Saturday 21 September 2013

ဝမ်းနည်းကြေကွဲချိန်


ကောင်းကင်ထက်က တိမ်ညိုတစ်စလွင့်လာပြီး မိုးရွာချတယ်။

ပျော်ရွှင်ကြည်နူးချိန်
လေနဲ့အတူ တိမ်တစ်ပွင့်လွင့်လာပြီး လှပတဲ့ပန်းတွေ ကြဲချတယ်။

စိတ်အနိမ့်အမြင့် အပြောင်းအလဲကို အဆော့သန်တဲ့တိမ်က လုပ်ခဲ့သလား?
အလိုက်မသိတဲ့လေက ကျီစယ်ခဲ့သလား?

ကိုယ်က လေပါ
ကိုယ်က တိမ်ပါ
ကိုယ်က လျှပ်စီးပါ
ကိုယ်ဝမ်းနည်းချိန် လေရောမိုးပါရွာတယ်။
ကိုယ်ပျော်ရွှင်ချိန် တိမ်ကင်းလေငြိမ်တယ်။

ကိုယ်က ကိုယ်ပဲ


ကိုယ့်ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အရာအားလုံးကို ကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။
ဒါနဲ့များ ဘာဖြစ်လို့ သင့်မျက်လုံးမှာ သံသယအရိပ်အယောင်တွေ ရှိနေရသေးသလဲ?

 *** နာမည်ကြီး ထိုင်ဝမ်စာရေးဆရာ၊ ပန်းချီဆရာ Jummy (幾米)ရဲ့ ပန်းချီလက်ရာနဲ့ စာသားဖြစ်ပါတယ် သိသမျှ ။

No comments:

Post a Comment