Tuesday 1 October 2013

ပူပြင်းလှတဲ့ အပူမီး


တစ်စုံတစ်ယောက် (သို့)
တစ်စုံတစ်ခုအပေါ်မှာ
စွဲစွဲလမ်းလမ်းချစ်နေပြီ၊
စွဲစွဲလမ်းလမ်း ငြိကပ်
တပ်မက်နေပြီဆိုရင်……

မရခင်မှာလည်း..
မျှော်လင့်တမ်းတခြင်းတွေနဲ့ ပူလောင်ရပါတယ်။

ရနေဆဲအချိန်တွေမှာလည်း..
သာယာယစ်မူးခြင်းတွေနဲ့
ပူလောင်ရပါတယ်။

ရပြီးလို့ ပျောက်ကွယ်
ပျက်စီးသွားတဲ့အခါမှာလည်း..


ဆွေးမြေ့ကြေကွဲခြင်းတွေနဲ့ပူလောင်ရပါတယ်။

(အရှင်ဆန္ဒာဓိက)

(လမ်းခွဲတာဝမ်းနည်းစရာလား စာအုပ် မှ သိသမျှ )

No comments:

Post a Comment