Wednesday 27 November 2013

ရချင်ရင် ပေးပါ


မပေးဘဲ မရချင်ပါနဲ့။ ကိုယ်ကရချင်ရင် ကိုယ်ကအရင် ပေးပြရမှာ ဖြစ်ပါတယ်။ ပေးရတယ်ဆိုတဲ့ စကားက ပေးရင် ရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် ရလာတဲ့ အခါမှာလည်း ကိုယ်ပေးလိုက်တဲ့ အရာနဲ့တန်အောင်တော့ ပြန်ရကြတာပဲ ဖြစ်ပါတယ်။ ဒီပေးခြင်းဟာ ပစ္စည်း ဥစ္စာပေးခြင်းမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထု အသွင်အပြင် အနေအထား အားလုံးနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ကိုယ်ဘာလိုချင်လဲဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်က အပြုံးလိုချင်ရင် ကိုယ်ကအရင် ပြုံးပြရမှာဖြစ်သလို ကိုယ်က အကောင်းကြားချင်ရင်လည်း ကိုယ်ကအရင် အကောင်းပြောပြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင် ကိုယ်ကအရင် အကောင်းဆုံးဖြစ်အောင် ပြုမူနေထိုင် ဆက်ဆံပြရမှာ ဖြစ်ပါတယ်။

အဲ… အဲဒီလို ကိုယ်ကောင်းရဲ့သားနဲ့ သူကမကောင်းဘူးဆိုရင်တော့ ဒါဟာ သူ့အကြောင်းပဲ ဖြစ်ပါတယ်။ သူ့အကြောင်းဟာ သူ့အကျိုးပဲ ဖြစ်တဲ့အတွက် သူ့အကျိုးဟာ ကိုယ့်အဆိုးမဖြစ်ဖို့ ကိုယ်ကောင်းအောင် ကိုယ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကောင်းချင်ရင် ကိုယ်ပြောင်းပြင်ရမှာ ဖြစ်ပြီး

ကိုယ်ကောင်းပြရင်လည်း ကိုယ်ကောင်းရမှာဖြစ်တဲ့အတွက် အကောင်းတွေကို ရချင်ရင် ကိုယ်ကအရင် အကောင်းပေးနိုင်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ သေချာတာကတော့ စေတနာနဲ့ပေးရင် ပေးတာနဲ့အမျှ ရနေကြမှာပဲ ဖြစ်ပါတယ်။

စုစည်းထားမှု = အထွေထွေမှတ်စုများ, တွေးမိသမျှ .........TTK Facebook မှ သိသမျှ ။

No comments:

Post a Comment