Wednesday 2 October 2013

တန်ဖိုးရှိတဲ့အမှားများ

တစ်ခါက အက်ဒီဆင်ဟာ လျှပ်စစ်မီးလုံး တီထွင်ဖို့ကြိုးစားတာ အကြိမ်နှစ်ထောင်ကျော်ထိမအောင်မြင်သေးတဲ့အချိန်မှာပေါ့… တပည့်လုပ်သူက ငြီးတွားသတဲ့…
“ ကျနော်တို့ လုပ်နေတဲ့အလုပ်က အလကားပါဗျာ… ခုထိလည်း ဘာမှ မအောင်မြင်သေးဘူး…”
ဆိုတော့ … အက်ဒီဆင်ကတော့ ယုံကြည်မှုအပြည့်နဲ့ ဒီလိုပြန်ပြောလိုက်ပါတယ်…။
“ ဟကောင်ရ …ငါတို့အကြာကြီးလေ့လာခဲ့ပြီးပြီ … အများကြီးလည်း ရှာတွေ့ခဲ့ပြီးပြီ…စမ်းသပ်မှုပေါင်းနှစ်ထောင်ကျော်ကို ငါတို့သိခဲ့ပြီ…အဲဒါတွေဟာ လျှပ်စစ်မီးလုံးကောင်းတစ်ခုဖြစ်ဖို့ အသုံးမဝင်ဘူးဆိုတာ ငါတို့ရှာဖွေတွေ့ရှိခဲ့ပြီးပြီလေကွာ...” တဲ့...။
ကိုယ်ပြုမိမှားခဲ့တဲ့ အမှားတွေဟာတန်ဖိုးရှိပါတယ်…နောင် ဒီလိုအမှားမျိုးထပ်မကြုံအောင် ဆင်ခြင်နိုင်တာပေါ့
အမှားတွေဆိုတာ တနုံ့နုံ့ခံစားနေဖို့မဟုတ်ပါဘူး… အမှားတွေထဲက သင်ခန်းစာယူပါ
 
သိသမျှ ။
 

No comments:

Post a Comment