Friday 6 September 2013

သာမန် စိတ်ထားထက် မြင့်မြတ်သော ပရဟိတ စိတ်ဓာတ်


ကျွန်တော် အိမ်ရှေ့ မှဖြတ်ကာ နေ့ တိုင်းသွား နေသည်မို့ ထိုလူငယ်လေးအား သတိထား မိနေသည်။ သို့ သော် သူ့ ပုံစံကိုမြင်ရတော့ သဘောမကျမိ။ ဘောင်းဘီကြပ်ကြပ် ရှပ်အင်္ကျီ လက်တိုကြပ်ကြပ် ကလေးနှင့် ဆံပင်ကိုလည်း ငယ်ထိပ်ပေါ်တွင် အ၀ါရောင်ကို ဆိုးထား သေးသည်။ သို့သော် ခောတ်ကာလအရ ပြောရမည် ဆိုလျှင်တော့ သူ့ ခောတ်နှင့်သူ စတိုင်ကျသည်ဟုတော့ ဆိုရမည်။
ထူးခြားချက် တစ်ခုက သူနှင့်လမ်းမှာတွေ့ သော သူ့ မိတ်ဆွေ သူငယ်ချင်းများကိုတော့ ပြုံးပြုံးရွှင်ရွှင် ဖေါ်ဖေါ်ရွေရွေနှင့် ဖက်လဲတကင်း နှုတ်ဆက် တတ်သည်။ တခါတရံ အလွန်ရင်းနှီးသူဆိုလျှင် လက်ဆွဲပြီး နှုတ်ဆက်တာကို တွေ့ ရသည်။ တစ်ရက်မနက်ပိုင်း ကျွန်တော်အမြဲထိုင်နေကျ အင်တာနက်ဆိုင်တွင် ဆိုင်ပိုင်ရှင် ဦးလေးကြီးနှင့် စကားပြောနေသော ထိုလူငယ်လေးကို တွေ့ လိုက်ရသည်။
" ဘယ်လိုလည်း ငါ့တူလေး မနက်ဖြန် sunday off ပဲလား " " အဟဲ ဦးလေးကလည်းသိရဲ့ သားနဲ့  ကျွန်တော် အမြဲတမ်း sunday off " " အင်း တူလေးတစ်ယောက် ရှိပါတယ် ဆိုင်ထိုင်ဖို့  နေ့ ဖက်လေးအားကိုး ရမလား အောက်မေ့ပါတယ် ဟိုနေ့  0ff ဒီနေ့  0ff နဲ့  တော်သေးတယ် ညနေပိုင်း လူငှားခေါ်ထား ပေလို့ တစ်နေကုန် ဆိုရင်တော့ ငါသေမှာပဲ " " ဟဲဟဲ ဦးလေးကလည်း သိသားနဲ့  ကျွန်တော်က အလုပ်များတယ်လေ" " သိပါတယ်ဗျာ ပိုက်ဆံမရတဲ့ အလုပ်တွေနဲ့  အမြဲအလုပ်များနေတဲ့ မင်းကိုတော့ ဘာမှမပြောတော့ပါဘူး"။ ဒီနေ့ တော့ ညနေပိုင်း အထိတော့ ထိုင်ပေး ဦးလေး သွားတော့မယ်။ " ဟုတ်ကဲ့ဦးလေး" ကျွန်တ်ာထိုင်သည့်စက်က ကောင်တာစားပွဲနှင့် ကပ်လျှက်မို့  သူကို စကားပြောကြည့်ဖို့  > ဆုံးဖြတ် လိုက်သည်။
" ညီလေးကို အရင်က မတွေ့ ဖူးပါဘူး " " ဟုတ်ကဲ့အကို ကျွန်တော်က အားတဲ့ရက်မှ လာတာ ဦးလေးက အမေ့ရဲ့ အကိုလေ မနက်ပိုင်း ဦးလေးဆိုင်မှာ ကူညီဖို့ အမေကပြောထားတာ ဒါပေမဲ့ အဟဲ ကျွန်တော်က အလုပ်များသားအကိုရဲ့ " " ကျောင်းမနေဘူးလား" " ကျွန်တော်က အဝေးသင်တက်နေပါတယ် ဒုတိယ နှစ်မြန်မာစာပါ " " ဘာတွေလုပ်လို့ အလုပ်များနေတာ လည်းကွ သိခွင့်ရှိရင် အကို့ ကိုပြောပြပါလား" " ဟုတ်ကဲ့ ကျွန်တော်က ကွန်ပျူတာ သင်တန်းရှိတယ် ကျူရှင်ရှိတယ် ပြီးတော့ သူငယ်ချင်းတွေနဲ့  လူငယ်တွေ အတွက်ဖွင့်ထားတဲ့ လူမှုဆက်ဆံရေး သင်တန်း တွေတက်တယ် "
" ဘာတွေသင်တာလည်းကွအဲ့ ဒီသင်တန်းက " " လူတွေနဲ့  ပြောဆိုဆ က်ဆံနည်းတွေ။ စိတ်ထားတွေမြင့်မား လာအောင်ဘယ်လို စာတွေဖတ်ရမယ် ဘယ်လိုလေ့ကျင့်ရမယ် ဆိုတွေ။ လူမှုဘ၀မှာ ပြသနာတွေ ပေါ်ပေါက်လာရင် ဘယ်လိုစဉ်းစားတွေးခေါ်ဆုံးဖြတ်ရမလဲဆိုတာတွေက အစပါတယ်အကိုရ" " ပြီးတော့ရော" " ပြီးတော့ ကိုယ့်ဘ၀နဲ့ ပတ်သက်ပြီးဘယ်လို ပညာတွေ သင်သင့်တယ်။ ဘယ်လိုအသိ စိတ်ဓါတ်တွေနဲ့  ဘ၀ကိုရပ်တည်ရမလည်း ဆိုတာတွေပါအကို " " တယ်ဟုတ်ပါလား ဒါကြောင့်ညီလေးက ဘယ်သူနဲ့ တွေ့ တွေ့  စကားပြော ယဉ်ကျေးနေတာကိုး " " ဟုတ်ကဲ့အကို" " ညီလေးတို့ သင်တန်းက လူများလား " "၂၅ ။ ၃၀ လောက်ရှိတယ် အကို လူငယ် လူလတ် လူကြီးအစုံ ပါတယ် အကို" " လူကြီးတွေက သင်တန်းလာတက် တာလား " " မဟုတ်ဘူးအကို သူတို့ တွေက အလှုရှင်တွေ ပြီးတော့ကျွန်တော်တို့  ကိုအားပေးနေသူတွေပေါ့ အကိုရာ " " ဘာလှုတာလည်းကွ " " သူတို့ က သင်တန်း လာတက်တဲ့ လူငယ်တွေကို အစားအသောက် တာဝန်ယူတယ် ပြီးတော့ ကျွန်တော်တို့  လူငယ်လေးတွေက တနင်္ဂနွေနေ့ မှာ ပရဟိတ အလုပ်တွေလည်း လုပ်ကြရတယ်အကို အဲ့ဒီပရဟိတ အလှုရဲ့ ကုန်ကျစရိတ်တွေကိုလည်း သူတို့ ပဲ အကုန်အကျ ခံတယ်အကို" " ပရဟိတကရော ဘာတွေလုပ်တာလည်း " " အင်း မိဘမဲ့ဂေဟာတို့  မိဘမဲ့ဘုန်းတော်ကြီး ကျောင်းတို့ ပေါ့အကိုရာ ပြီးတော့ HIV ဆေးရုံ တို့  မီးဘေး ရေဘေး လေဘေးဖြစ်တဲ့ နေရာတွေကိုသွားပြီးလှုကြတာပေါ့ အကို"
 " အင်းတကယ် ကောင်းတဲ့ လုပ်ငန်းတွေပဲ " " ဟုတ်တယ်အကို ကျွန်တော်တို့ 
အဖွဲ့ လေးမှာ ငွေတတ်နိုင်တဲ့ လူကငွေ ပေါ့ ငွေမတတ်နိုင်တဲ့လူကလည်း လုပ်အားပေါ့ အကို။ အသက်ငယ်တယ် ကြီးတယ် ဆင်းရဲတယ် ချမ်းသာတယ် မခွဲခြားပဲ တကယ့် ညီအကိုမောင်နှမ အရင်းတွေလိုပဲ ချစ်ချစ်ခင်ခင်နဲ့ လုပ်ကိုင်ကြတော့ ပျော်စရာလည်း ကောင်းပြီး ကုသိုလ် လည်းရတယ် တကယ်လို့ ကိုယ်ရေး ကိုယ်တာ အခက်အခဲလေးတွေ ရှိရင်လည်း တစ်ယောက်နဲ့  တစ်ယောက် ၀ိုင်းဝန်းကူညီအ ကြံဥာဏ်ပေးဖြေရှင်း ပေးကြတော့ စိတ်ချမ်းသာပြီး ကိုယ့်ဘ၀အတွက် သူငယ်ချင်းကောင်း မိတ်ဆွေကောင်း အားကိုးရာတွေရတာပေါ့အကို "
" အေးဟုတ်တာပေါ့ကွာ လူစုံဆိုတော့ မိတ်ဆွေစုံတာပေါ့ " " ဟုတ်တယ်အကို" " ညီလေးက ပရဟိတအလုပ်ကို ပျော်လို့ လုပ်တာလား ဒါမှမဟုတ် တကယ်စိတ်ဝင်စားလို့  လုပ်တာလား " " အစကတော့ ပျော်လို့ လုပ်တာပါအကို ဒါပေမဲ့ ရေရှည်လုပ်လာတော့ သိလာတယ် ပျော်ချင်တဲ့ စိတ်သက်သက်နဲ့ မရဘူး ပရဟိတ စိတ်ဓါတ်မရှိရင် တကယ် ရေရှည်မလုပ်နိုင်ဘူး" " ဟုတ်လား မင်းရင်ထဲကို အပျော်စိတ်လေး ပျောက်ပြီး ပရဟိတစိတ်လေး အစားထိုး ၀င်ရောက်လာခဲတဲ့အကြောင်းလေးရှိရင်ပြောပြပါဦးကွာ အကိုသိချင်လို့ " " အထူးသဖြင့် မိဘမဲ့ကျောင်းတွေ သွားတဲ့အခါမှာ ပိုပြီးခံစားရတယ်။ ဘာမှသွေးမတော် သားမစပ် တစ်စိမ်းတွေကျွေးနေတာကို စားနေရတဲ့ဘ၀။ ထမင်းမစားခင် အလှုရှင်တွေကို မေတ္တာပို့ နေတဲ့သူတို့ လေးတွေရဲ့ မျက်နှာကိုကြည့်ပြီး ရင်ထဲမှာဆို့ ဆို့ နင့်နင့်ခံစားရတယ် အကို ။ အကြောင်း အမျိုးမျိုးကြောင့် မိဘမဲ့ရင်သွေးလေး တွေဘ၀ကို ရောက်လာခဲ့ရတဲ့ သူတို့ လေးတွေကိုကြည့်ပြီး အခုအချိန်ထိ ကိုယ်စားချင်တာတွေ ချက်ကျွေး လိုချင်တာ ၀ယ်ပေးနေတဲ့ ကိုယ့်မိဘတွေကို အရမ်းကျေးဇူးတင်နေမိပါတယ် " " ဟုတ်တာပေါ့ကွာ "
" အဲ့ဒါကြောင့် ကျွန်တော်ဆိုရင် အဲ့ဒီလိုသွားတဲ့အခါတိုင်း ကလေးတွေကိုထမင်းထည့်တာ ဟင်းထည့်တာ ကအစ အတတ်နိုင်ဆုံး ကိုယ့်ညီလေးညီမလေးတွေ လိုသဘောထားပြီး ကျွေးမွေးမိတယ် အကို။ သူတို့ လေးတွေ ဟန်မဆောင်ပဲ အားရပါးရစားနေကြတာကို မြင်ရတော့ အရမ်းပျော်တယ်အကို။ ကျန်တဲ့နေရာတွေသွားရင်လည်းဒီလိုပဲ သဘာဝဘေးဒဏ်ကြောင့်အိုးမဲ့အိမ်မဲ့ စားရမဲ့သောက်ရမဲ့ ဖြစ်သွားကြရတဲ့ သူတို့ တွေရဲ့ မျက်နှာတွေကိုမြင်တိုင်း အရမ်းသနားမိတယ် ။ ဖြစ်နိုင်ရင်တတ်နိုင်ရင် နေ့ တိုင်းတောင်သွားပြီးကြွေးချင် ပေးချင်နေမိတယ် အကို" " အေးပေါ့ကွာ ဒါဟာလူသားချင်းစာနာတတ်သူတွေရဲ့ စိတ်ထားပဲလေ" " သောက်ရေအခက်အခဲရှိတဲ့နေရာတွေသွားရင်လည်းဒီလိုပဲ လှုမဲ့ရေကားကမလာသေးဘူး နေပူထဲမှာပုံးတွေတန်းစီပြီးစောင့်နေကြတဲ့ သူတို့ တွေရဲ့ မျက်နှာလေးတွေနဲ့ ဒုက္ခတွေကို ကြည့်ပြီးရင်ထဲမှာ မကောင်းဘူး အကိုရာ။
ဒါကြောင့်ကျွန်တော်ပရဟိတအလုပ်တွေကိုစိတ်ပါလာပြီး ပရဟိတသွားတိုင်း မလိုက်မဖြစ်လိုက်တယ် ကျွန်တော့်ကိစ္စတွေပေါ်လာရင် ထားပြစ်ခဲ့တယ် " " အေးကောင်းတယ်ကွာ မင်းစိတ်ဓါတ်ကိုတော့အကိုလေးစားသွားပြီ " " နောက်ဆုံးအနေနဲ့ မေးမယ်ကွာ မင်းရင်ထဲက ပရဟိတစိတ်နဲ့ပတ်သက်တဲ့ ရင်တွင်းခံစားချက်ရှိရင် အကို့ ကိုပြောပြကွာ " " ဟုတ်ကဲ့အကို ကျွန်တော့် ရင်တွင်းခံစားချက်ဆိုရင်လည်းမှန်တယ် ။ ကျွန်တော့် သင်တန်းဆရာ အကိုကြီးရဲ့ စကားဆိုရင်တော့ပိုမှန်မယ် ။ သူကဘာပြောသလည်း ဆိုတော့ " ပရဟိတ စိတ်ဓါတ်ဆိုတာဟာ အများအကျိုးကို ထမ်းဆောင်ချင်တဲ့ သူတွေရဲ စိတ်ထား တကိုယ်ကောင်းသမားတွေ အတ္တသမားတွေ မှာ မရှိတဲ့စိတ်ဓါတ်ပဲ ကိုယ်အဆင်ပြေရင် ကိုယ့်ဘ၀ပြည့်စုံနေရင် ကိုယ့်လိုပဲ တစ်ခြားသူတွေလည်း အဆင်ပြေပြည့်စုံချင်မှာပဲဆိုတဲ့ အများကိုငဲ့ညှာစာနာတတ်တဲ့သူတွေရဲ့ စိတ်ဓါတ်ကိုခေါ်တာ " ရွာတစ်ရွာ မြို့တစ်မြို့ နိုင်ငံတစ်ခု တည်ထောင်မယ်ဆိုရင် အဲ့ဒီလို အများအကျိုးကြည့်တတ်တဲ့ ပရဟိတစိတ်ရှိတဲ့သူတွေနဲ့ တည်ထောင်မှ အဲ့ဒီ ( ရွာ ။ မြို့ ။ တိုင်းပြည် )တိုးတက်ကြီးပွားမယ် ။အတ္တဟိတဆိုတဲ့ တစ်ကိုယ်ကောင်းသမားတွေ အုပ်ချုပ်လို့ ကတော့ဘယ်တော့မှ အဆင့်အတန်းမြင့်တဲ့ တိုင်းပြည်ဖြစ်လာမှာ မဟုတ်ဘူး။
ဒါကြောင့် မင်းတို့ လိုလူငယ်လေးတွေကို အခုကတည်းက ပရဟိတစိတ်ထားတွေ ပရဟိတလုပ်ငန်းတွေ ဘယ်လိုမွေးမြူလုပ်ကိုင်ဆောင်ရွက်ရမလည်းဆိုတာတွေကို စာတွေ လက်တွေ့ သင်ကြားပေးခဲ့တာပဲ ။ ဒီလိုကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ စိတ်ဓါတ်အဆင့်အတန်းမြင့်မားတဲ့ လူငယ်တွေနဲ့ တည်ဆောက်မှ နောင်တစ်ချိန်မှာ နိုင်ငံတကာ အဆင့်အတန်းမှီတဲ့ အဆင့်မြင့် တိုင်းပြည်ပေါ်ပေါက်လာမှာဖြစ်တယ်။ အဲ့ဒါပဲအကိုသူပြောခဲ့တာ။ " အင်း အကိုတောင်မင်းစကားကြားရတာ ကြက်သီးထမိတယ် ။အေးကွာ မင်းစိတ်ဓါတ်ကို အကိုဂုဏ်ယူ ပါတယ် ။ ဆက်လက် ကျိုးစားပါကွာ အကိုလည်းတစ်ထောင့် တနေရာကနေ ပရဟိတ စိတ်လေးမွေးပြီး ကူညီပါ့မယ်ကွာ ။
အင်းအခုလို အကိုမေးတာတွေကို စိတ်ရှည်လက်ရှည် ပြောပြပေးတဲ့ ညီလေးကို ကျေးဇူးတင်ပါတယ်ကွာ " ထိုသို့ ပြောပြီး ကျွန်တော်က လက်ဆွဲနှုတ်ဆက်လိုက်ပါသည် ။ " ဟုတ်ကဲ့အကို ကျွန်တော်ကလည်း အခုလိုပြောခွင့်ရလို့  ၀မ်းသာပါတယ် " " မင်းနာမည်ပြော ပါဦးကွာ " " အောင်ရဲကျော်ပါ အကို " အင်တာနက်ဆိုင်မှ အပြန်လမ်းတွင် ကျွန်တော်၏ စိတ်ထဲမှ ငါတို့ နိုင်ငံက လူငယ်မောင်မယ် လေးတွေအားလုံး အောင်ရဲကျော်လို ပရဟိတစိတ်ဓါတ်ရှိတဲ့ သူတွေများများ ပေါ်ထွန်းလာကြပါစေ" ဟုသာ ဆုတောင်းလိုက်မိ ပါတော့သည်။


Post by - ကိုမောင်မောင်( ရွှေမြို့တော်) မှသိသမျှ ။


No comments:

Post a Comment