Wednesday 23 October 2013

တကယ့် ဥပက္ခာဆိုတာ



ဥပေက္ခာရဲ့ သဘောတရားကို မြန်မာလူမျိုးတွေကအဓိပ္ပါယ်ကောက် လွဲနေတယ်။
မခေါ် မပြော၊ ဂရုမစိုက်ဘဲနေတာကိုဥပေက္ခာလို့  ထင်နေကြတယ်။ အမှန်မှာ
ဥပေက္ခာက မေတ္တာထက်လည်း သာတယ်၊ကရုဏာထက်လည်း သာတယ်။
ဥပေက္ခာဆိုတဲ့  သဘောတရားကလူဆိုတာ သူ့ ကံနဲ့ သူဖြစ်တာ။ဆဲသွားရင်
လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့ ။

ဥပေက္ခာသမားသည် လာရောက်ပြီးတော့ချီးမွမ်းပြီးတော့ အကူအညီပေးရင်လည်း
အော် ဒီကောင်က တော်တယ်၊ ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ်
ဆိုပြီးတော့လည်း ၀မ်းမသာဘူး၊ ဆိုလိုတာက စိတ်ဓါတ်အလွန်တည်ငြိမ်တဲ့ 
ပုဂ္ဂိုလ်အနေအထားမျိုးကိုဥပေက္ခာလို့ ခေါ်တယ်။ စိတ်ဓါတ် အလွန်တည်ငြိမ်တယ်။
စိတ်ဓါတ် တည်ငြိမ်ပြီး လူကို လျစ်လျူမရှုဘူး၊ လူ့ ရဲ့ အပြုအမူကိုသာ လျစ်လျူရှုပြီးလုပ်သင့်တာလုပ်တယ်

ဆိုပါစို့  လူတစ်ယောက် အကူအညီလိုနေတယ်။ ဒုက္ခရောက်နေတယ်။ သို့ သော် သူက ဆဲပြီးတော့ခိုင်းတယ်၊ စိတ်မဆိုးဘူး။ လုပ်ပေးတယ်။တစ်ယောက်က ချော့ပြီးတော့ ခိုင်းတယ်။
ဝမ်းမသာဘူး လုပ်ပေးတယ်။အဲဒါ ဥပေက္ခာ။ ၀မ်းသာတယ်တို့  စိတ်ဆိုးနေတယ်တို့ ဆိုတာက စိတ်မှာ တည်ငြိမ်မှု မရှိတာကို ပြတယ်။
တည်ငြိမ်မှုမရှိတဲ့ သဘောကို ပြနေတာ။

အခု မြန်မာတွေက ဘယ်လို အဓိပ္ပါယ် ကောက်လဲဆိုလို့ ရှိရင်တော့ ဥပေက္ခာဆိုတာ
အေး ကိုယ်နဲ့ မတည့်တဲ့သူ ဒီကောင်မခေါ်မပြောဘဲ နေလိုက်တယ်၊ ဥပေက္ခာပြုထားတယ်
မခေါ်မပြောဘူး၊ စကားလည်းမပြောဘူး၊ သူ့ ဘာမှ မလုပ်ဘူး၊ အဲဒီလို ဥပေက္ခာမျိုး
မဟုတ်ဘူး၊ အဲဒီ ဥပေက္ခာက တစ်မျိုးပါ။ ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။

မွန်မြတ်တဲ့ ဥပေက္ခာဆိုတာ တစ်ဖက်သားလုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊


လုပ်သင့်တာလုပ်တယ်၊ ဒါမှ တကယ့် ဥပေက္ခာ၊ ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊
ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊ လုပ်သင့်တာကို လုပ်ပေးတယ်၊
စိတ်ဓါတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်၊ဒါမှ တကယ့် ဥပေက္ခာ ပါ။

(ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)


(အနှိုင်းမဲ့စာတိုပေစများဘလော့မှ ကူးယူဖော်ပြပါသည် သိသမျှ)

1 comment:

  1. သာဓုပါရှင်။
    ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ ဥပက္ခာ ကို ပြန်လည်ဝေငှနေလိုသည်မှာကြာပါပြီ။
    လုပ်ငန်းအရလည်းကောင်း၊ကျန်းမာရေးအရလည်းကောင်းမရေးဖြစ်ပါ။လူအတော်များများ ဥပက္ခာ ကို တလွဲဂရူမစိုက်ခြင်းနှင့်နားလည်မူလွဲနေကြပါသည်။
    ထို့ကြောင့် အသိတစ်ခုတင်ပေးလိုက်သည့်အတွက် သာဓုခေါ်အပ်ပါသည်။
    မခင်မိုးညို

    ReplyDelete