Monday 2 December 2013

အောင်မြင်ချင်တယ်ဆိုရင်



အောင်မြင်ချင်တယ်ဆိုရင်အောင်မြင်ချင်တယ် ဆိုရင် ရိုးသားမှုတော့ ရှိရမယ်။ အလုပ်တွေဟာ တစ်ခါတစ်လေမှာ လုပ်ချင်စိတ် မရှိအောင် ဖြစ်သွားတတ်တယ်။ အလုပ်တွေ အကုန်လုံး ပြီးသွားမှ ပင်ပန်းတာထက် မလုပ်ခင်မှာ လုပ်ရမယ့် အလုပ်တွေကို ကြည့်ပြီး ပင်ပန်းတာက ပိုဆိုးတယ်။ ဖြစ်ဖူးမှာပါ။

အဲလိုဖြစ်မယ်ဆိုရင် အလုပ်တွေကို အကုန်လုံး ပြီးမြာက်အောင် ဘယ်လိုလုပ်ရမလဲ။ အသေးဆုံးနှင့် အလွယ်ကူဆုံး အလုပ်ကို လုပ်လိုက်ပါ။ အဲလို အသေးဆုံးနှင့် အလွယ်ကူဆုံး အလုပ်ကို စတင်ပြီး လုပ်တာကို လွယ်လွယ် ကူကူနဲ့ အလုပ်တစ်ခုပြီး သွားတယ်ဆိုရင် နောက်လုပ်မယ့် အလုပ်တွေ အတွက် အားအင် တစ်ခု ရသလို ဖြစ်သွားတာပေါ့။

ဘယ်အရာကိုမှ ပုံသေ သတ်မှတ်မထားတာ အကောင်ဆုံးပါ။ ဘာလို့လည်း ဆိုတော့ အရာအားလုံး ပြောင်းလဲ နေလို့ ဖြစ်ပါတယ်။ ဒီနေ့ ဒါကို လုပ်ဖြစ်ရင် နောက်နေ့ကျရင် ဒါကို လုပ်နိုင်မည့် အခြေအနေ မပေးမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ အောင်မြင်ချင်တယ်ဆိုရင် ရည်မှန်းချက် တစ်ခုကို ထားပါ။ ဥပမာ - ပျော်ရွှင်စရာကောင်းသော ဘဝလေး ပိုင်ချင်တယ်။ မိဘတွေကို ပျော်ရွှင်အောင် ထားချင်တယ်။ ပိုက်ဆံ ချမ်းသာရင် ပြီးရော ဆိုတာ တွေက မသေချာတဲ့

ရည်မှန်းချက်တွေ ဖြစ်ပါတယ်။ သေချာအောင် တိတိကျကျ တစ်ခုကို ဦးတည်လိုက်ပါ။ ဥပမာ - ငါ အလုပ်လုပ်နေတဲ့ ရုံးမှာ မန်နေဂျာ ဖြစ်ကိုဖြစ် ရမယ်ပေါ့။

ကျော်လင်းနိုင် မှ သိသမျှ ။

No comments:

Post a Comment