Sunday 1 December 2013

ကိုယ်ချင်းစာနိုင်ကြပါစေ


မိဘဆင်းရဲ လို့ သာသမီးဆင်းရဲတာအပြစ်မှ မဟုတ်တာ
ပလပ်စတစ်ကောက်ပြီ သူဝမ်းစာအတွက်သူရှာ
စားတာပါ အထင်သေးတဲ့ မျက်လုံးတွေ နဲ့ မကြည့်ပ့ါနဲ့  ။

အထင်သေးစရာမှမဟုတ်တာ နောက်တခါ သူကို
ငို အောင်ထပ်မလုပ်ကြပါနဲ့ သူလဲ လူသားထဲကလူတယောက်ပါ ။

ချမ်းသာတဲ့ သူတိုင်းလဲ လူမဆန်တတ်ကြသလို
ဆင်းရဲတဲ့သူတိုင်းလည်းအောက်တန်းမကျပါဘူး ။

လူကအရမ်းချမ်းသာပေမဲ့ စိတ်ဓာတ်ဆင်းရဲတဲ့သူတွေအများကြီးပါ
ဆင်းရဲတဲသူတွေမှာလည်းလူဆင်းရဲပေမဲ့  စိတ်ဓာတ်ချမ်းသာတာတွေ
အများကြီးရှိပါတယ် ။

ပလပ်စတစ်ကောက်တဲ့လက်ဟာ
နောင်တချိန်မှာ စစ်ပွဲတွေ ငြိမ်းချမ်းအောင်မလုပ်နိုင်ဘူးလို့ 
ဘယ်သူပြောနိုင်လဲ ကလောင်တန် ကိုင်ပြီး တိုင်
ပြည်မအုပ်ချုပ်နိုင်ဘူးလို့ရော ပြောနိုင်လား ။

အစွမ်းကုန်ပြောလိုက်မယ်
နောင်တချိန်မှာ သာသနာ့ အာဇာနည်တပါးဖြစ်မလာနိုင်ဘူးလို့ ရော
ဘယ်သူပြောရဲလား ။

လူဟာ သူအကြောင်းတရားနဲ့ သူလာတာပါဘယ်သူကို မှ
အထင်မသေးမိကြပါစေနဲ ။

သိတ်ရှိလို့ လဲ မာန်မတက် နဲ့ ရှိခြင်းရဲ့


နောက်ကွယ်မှာ မရှိခြင်းတွေ
တကောက်ကောက်လိုက်နေတတ်တယ် ။

မရှိလို့ လဲ အားမငယ်နဲ့
မရှိဘူးဆိုတာ မွေးကတဲကပါလာတာမို့ လို့ 
မရှိ ခဏ အတိကျပါဘဲ

ဒါကြောင့်

လူတိုင်းကိုယ်ချင်စာတရားထားနိုင်
ကြပါစေလို့ ဆန္ဒ ပြုရင်း ။

(Writer Pete Cho )
နှလုံးသားအာဟာရ မှ သိသမျှ ။

No comments:

Post a Comment