Wednesday 28 August 2013

အဖြူရောင်အကွက်ကြီးထဲကအမည်းစက်


လူအများစုက အဖြူရောင်အကွက်ကြီးထဲကအမည်းစက်လေးကိုပဲတန်းပြီးမြင်တတ်ကြတယ် ။

အဲဒါကို လူ့သဘာဝလို့ခေါ်ပါတယ် ။ လူတွေဟာ ကောင်းတာတွေဘယ်လောက်ပဲလုပ်လုပ်မကောင်းတာလေးတစ်ခုလောက်လုပ်မိပြီဆိုရင် အဲဒီမကောင်းတာလေးကို ပဲတန်းမြင်တတ်ကြတယ် ။ သူတစ်သက်လုံးလုပ်လာခဲ့တဲ့ကောင်းတာတွေကို မမြင်တတ်ကြဘူး ။ မကောင်းမှုဆိုတဲ့အမည်းစက်က ကောင်းမှုဆိုတဲ့အဖြူရောင်အကွက်ကြီးထဲမှာ ထင်းနေတတ်ပါတယ် ။ ဘယ်လောက်ပဲ ကောင်းတာတွေလုပ်လုပ် မကောင်းတာလေးတစ်ခုလုပ်မိပြီဆိုရင် လူအားလုံးက သင်ကောင်းတာလုပ်ခဲ့တာတွေမေ့ပြီးမကောင်းတာကိုပဲပြေးမြင်တတ်ကြတာကို သင်မမေ့ပါနဲ့ ။

အဲဒါကို လူ့သဘာဝလို့ခေါ်ပါတယ် ။ ဘ၀မှာ အမည်းစက်လေးတစ်စက် တောင်မစွန်းထင်းစေပဲနေရတာ မလွယ်ကူလှပါဘူး ။ သင်လည်း အမည်းစက်တွေ အများကြီးလုပ်ခဲ့ဖူးမှာပါ ဒါပေမယ့်

အဖြူကွက်ကြီးတစ်ခုလုံးပြည့်ဖုံးသွားအောင်တော့မလုပ်မိပါစေနဲ့ ။ ပြန်ဖျက်ဖို့ရာမလွယ်ကူလှပါဘူး ။

ခဲတံတွေမှာတောင် မှားတာပြန်ဖျက်ဖို့ခဲဖျက်ဆိုတာ ထည့်ပေးထားတာပဲ

သင်ရော .. ဘာလို့ သင့်ဘ၀ကို အဖြူရောင်တွေချည်း မခြယ်မှုန်းနိုင်ရမှာလဲ ??

သက်တန့်ချို မှ သိသမျ ။



No comments:

Post a Comment