Friday 29 November 2013

ကံဆိုတာအလုပ်၊အလုပ်ဆိုတာကံ



လူတစ်ယောက် ရဲ့ဘ၀မှာ
ကံကောင်းတယ်၊ကံမ ကောင်း ဘူးဆိုတာ၊
အတိတ်မှာမိမိပြုလုပ်ခဲ့သော ကောင်းသောအလုပ်၊
မ ကောင်းသောအလုပ်နဲ့သက်ဆိုင် သလို၊
ယခု ဘ၀မှာ မိမိ ပြုလုပ်နေ သော
လုပ်ငန်းတွေနဲ့လည်းသက်ဆိုင် ပါတယ်။

ကံမ ကောင်းဘူးကွာဆိုပြီး
ဘာမှမလုပ်ပဲထိုင် နေလို့က တော့
ကံတရားကသနားလိမ့်မည် မဟုတ်
၊ဆိုးသည်ထက်ဆိုးလာ မှာဖြစ်တယ်။

ကံဆိုတာအလုပ်ဖြစ်သလို
အလုပ်ဆိုတာလည်းကံဖြစ်တယ်။
ဒါကြောင့်.....


ထိုင် နေလို့က တော့ဘယ်တော့မှ
ကံဖြစ်လာမှာမဟုတ်ဘူး။
ကံဆိုတာ အလုပ်လုပ်မှဖြစ်လာခြင်း
သ ဘောရှိတယ်။

(အရှင်ဇနက )

No comments:

Post a Comment