေဖတ်စေချင် တယ်။

ဝါဆိုကတော့ဝတ္ထုဆို ဇာတ်ညွှန်းတွေလောက်ပဲ ဖတ် ဖြစ်တာလေ၊နောက်ပိုင်း စာ ဖတ်တာကိုတော့ အချိန်ပေး နိုင်အောင် ကြိုးစားမှာပါ။ ဖေ့စ်ဘုတ်ပေါ်ကစာတွေကို လည်းလေ့လာမှတ်သားသင့် တာ တွေအကုန်ဖတ်ဖြစ်ပါတယ်"

မိစန္ဒီ

" စာအုပ်ကတော့ မျိုးစုံ ဖတ်ဖြစ်ပါတယ်။ ဝတ္ထုလည်းဖတ်တယ်။ ဆောင်ပုဒ်လေးတွေ လည်းဖတ် တယ်။ ဆရာဖေမြင့်၊ ဒေါက်တာမတင်ဝင်းတို့ ရေးတဲ့ စာအုပ်တွေ ဖတ်တယ်။ ညီမ တို့ စာအုပ်ထဲကဖတ်ပြီး သိတဲ့ အသိဥာဏ်ပညာတွေက အများ ကြီးပါ။သင်တန်းတွေဘာ တွေလည်း တက်စရာမလိုဘူး။ ကိုယ့်ရဲ့ energy လည်း မစိုက်ထုတ်ရဘဲနဲ့ အိမ်မှာနေရင်းနဲ့ အပန်းလည်းပြေ တယ်။စိတ် တွေတအားရှုပ်တဲ့အခါမှာ လည်းစာအုပ် ကိုအေးအေး ဆေးဆေးလေးထိုင်ပြီး ဖတ်ရင် အသိပညာလည်း ရမယ်။ ဘယ် စာအုပ်မဆိုဖတ်ရင်တော့ ကောင်းပါတယ်။

ကိုယ့် အတွက် အသိဥာဏ်လေး တစ်ခုတော့ရ မယ်ဆိုတာချောတယ်။ကိုယ်မ သိတဲ့အရာတွေကစာအုပ်ထဲ မှာအများကြီးရှိတယ်။တကယ် အသိပညာ ပေးစာအုပ်တွေကို
ဖတ်မယ်ဆိုရင်တကယ် ရွှေ အိုးကြီးရသလိုပါပဲ။အဲဒီအ တွက်စာအုပ်ကို အချိန်ပေးပြီး အားလုံးကိုဖတ်စေချင်ပါတယ်"

အိမ့်ချစ်

" အိမ့်ချစ်က ပညာစာပေ တွေကို ပိုပြီးဖတ်ဖြစ်တယ်။ ဒါပေမဲ့ရသထက်စာရင် သုတ စာပေဖြစ်တဲ့ဘဝအောင်မြင် ရေးအကြောင်း၊ စိတ်ဓာတ်က နေရင်ဘယ်လို မြှင့်တင်ရ မလဲ ဆိုတဲ့အကြောင်း လေးတွေကို ပို ပြီးဖတ်ဖြစ်တယ်။ ဘာဖြစ်လို့ လဲဆိုတော့အိမ့်ချစ်က ကိုယ် ထူကိုယ်ထကိုယ်ထူးကိုယ် ချွန်ရတဲ့သူဖြစ်တဲ့အတွက် ဒီစာအုပ်တွေဆီကပဲ
အကူအညီယူရတယ်။

ကျန်တဲ့သူတွေ အား လုံးကိုလည်း စာဖတ် စေချင်ပါတယ်။အိမ့် ချစ်ဆိုရင်ငယ်ငယ် တုန်းကစာအုပ်ဖတ်ရတာကို လုံးဝဝါသနာမပါဘူး။ နောက်ပိုင်းကျတော့ စာအုပ် ဖတ်ရင်းနဲ့ဝါသနာပါလာတယ်။ ကိုယ်စိတ်ညစ်ပြီးစိတ်ဓာတ်ကျ တဲ့အခါမှာ စာအုပ်တွေကို ဖတ်ရင်းနဲ့ စာအုပ်ထဲက သဘောတွေ ကိုသိသွားပြီး ကိုယ့်အတွက် အသိဥာဏ်တွေကို လည်း ပိုပြီး တိုးလာတဲ့အတွက် စာအုပ်ဖတ် ရတာကိုတအားသဘောကျ လာတယ်။အဲဒါနဲ့စာဖတ်တဲ့ အကျင့်လေးဖြစ်လာတယ်။ အဲဒီတော့ဘယ်လိုစာအုပ်မျိုး ပဲဖြစ်ဖြစ်ဖတ်တဲ့စာအုပ်တိုင်း ကကိုယ့်အတွက်အကျိုးရှိစေ မယ့်အရာတွေပါပဲ။ ရသပဲ ဖြစ် ဖြစ်၊သုတပဲဖြစ်ဖြစ်အားလုံး ကတော့အသိဥာဏ်တွေရကြမှာပဲလေ"

နန်းမြတ်ဖြိုးသင်း

" နန်းမြတ်ကတော့ ရသ စာအုပ်လေးတွေကိုလည်း ကိုယ့်အလုပ်အတွက် ဖတ်ဖြစ်ပါတယ်။ နောက် ပြီး တိုးတက်ရာ တိုးတက်ကြောင်း စာအုပ်လေးတွေ ဖတ်ဖြစ်တာများတယ်။

နန်းမြတ်အခုလတ်တလောမှာ တော့ဆရာတော်ဦးဇောတိက ရဲ့" ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း" စာအုပ်လေးကိုဖတ်ဖြစ်နေပါတယ်။ စာအုပ်ဖတ်ခြင်းက တစ်ထိုင်တည်းနဲ့ လူသန်းပေါင်း များစွာရဲ့ အတွေ့အကြုံတွေကို ရနိုင်တယ်လို့နန်းမြတ်ထင်မိပါ တယ်။ နန်းမြတ်တို့ တကယ့် ကျော်ကြားတဲ့နိုင်ငံကျော်ကြီး တွေရဲ့အတ္ထုပ္ပတ္တိတွေကို ဖတ်ခွင့်ရမယ်။အဲဒီလိုဖတ်ရင်းနဲ့ သူတို့ရဲ့ အတွေ့အကြုံ တွေကိုလည်း စာဖတ်ရင်းနဲ့ ရနိုင်တယ်။နန်းမြတ်ကိုယ်တိုင်လည်း ဘဝအတွက်၊ အလုပ်အတွက်အားမာန်တွေ၊ အတွေး အခေါ်သစ်တွေအများကြီး ရပါတယ်။
အဲဒီအတွက်အားလုံးကိုစာအုပ်များများဖတ်စေ ချင်ပါတယ်။အသိတွေလည်း တိုးစေချင်ပါတယ်"

ချမ်းချမ်း

" အခု လောလောဆယ် ဖတ်ဖြစ်တဲ့စာအုပ်တွေက အပြင်စီးပွားရေး နဲ့ပတ်သက် တာတို့၊ချမ်းချမ်းကအစားအ သောက်ဝါသနာပါတော့ တစ် နေ့တစ်နေ့ စားချင်တဲ့အစား အသောက်တွေကိုဖတ်ဖြစ် တယ်။ဇာတ်လမ်း ဇာတ်ညွှန်း အတွက်အထောက်အကူပြု မယ့် စာအုပ်တွေလည်း ဖတ်ဖြစ် တယ်။ နိုင်ငံရေး ဆောင်းပါး တချို့လည်း ဖတ်ဖြစ်ပါတယ်။

စာကတော့ဘယ်လိုစာပေမျိုး မဆိုအဆိပ်အတောက်မဖြစ် တဲ့စာပေမျိုးကိုဖတ်စေချင် တယ်။အင်တာနက်ပေါ်ထိုင် ပြီး အလကားအချိန်ကုန်ခံပြီး ဖေ့စ်ဘုတ်သုံးနေတာထက် စာရင် Global
World Wide မှာသုံးနေတဲ့ ဘယ်လိုစာအုပ်မျိုး တွေ ထွက်သလဲ။ တကယ့်ဝတ္ထု ဇာတ်ကားကောင်းတွေ ဥပမာ ဟယ်ရီပေါ်တာဇာတ်တွေ ရေး တဲ့လူဆိုရင်လည်း ဒီနေ့ စာအုပ် ထွက်တယ်။ နောက် နေ့ရောင်း ကုန်သွားတယ်။အဲဒီလိုမျိုးစိတ်ဝင် စားဖို့ကောင်းအောင်လူ တွေ ကို ဆွဲဆောင်နိုင်တဲ့ဝတ္ထုတွေဆို လည်းဖတ်ရကျိုးနပ် တာပေါ့။ပြီးစလွယ်စာအုပ်မျိုးတွေကျ တော့အားမပေးဘူး။အင်တာ နက် ပေါ်မှာတကယ်ကောင်းတဲ့ စာအုပ်တွေရှိတယ်။အဲဒီစာအုပ် တွေကို download လုပ်ပြီး ရှာ ဖတ်တာမျိုးတွေလုပ်စေချင်တယ်"


ခင်စန်းဝင်း(မိတ်ကပ်)

" အခုနောက်ပိုင်း အလုပ် တွေလည်းတအားများ နေတော့ စာအုပ်ကို သိပ်မဖတ်ဖြစ်ဘူး။ ငယ်ငယ်ကတည်းကစာအုပ် ဖတ်ရတာကိုတအားဝါသနာပါတယ်။ မိဘတွေကလည်း စာ
ဖတ်ခြင်းကိုလေ့ကျင့်သင် ကြားပေးတယ်။

အပြင်မထွက်ရင်ပြီး ရောအိမ်ထဲမှာပဲ စာဖတ်ခိုင်းတယ်။ ကိုယ်တိုင်လည်း ဝါသနာပါတယ်။ ဗဟုသုတရမယ့် စာအုပ်တွေဖတ်ဖြစ်တယ်။

ပြီးတော့ကိုယ့်အလုပ်နဲ့ ပတ်သက်တဲ့စာအုပ် တွေ ကိုလည်းဖတ်ဖြစ်တယ်။အသိ တရားတွေကိုလည်းတအား ရစေတယ်။စာဖတ်ခြင်းကို လည်းမကြီးစန်းကအားပေး တယ်။
နောက်ပြီးတော့စာ ဖတ်ခြင်းအားဖြင့်အတွေး အမြင်တွေမှန်လာမယ်။လူမှု ဆက်ဆံရေးတွေ လည်းသာ မန်ထက်ပိုပြီးပြေပြစ် လာ မယ်။ဆရာတော် တွေ ရေးတဲ့စာကောင်းပေ မွန်လေးတွေ ကိုလည်းဖတ်စေချင်ပါတယ်"

အေးချမ်းမွန်ဖေ့ဘုပ် မှ သိသမျ ။


No comments:

Post a Comment