Friday 23 August 2013

ပင်စင်စား တပ်မတော်သား တစ်ယောက်ရဲ့ဘဝ

 

သူ့နာမည်က ကိုချစ်ဦး..

ကလေးလေးက သင်းသင်းနွယ်..

သူရဲ့ တစ်ဦးတည်းသော ၆နှစ်သမီးလေး..

သားအဖနှစ်ယောက် ညမှောင်ခါစမှစပြီး ၉နာရ်ီခွဲလောက်အထိ

၃၅ လမ်းမကြီးတစ်လျောက် ခန့်မှန်းခြေ ၆၃လမ်းလောက်မှ

၇၁လမ်း စည်ပင်ဘောလုံးကွင်းရှေ့ထိ

ကိုချစ်ဦးက တရွတ်တိုက်....

သမီးလေးက ဖယောင်းတိုင်ထွန်းပေးရင်း.... ၀မ်းစာရှာရသည်...

ကိုချစ်ဦးက တပ်ထွက်တစ်ယောက် ...

မိုင်းမိပြီး အောက်ပိုင်းမသန်တော့ ...

ညာဘက်ကအနည်းငယ်လုပ်လို့ရပေမယ့်..

ဖယောင်းတိုင်ထွန်းထားတဲ့ဖက်က လုံးဝမရ..

ကြွက်သားများလဲ သိမ်နေသည်...

တပ်မှအနားယူပြီးနောက် ဇနီးသည်လဲ ဆုံးသွားသည်...

ကျနော့်ပင်စက တစ်လ ၃သောင်းလောက်တော့ ရပါတယ်ဟု သူကပြောသည်...

သူတို့သားအဖနှစ်ယောက်လုံး သေချာကြည့်တော့ ရည်ရည်မွန်မွန်...

ကျနော်သွားရမည့်လမ်းနှင့်တကယ်ဆို ဆန့်ကျင်ဘက်..

ပြန်ကွေ့ပြီးသူတို့ကို ငွေလှူဖြစ်သည်...

ကားပေါ်မှမိန်းကလေးတစ်ယောက်ကလဲ ဆင်းပြီးထောက်ပံ့သည်...

မိတ်ဆွေ တို့လဲ တွေ့ဖြစ်ရင်.......

စေတနာဖြင့်.....


Credit to _ Ponnya Htet Kyaw

သတင်းချစ်သူ - ဝေဟင်
..မှသိသမျှ ။

No comments:

Post a Comment