Saturday 30 November 2013

ပြီးပြည့်စုံနေတဲ့သူ ဆိုတာ


သူငယ်ချင်း မျက်ရည်တွေနဲ့ ငိုနေတာလား

မငိုပါနဲ့ မျက်ရည်ဆိုတာ ကျရှုံးခြင်းရဲ့အဓိပ္ပါယ်

ဟိုးးး လက်လှမ်းမမှီတဲ့ အထက်ကိုဘဲ မျှော်မကြည့်နဲ့

လောဘတွေကိုတက်စေတယ်

လိုတာမရရင် ဒေါသကိုထွက်စေတယ်

သင်ပိုင်ဆိုင်ထားတဲ့ လက်တစုံက

အမြဲတန်းရယူနေဖို့မဟုတ်ဘူး

စွန့်လွှတ်သင့်အခါ စွန့်လွှတ်ပေးရတယ်။

သင်ပိုင်ဆိုင်ထားတဲ့ ခြေတစုံက

ရှေ့ကိုအမြဲ လှမ်းနေဖို့ ဟုတ်ဘူး

ရပ်တန့်သင့်တဲ့အခါ ရပ်တန့်ပေးရတယ်။

နောက်လှည့်သင့်တဲ့အခါ နောက်ပြန်လှည့်ရတယ်၊

နှလုံးသားမှာ နာကျင်လေသမျှ

မျက်ဝန်းရဲ့တာရိုးကို



ကျော်ဆင်းလာမယ့် မျက်ရည်ကို တားဆီးပေးပါ၊

ဒီလောကမှာ လုံးဝ ပြီးပြည့်စုံနေတဲ့သူ ဆိုတာ မရှိပါဘူး၊

Love Poem

No comments:

Post a Comment