Thursday 17 October 2013

ယုံကြည်၊ နားလည်၊ လေးစားပါ



* တစ်ယောက်နဲ့ တစ်ယောက် ရေရှည် လက်တွဲဖို့၊ တည်တံ့ ခိုင်မြဲဖို့ဆို
တာ“ယုံကြည်မှု”က အခြေခံလိုအပ်ချက် တစ်ခုပဲ။ လူ့ပတ်ဝန်းကျင်နယ်
ပယ်မှာပဲဖြစ်ဖြစ်၊ ချစ်သူ သမီးရည်းစားကြားမှာပဲဖြစ်ဖြစ် “ယုံကြည်မှု” မ
ရှိဘဲ ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

- ဖြစ်နိုင်ဖို့ဆိုတာလည်း တော်တော်လေးခဲယဉ်းတယ်။ ယုံကြည်မှု မရှိ
ဘဲ လက်တွဲနေကြတယ်ဆိုရင်လည်း အပေါ်ယံသက်သက်ဆက်ဆံရေး
ပဲ ဖြစ်နိုင်မယ်။

* နောက်တဆင့်က “နားလည်မှု” ပဲ။ ယုံကြည်တယ်။ သို့သော် တစ်
ယောက်ရဲ့သဘောထားကို တစ်ယောက်က နားလည်မပေးနိုင်ဘူး။

- နားလည်ပေးနိုင်တဲ့ စွမ်းအားလည်း သူ့မှာ မရှိဘူး။ နားလည်ပေးနိုင်
အောင်လည်း မကြိုးစားဘူးဆိုရင်လည်း ပေါင်းသင်းဆက်ဆံရတာ အ
ဆင်မပြေပြန်ဘူး။ ပူလောင်တယ်။ မအေးချမ်းဘူး။

* နောက်ဆုံးအချက်က “လေးစားမှု”ပဲ။ ယုံကြည်တယ်။ နားလည်ပေး
နိုင်တယ်။ ဒါပေမဲ့ “လေးစားမှု” မရှိဘူး။ ဒီလိုဆိုရင်လည်း ဘ၀ဟာ နေ
ရတာ တစ်ခါတစ်လေမှာ သိပ်အဆင်မပြေဘူး။ စိတ် ကသိ ကအောက်
ဖြစ်ရတယ်။

- အမြဲတမ်း လေးလေးစားစား ဆက်ဆံနေရမယ်လို့ ဆိုလိုတာ မဟုတ်
ဘူး။ လေးလေးစားစား ဆက်ဆံ သင့်တဲ့နေရာမှာ

လေးလေးစားစားပဲ
ဆက်ဆံရမယ်ကို ဆိုလိုတာပါ။

- ဒါက ချစ်သူ သမီးရည်းစား ဘ၀မှာ သိပ်ပြီးသိပ်မသိသာပေမဲ့ အိမ်ထောင်
ရေးနယ်ပယ်နဲ့ အခြားလူ့ပတ်ဝန်းကျင်ကဏ္ဍ အသီးသီးမှာ“လေးစားမှု”က အ
လွန်အရေးပါ အရာရောက်တယ်ဆိုတာ ပိုသတိထားမိလာတယ်။

* ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ရေရှည်လက်တွဲချင်တယ်။ ခိုင်
မြဲချင်တယ်။ အဆင်ပြေချင်တယ်။ စိတ်ချမ်းသာချင်တယ်ဆိုရင်တော့ အ
တတ်နိုင်ဆုံး ယုံကြည်မှုရှိပါ။ နားလည်ပါ။ လေးစားပါ။

-“ဌေး”သာမဏေကျော်ဆရာတော်


သိသမျှ ။

1 comment:

  1. သိပ်ကောင်းတဲ့ မှတ်သားစရာ စာလေးပါ။
    ကြိုက်လို့ ဓါတ်ပုံရိုက်ယူသွားတယ်။

    ReplyDelete