Tuesday 29 October 2013

တစ်ခါတည်းပါ



ကောင်းတာမှာပဲ ဖြစ်ဖြစ်၊ ဆိုးတာမှာ ဆိုဆို တစ်ခါတည်းက စခဲ့ကြတာပါ
တစ်ခါတည်းဆိုပြီးလုပ်ကြည့်လိုက်တယ်၊ နောက်တဆင့်တက် စွဲလမ်းသွားတယ်၊
ဖြတ်မရတော့ဘူး၊ များသောအားဖြင့် မကောင်းတဲ့ ဘက်မှာပိုပြီး သိသာပါတယ်၊

ကောင်းတဲ့ဘက်မှာကြတော့ တစ်ခါလေးစဖြစ်ဖို့ အကြိမ်ကြိမ်အားယူရပါတယ်၊
အကြိမ်ကြိမ်ကြိုးစားရပါတယ်၊ စမိရင်တော့ တစ်ခါလေးက အကျိုးရှိပါတယ်၊
ဘ၀တစ်လုံးလဲပြောင်းလဲနိုင်ပါတယ်၊
မကောင်းတဲ့ဘက်မှာ အစပျိုးမိရင်တော့ ဘ၀ပျက်တဲ့အထိလဲ ကြုံတွေ့ရနိုင်ပါတယ်၊ဘ၀သေတဲ့အထိလဲ ရင်ဆိုင်တတ်ရပါတယ်၊
ကောင်းတဲ့ဘက်မှာ အစပျိုးမိရင်တော့ ဘ၀ဟာ အများကြီးပြောင်းလဲသွားနိုင်သလို အောင်မြင်မှုတွေနဲ့ဝေဆာတဲ့ တစ်နေ့ကိုရောက်ဖို့ ခြေလှမ်းစတဲ့ နေ့လဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကောင်းတာမှာပဲဖြစ်ဖြစ် ဆိုးတာမှာပဲဆိုဆို တစ်ခါလေးကို သတိကပ်ပြီး
လုပ်ကြည့်ကြပါလို့ တိုက်တွန်းစကားဆိုပါရစေ၊မကောင်းတဲ့ ဘက်မှာအစပျိုးမိသွားရင်လဲ

အမှားနည်းအောင်လို့ပါ၊ ကောင်းတဲ့ဘက်မှာ အစပျိုးမိသွားရင်လဲ ထပ်ဆင့်ထပ်ဆင့် လုပ်ဆောင်နိုင်အောင်လို့ပါ၊

အကောင်းဘက်ကိုပဲ ဦးတည်တဲ့ တစ်ခါလေးများကိုလဲ ခဏတိုင်း ခဏတိုင်း လုပ်မိကြပြီး ထာဝရမြဲသွားအောင် ကြံဆောင်နိုင်ကြပါစေလို့ တိုက်က်တွန်းစကားနဲ့ ဆန္ဒပြုပြောကြားလိုက်ပါရစေ။

ရွှေမန်းသား အရွင္အကုၤရ သိသမွ် ။


No comments:

Post a Comment