Thursday 5 September 2013

ယုံကြည်မှု



မနက်လင်းလာတိုင်း ကိုယ့်ကိုယ်ကို သတိပေးဖို့မမေ့ပါနဲ့
"ယုံကြည်မှု"ဆိုတာရှိနေသေးရင်
ကိုယ်ဖြစ်ချင်တာဖြစ်ဖို့ အချိန်မီသေးတယ်လို့ . . .

ယုံကြည်မှုရှိတိုင်း အောင်နိုင်ချင်မှအောင်နိုင်မယ်
ဒါပေမယ့် ယုံကြည်မှုမရှိရင်တော့ ရှုံးမှာအမှန်ပဲ
အောင်မြင်မှုက ရကိုရနိုင်တယ် ဒါပေမယ့် ကြိုးစားမှုက ရှိကိုရှိရတယ်

တကယ်လို့ ဘဝမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် သင်ရှင်သန်နိုင်ခဲ့ရင်
ဒါဟာ သင့်ကို နာကျင်ထိခိုက်နစ်နာစေခဲ့သူတွေကို အကောင်းဆုံး အပြစ်ပေးနည်းပဲပေါ့

"လိုအင်ဆန္ဒ"ဆိုတာ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့ မျှော်လင့်တာ
"ယုံကြည်မှု"ဆိုတာ ကိုယ်ဖြစ်ချင်တာ ဖြစ်မယ်လို့ ယုံကြည်တာ


"သတ္တိ"ဆိုတာက ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တာဖြစ်တယ် . ..

ကိုယ့်ဘဝထဲက လှပတဲ့အရာတွေကိုလည်း မြင်တတ်အောင် ကြည့်ကြည့်စမ်းပါ
ဒီလိုမှမဟုတ်ရင် တခြားသူရဲ့ဘဝကို သင်အားကျလို့ ပြီးနိုင်တော့မှာ မဟုတ်ဘူး . .


nineninesanay မှ သိသမျ ။

No comments:

Post a Comment